Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ခံတွင်းနံ့ဆိုးခြင်း ဆေးခန်း

    ဝန်ဆောင်မှုများ
    ဆရာဝန်များ

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ခံတွင်းနံ့ဆိုးခြင်း (halitosis) သည် မိမိကိုယ်ကို ယုံကြည်မှုမရှိစေသည့်အပြင် စိုးရိမ်ပူပန်စိတ်အထိပင် ဖြစ်စေနိုင်ပါသည်။

    ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ ခံတွင်းနံ့ဆိုးခြင်းသည် လျှာအနောက်ဘက်ပိုင်းရှိ အဖြူဖက်နေရာမှတဆင့် အနံ့ဆိုးထွက်ခြင်းဖြစ်ပါသည်။ ခံတွင်းအနံ့ဆိုးသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကော်ဖီကဲ့သို့သော အချို့သော အစားအစာများ စားခြင်းနှင့် မနက်အိပ်ရာထခါစအချိန်တွင် ထွက်နိုင်ပါသည်။ 

    ရောဂါတစ်ခုခုကြောင့် ခံတွင်းနံ့ဆိုးခြင်းသည် ထိုရောဂါ၏ ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်သလို ရောဂါကြောင့် ခံတွင်းနံ့ ပိုဆိုးစေခြင်းလည်း ဖြစ်နိုင်ပါသည်။

    ခံတွင်းနံ့ဆိုးခြင်း အကြောင်းရင်းများ

    (၁) ပါးစပ်နှင့်ခံတွင်းဆိုင်ရာအကြောင်းရင်း – ခံတွင်းနံ့ဆိုးခြင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပါးစပ်နှင့် ခံတွင်းမှ ပြဿနာများကြောင့်ဖြစ်ပါသည်။ ပါးစပ်အတွင်းပိုင်းတွင် ဘက်တီးရီးယားများ စုလာပြီး အထူးသဖြင့် အောက်ဆီဂျင် မလိုသော ဘက်တီးရီးယားများ စုပုံလာရာမှ သွားချေးများ နှင့် သွားဂျိုးများ ဖြစ်ပေါပြီး ခံတွင်းနံ့ဆိုးများ ဖြစ်စေပါသည်။

    (၂) ပါးစပ်၊ ခံတွင်းပြင်ပအခြားအကြောင်းရင်း – ထိပ်ကပ်နာ၊ အာသီးရောင်ခြင်း၊ လေချဉ်တက်ခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အစာချေမှုစနစ် မူမမှန်မှုတို့ကြောင့် ခံတွင်းအနံ့ဆိုးနိုင်ပါသည်။ 

    လျှာရှိ သွားချေးလွှာသည် ခံတွင်းနံ့ဆိုး၏ အဓိကအရင်းအမြစ်ဖြစ်ပြီး အောက်ဆီဂျင်ရရန် ခက်သောနေရာများတွင် ဘက်တီးရီးယားပိုးများ ပေါက်ပွားပြီး လျှာတွင် သွားချေးလွှာဖြစ်ကာ ခံတွင်းနံ့ဆိုးစေပါသည်။ 

    ခံတွင်းနံ့ဆိုးခြင်းရှိ/မရှိ စစ်ဆေးခြင်း

    (၁) မိမိကိုယ်တိုင်စစ်ဆေးခြင်း – ခံတွင်းသန့်ရှင်းရေးအတွက် ကိုယ်တိုင်စစ်ဆေးမှုအနေဖြင့် လျှာထိပ်ကို ပလတ်စတစ်ဇွန်းဖြင့်ခြစ်ပြီး အနံ့ခံကြည့်နိုင်ပါသည်။ အနံ့ဆိုးသည်ဟု ခံစားရပါက လိုအပ်သော သန့်ရှင်းရေးနှင့် ကုသမှုယူရန် အကြံပြုအပ်ပါသည်။

    (၂) ခံတွင်းသန့်ရှင်းရေးစစ်ဆေးခြင်း – ခံတွင်းရောဂါရှာဖွေရန်အတွက် အသုံးပြုသည့်ကိရိယာများစွာရှိပါသည်။ နည်းပညာတစ်ခုမှာ Gas Chromatography ဖြစ်ပြီး ပါးစပ်မှ ရှူထုတ်သောလေတွင် အဓိက ဆာလ်ဖာဓာတ် ၃ ခုဖြစ်သော hydrogen sulfide, methyl mercaptan, dimethyl sulfide မော်လီကျူးပမာဏကို တိုင်းတာခြင်းဖြစ်သည်။ ၎င်းသည် အသက်ရှူထုတ်သောလေတွင် ပါဝင်သော ဆာလ်ဖာကို ကွန်ပျူတာတွင် ဂရပ်ပုံစံဖြင့် တွေ့မြင်နိုင်သောကြောင့် တိကျသောအဖြေကို ရရှိစေပါသည်။

    ကုသမှု

    ခံတွင်းနံ့ဆိုးခြင်းကို ကုသရန် ခံတွင်းသန့်ရှင်းရေး စနစ်တကျပြုလုပ်ပြီး ခံတွင်းနံ့ဆိုးစေသော အကြောင်းရင်းကို ဖယ်ရှားရပါမည်။ ပါးစပ်တွင်း ဘက်တီးရီးယားများ ပေါက်ပွားပြီး သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်းတို့မဖြစ်စေရန် သွားပွတ်ကြိုးကို အသုံးပြုကာ ခံတွင်းသန့်ရှင်းရေးလုပ်ရပါမည်။ ကျန်းမာရေးနဲ့ ညီညွတ်သော သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များစားခြင်း၊ ရေဓာတ်ပြည့်ဝနေဖို့ နေ့စဉ်လိုအပ်သောရေပမာဏသောက်ခြင်း၊ စိတ်ဖိစီးမှုကင်းအောင်နေထိုင်ခြင်း၊ လုံလောက်စွာ အနားယူခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိပ်တန်းရောက်အောင် ပြုမူနေထိုင်သင့်ပါသည်။

    သွားဖက်ဆိုင်ရာအထူးကုဆရာဝန် – Dr. Mantharop Chaimusig

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ခံတွင်းနံ့သင်းပျံ့ဆေးခန်း

    နေ့စဉ် မနက် ၉ နာရီ မှ ည ၈ နာရီ

    (+66) 2755 1335

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်