Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အူမကြီးနှင့်အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်း

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    အကျဉ်း

    လိပ်ခေါင်းရောဂါကုသမှုနည်းလမ်းများ

    လိပ်ခေါင်းရောဂါအဆင့်အမျိုးမျိုးအတွက် ကုသမှု

    ခွဲစိတ်ပြီး အချိန်တိုအတွင်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ဘန်ကောက်ဆေးရုံကြီး၏ အူမကြီးနှင့် အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်းတွင် အူမကြီးနှင့် အစာဟောင်းအိမ် လုပ်ငန်းဆောင်တာ ပုံမှန်မဟုတ်သော ရောဂါအမျိုးမျိုးဖြစ်သည့် အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ၊ အူရောင်ရောဂါ (Inflammatory bowel disease)၊ အူလမ်းကြောင်းရှိ တစ်သျှူးများရောင်ရမ်းရောဂါ (Crohn's disease)၊ အူမကြီးတွင်အနာဖြစ်၍ရောင်ခြင်း (Ulcerative colitis)၊ အူလမ်းကြောင်းတွင် အရည်အိတ်တည်ခြင်း (Diverticulosis)၊ အစာဟောင်းအိမ်လမ်းကြောင်းကျွံခြင်း (Rectal prolapse)၊ ၀မ်းမထိန်းနိုင်ခြင်း၊ ၀မ်းချုပ်ခြင်းနှင့် စအိုကွဲနာ (Anal fissures)၊ ဂရင်ဂျီနာ (Anal fistulas)၊ လိပ်ခေါင်းရောဂါ စသည့် လူနာများအတွက် ဆွေးနွေးကုသပေးလျက် ရှိပါသည်။

    ဘန်ကောက်ဆေးရုံကြီး၏ အူမကြီးနှင့် အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်းတွင် အူမကြီးနှင့် အစာဟောင်းအိမ် လုပ်ငန်းဆောင်တာ ပုံမှန်မဟုတ်သော ရောဂါအမျိုးမျိုးဖြစ်သည့် အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ၊ အူရောင်ရောဂါ (Inflammatory bowel disease)၊ အူလမ်းကြောင်းရှိ တစ်သျှူးများရောင်ရမ်းရောဂါ (Crohn’s disease)၊ အူမကြီးတွင်အနာဖြစ်၍ရောင်ခြင်း (Ulcerative colitis)၊ အူလမ်းကြောင်းတွင် အရည်အိတ်တည်ခြင်း (Diverticulosis)၊ အစာဟောင်းအိမ်လမ်းကြောင်းကျွံခြင်း (Rectal prolapse)၊ ၀မ်းမထိန်းနိုင်ခြင်း၊ ၀မ်းချုပ်ခြင်းနှင့် စအိုကွဲနာ (Anal fissure)၊ ဂရင်ဂျီနာ (Anal fistula)၊ လိပ်ခေါင်းရောဂါ စသည့် လူနာများအတွက် ဆွေးနွေးကုသပေးလျက် ရှိပါသည်။

    အူမကြီးကင်ဆာ ကြိုတင်ကာကွယ်စစ်ဆေးခြင်းအတွက်လည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

    ဘန်ကောက်ဆေးရုံကြီး၏ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် လူနာအတွက် ဦးစားပေးစဉ်းစားသော စစ်ဆေးကုသမှုဖြင့် အကောင်းမွန်ဆုံး စောင့်ရှောက်ကုသမှုပေးလျက်ရှိပါသည်။ အူမကြီး‌နှင့်အစာဟောင်းအိမ်ရောဂါအမျိုးမျိုးကို အချိန်တိုအတွင်း မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေရန် အဆင့်မြင့်နည်းပညာများ၊ လူနာများ သက်တောင့်သက်သာရှိစေရန် ကမ္ဘာ့အဆင့်မီ၀န်ဆောင်မှုများနှင့်အတူ ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်များအဖွဲ့မှ ကုသပေးလျက်ရှိပါသည်။ 

