Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရေးစင်တာ

    ဝန်ဆောင်မှုများ
    ရောဂါများနှင့်ကုသမှု

    အကျဉ်း

    ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရွှေ့ပြောင်းခြင်းနှင့် မိမိတို့၏နေရပ်သို့ပြန်ပို့ခြင်း

    COVID-19 ကပ်ရောဂါကာလအတွင်း ရွှေ့ပြောင်းနိုင်သော negative pressure သီးသန့်အခန်းကိုအသုံးပြု၍ ဆေးဘက်ဆိုင်ရာရွှေ့ပြောင်းဝန်ဆောင်မှုများ

    Patient Testimonial

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    COVID-19 ကပ်ရောဂါကာလအတွင်း ရွှေ့ပြောင်းနိုင်သော negative pressure သီးသန့်အခန်းကိုအသုံးပြု၍ ဆေးဘက်ဆိုင်ရာရွှေ့ပြောင်းဝန်ဆောင်မှုများ

    ကိုဗစ်–၁၉ လူနာ သို့မဟုတ် ကိုဗစ်–၁၉ သံသယလက္ခဏာရှိသော လူနာများအတွက် negative pressure သီးသန့်ခန်းသုံး၍ ရဟတ်ယာဉ်ဖြင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ခြင်းဝန်ဆောင်မှုများ (SKY ICU) ကို ထိုင်းနိုင်ငံ၏ပထမဆုံးပုဂ္ဂလိကဆေးရုံအဖြစ် BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးစင်တာမှ  ပို့ဆောင်ပေးနေပါပြီ။ ကိုဗစ်–၁၉ ကပ်ရောဂါအတွက် စဉ်းစားရာတွင် တစ်ကိုယ်ရည်သုံးကာကွယ်ရေးပစ္စည်း အပြည့်အစုံ (PPE) အပါအဝင် နိုင်ငံတကာစံနှုန်းများအတိုင်း တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ အတွေ့အကြုံရင့်ကျက်ပြီး လေ့ကျင့်ထားသော လေကြောင်းသမားတော်များ၊ သူနာပြုများ၊ လေကြောင်းညှိနှိုင်းရေးမှူးများနှင့် လေကြောင်းအထူးကုဆရာဝန်များသည် လူနာများလိုအပ်သည့်အချိန်တွင် သီးသန့်လေကြောင်းဖြင့် စီစဉ်ရွှေ့ပြောင်းနိုင်ပါသည်။

    ကိုဗစ်–၁၉ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများနှင့် ဘေးကင်းစေရေးမူဝါဒများအရ ကိုဗစ်လူနာများကို လေကြောင်းဖြင့်လွှဲပြောင်းရာတွင် negative pressure သီးသန့်အခန်းကိုအသုံးပြု၍ လွှဲပြောင်းပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ အသိအမှတ်ပြုလေကြောင်းအဖွဲ့၏ ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် အနီးကပ်စီမံခန့်ခွဲပေးမည်ဖြစ်ပါသည်။ .

    လူနာတင်ယာဉ်များနှင့် ရွေ့လျား ICU ခန်းများအပါအဝင် မြေပြင်မှ ရွှေ့ပြောင်းမှုများသည် လူနာများကို သတ်မှတ်ထားသော ဆေးရုံများသို့ ပို့ဆောင်ရန်အတွက် အဆင်သင့်ပြင်ဆင်ထားသည့် ပြယှဒ်တစ်ခုဖြစ်ပါသည်။ အဆင့်မြင့် ဆေးဘက်ဆိုင်ရာကယ်ဆယ်ခြင်းနည်းပညာနှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများဖြင့် ပံ့ပိုးထားပြီး ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း အပါအဝင် သယ်ယူပို့ဆောင်ရေး ပုံစံအားလုံးကို အလွယ်တကူဆောင်ရွက်နိုင်ပါသည်။ 

    ၎င်းတို့တွင် 

    • မြေပြင်လူနာတင်ယာဉ်များနှင့် မိုဘိုင်း ICU 
    • လေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် လေယာဉ်များ 
    • Rotary-wing လေယာဉ်များ ဥပမာ လေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်များ 

    PICNP
    PICNP
    PICNP

    ကမ္ဘာတစ်ဝှမ်းရှိ လူများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့် ကိုဗစ်–၁၉ အကျပ်အတည်းများကြားတွင် ကိုဗစ်–၁၉ လူနာ သို့မဟုတ် ကိုဗစ်–၁၉ ရောဂါပိုးရှိနိုင်ချေရှိသော လူနာများအား ပို့ဆောင်ရာ၌ ရောဂါကူးစက်ခြင်းမှကာကွယ်ရန် လေကြောင်းဆေးဘက်ဆိုင်ရာ ပို့ဆောင်ရွှေ့ပြောင်းခြင်းဆိုင်ရာ စံသတ်မှတ်ချက်များဖြင့် အထူးအလေးပေးဆောင်ရွက်ပါသည်။ ဘန်ကောက်ဆေးရုံကြီး၏ ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေးဌာန၊ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဌာနနှင့် ထိုင်းနိုင်ငံမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) တို့၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်–၁၉ လူနာသာမက တီဘီရောဂါလူနာနှင့် အခြားလေမှတဆင့် ကူးစက်တတ်သောရောဂါရှိသူများကို  ရွှေ့ပြောင်းပို့ဆောင်ရာတွင် negative pressure သီးသန့်ခန်းဖြင့် ပို့ဆောင်ပါသည်။ ။ 

    PICNP
    PICNP
    PICNP

    BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရေးစင်တာသည် ကိုဗစ်–၁၉ ရောဂါပိုးကူးစက်မှုအပါအဝင် အရေးပေါ်အခြေအနေ လူနာများအတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာ ရွှေ့ပြောင်းခြင်းဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးရန် အဆင်သင့်ရှိနေပါသည်။ ထိုင်းနိုင်ငံတွင်သာမက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကိုလည်း အိမ်နီးချင်းနိုင်ငံများသို့ တိုးချဲ့ထားပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လေကြောင်းလမ်းတစ်လျှောက် အတွေ့အကြုံရှိပြီး လက်မှတ်ရလေကြောင်းအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် လူနာများအား အချိန်မီ အရေးပေါ်စောင့်ရှောက်မှုခံယူရန် အနီးစပ်ဆုံးဆေးရုံများသို့ စနစ်တကျနှင့် လျင်မြန်စွာလွှဲပြောင်းပေးနိုင်ရန်ဖြစ်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရေးစင်တာ

    Hotline: 1724

    (+66) 2226 4565

    International calls: +662-BANGKOK (+662-2264565)

    [email protected]

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်