    ကုသမှုနှင့် ၀န်ဆောင်မှုများ 

    အူမကြီးနှင့်အစာဟောင်းအိမ်ကင်ဆာစစ်ဆေးခြင်း

    အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ၀န်ဆောင်မှုများ 

    • အသေးငယ်ဆုံးသော ခွဲစိတ်ရာဖြင့် အူမကြီးနှင့်အစာဟောင်းအိမ် ခွဲစိတ်ကုသမှု (Minimally Invasive Colorectal Surgery)
    • အူမကြီးမှန်ပြောင်းကြည့်ခြင်း (Advanced Colonoscopy) 
    • စအိုနှင့်အူမကြီး စွမ်းဆောင်နိုင်ရည် စစ်ဆေးခြင်း (Anorectal Physiology Laboratory)

    ဝမ်းဗိုက်မှ ခွဲစိတ်ခြင်း

    • စအို၀ကြွက်သားကို မထိခိုက်စေဘဲ ခွဲစိတ်ခြင်း (Sphincter saving surgery)
    • မှန်ပြောင်းဖြင့် အူကျခြင်းကို ခွဲစိတ်ခြင်း (Laparoscopic Hernia Surgery)
    • မှန်ပြောင်းဖြင့် အူသိမ်ပိုင်းနှင့် အူမကြီးအား ခွဲစိတ်ခြင်း (Laparoscopic Ileocolectomy)
    • မှန်ပြောင်းဖြင့် အစာဟောင်းအိမ်လမ်းကြောင်းကျွံခြင်းအား ခွဲစိတ်ပြုပြင်ခြင်း (Laparoscopic Rectopexy)
    • ခွဲစိတ်မှုပြုလုပ်ထားပြီးသော အစာဟောင်းအိမ်အား ထပ်မံခွဲစိတ်ခြင်း (Re-Do Rectal Surgery)
    • အညစ်အကြေးစွန့်ရန် ၀မ်းဗိုက်တွင် အူအပေါက်ဖောက်ခြင်း (Fecal Diversion)
    • အစာဟောင်းအိမ်လမ်းကြောင်းကျွံခြင်းအား ခွဲစိတ်ပြုပြင်ခြင်း (Rectopexy)
    • မှန်ပြောင်းဖြင့် အူမကြီးအား ခွဲစိတ်ခြင်း (Laparoscopic Proctosigmoidectomy) 
    • မှန်ပြောင်းဖြင့် အူမကြီးအောက်ပိုင်း၊ အစာဟောင်းအိမ်နှင့် စအိုကို ခွဲစိတ်ခြင်း (Laparoscopic Abdomino-Perineal Resection)

    စအိုလမ်းကြောင်းမှ ခွဲစိတ်ခြင်း 

    • ၀မ်းမထိန်းနိုင်ခြင်းအတွက် စအိုဝကြွက်သားအားခွဲစိတ်ကုသမှု (Sphincteroplasty) 
    • လိပ်ခေါင်းဖြတ်ခြင်း (Hemorrhoidectomy) 
    • လိပ်ခေါင်းသွေးကြောထုံးအား stapler ဖြင့် ကုသခြင်း (Stapled Hemorrhoidectomy)
    • အတွင်းလိပ်ခေါင်းအား ခကုသခြင်း (Transanal Hemorrhoidal Dearterialization) 
    • စအိုကြွက်သား ကျုံ့နိုင်ဆန့်နိုင်ရန်အတွက် ကိရိယာငယ်တပ်ဆင်ခြင်း (Artificial Bowel Sphincter Implantation)
    • ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းတို့ မဖြစ်စေရန် အာရုံကြောလှုံ့ဆော်သော ကိရိယာငယ်တပ်ဆင်ခြင်း (Sacral Nerve Stimulator Implantation) 
    • စအိုကွဲကြွက်သားအား ခွဲစိတ်ပြုပြင်ခြင်း (Sphincterotomy) 

    အူလမ်းကြောင်းမှန်ပြောင်းကြည့်ပြီး ကုသခြင်း

    • အူမကြီးမှန်ပြောင်းကြည့်ခြင်း (Flexible Sigmoidoscopy)
    • အူလမ်းကြောင်းရှိ အလုံးအကျိတ် ဖြတ်ထုတ်ခြင်း (Advanced Polypectomy)

    အခြားခွဲစိတ်ကုသမှုများ

    • စအိုအား ခွဲစိတ်ပြုပြင်ခြင်း (Anoplasty)
    • မြီးညှောင့်ရိုး/ တင်ပါးဆုံတဝိုက်ရှိ အရည်အိတ်အား ခွဲစိတ်ဖယ်ထုတ်ခြင်း (Surgery for Pilonidal Cyst) 
    • ၀မ်းမထိန်းနိုင်ခြင်းကို ဇီ၀ကမ္မဖြစ်စဥ်အတိုင်း ပြန်လည်ကောင်းမွန်လာအောင်ပြုပြင်ခြင်း (Biofeedback for Fecal Incontinence)
    • ၀မ်းချုပ်ခြင်းကို ဇီ၀ကမ္မဖြစ်စဉ်အတိုင်း ပြန်လည်ကောင်းမွန်လာအောင်ပြုပြင်ခြင်း (Biofeedback for Constipation)
    • စအိုကြွက်သား လုပ်ဆောင်ချက်စစ်ဆေးခြင်း (Anal Electromyography) 
    • စအိုမှ‌ဆေးရည်ထည့်၍ ၀မ်းသွားရင်း ဓာတ်မှန်ရိုက်ခြင်း (Defecography)
    • ၀မ်းမထိန်းနိုင်ခြင်းအတွက် အာရုံကြောစစ်ဆေးခြင်း (Pudendal Nerve Terminal Motor Latency)
    • အူမကြီးလုပ်ဆောင်ချက် စစ်ဆေးခြင်း (Colonic Transit Study)
    • စအိုလမ်းကြောင်းအား အာထရာဆောင်းရိုက်ခြင်း (Endo-Anal Ultrasonography)

    ကုသမှုနည်းပညာများ

    • အူမကြီးအား မှန်ပြောင်းဖြင့် စစ်ဆေးကုသခြင်း (Colonoscopy)
    • ဝမ်းချုပ်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းအတွက် အစာဟောင်းအိမ်နှင့် စအိုကို စစ်ဆေးခြင်း (Anorectal Manometry) 
    • တင်ပါးဆုံတွင်းကြွက်သားများကို အာထရာဆောင်းအသံလှိုင်းဖြင့် စစ်ဆေးပြီး ကုသခြင်း (Transanal Ultrasonography TRUS) 
    • ဝမ်းမထိန်းနိုင်ခြင်းမဖြစ်စေရန် အာရုံကြောလှုံ့ဆော်သော ကိရိယာငယ်တပ်ဆင်ပြီး ကုသခြင်း (Sacral Neuromodulation Therapy) 
    • THD ကုထုံးဖြင့် လိပ်ခေါင်းကုသခြင်း (Transanal Hemorrhoidal Dearterialization)  
    • အဆင့်မြင့်ခွဲစိတ်မှုလိုအပ်သော ဂရင်ဂျီနာကို ဗီဒီယိုတပ်ဆင်ထားသော မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Video-Assisted Anal Fistula Treatment VAAFT)

     

    LINE CENTER ID: @BHQSurgery

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    အူမကြီးနှင့်အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်း

    ပထမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၅ နာရီ

    (+66) 2310 3000

    (+66) 2310 3002

    (+66) 2755 1002

    [email protected]

    @BHQSurgery

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    အူမကြီးနှင့်အစာဟောင်းအိမ်ခွဲစိတ်မှုအူမကြီးနှင့်အစာဟောင်းအိမ်ခွဲစိတ်မှု
    အူမကြီးနှင့်အစာဟောင်းအိမ်ခွဲစိတ်မှု

    အသေးစိတ်
    ခွဲစိတ်မှုအမျိုးမျိုးခွဲစိတ်မှုအမျိုးမျိုး
    ခွဲစိတ်မှုအမျိုးမျိုး

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်