Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အမျိုးသမီးကျန်းမာရေးစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စောင့်ရှောက်မှု

    အမျိုးသမီးများအတွက်ကျန်းမာရေးစောင့်ရှောက်မှု

    မိခင်နို့တိုက်ကျွေးရေး‌ဆးခန်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အမျိုးသမီးများအတွက်ကျန်းမာရေးစောင့်ရှောက်မှု 
    การดูแลสุขภาพสตรี

     

    အမျိုးသမီးများ သိထားသင့်သည့် အရာတွေက ဘာတွေလဲ။

    အမျိုးသမီးများတွင် အသက်အရွယ်တိုင်း အထူးသဖြင့် အသက် ၃၀ ကျော်အရွယ်တွင် မျိုးဆက်ပွားကျန်းမာရေးပြဿနာများ ပိုမိုဖြစ်ပွားနိုင်ပါသည်။ 

    သားအိမ်တွင် အလုံးတည်ခြင်း၊ သားဥအိမ်တွင် အရည်အိတ်များရှိခြင်း၊ သားအိမ်၏အတွင်းဘက် နံရံထူခြင်းတို့သည် အမျိုးသမီးများတွင် အဖြစ်များကြပါသည်။ စာရင်းအချက်အလက်များအရ အမျိုးသမီး ၁၀ ယောက်တွင် ၃ ယောက်သည် သားအိမ်တွင်အလုံးတည်ခြင်း ဖြစ်ပေါ်တတ်ပြီး ထိုသူများ၏ ၃၀% သည် ခွဲစိတ်ရန် လိုအပ်ပါသည်။


    အရည်အိတ် (သို့) သားဥအိမ်တွင်အရည်အိတ်တည်ခြင်း 

    သားဥအိမ်တွင်အရည်အိတ်တည်ခြင်းသည် အလွန်အဖြစ်များပြီး များသောအားဖြင့် မည်သည့်လက္ခဏာမှ မပြတတ်ပါ။ ငယ်ရွယ်သော အမျိုးသမီးများတွင် အရည်အိတ်အများစုမှာ အန္တရာယ်မဖြစ်ဘဲ ပျောက်ကွယ်သွားတတ်သော်လည်း သွေးဆုံး‌ပြီးသောအမျိုးသမီးများတွင်မူ သားဥအိမ်အရည်အိတ်သည် ကင်ဆာဖြစ်နိုင်ချေရှိပါသည်။  ထို့ကြောင့် ပုံမှန်စစ်ဆေးရန် အရေးကြီးလှပါသည်။

    ဖြစ်ပွားစေသောအကြောင်းအရင်းများ – သားဥအိမ်အတွင်းရှိ အိတ် (follicle ဟုလဲခေါ်ဆိုပါသည်) သည် မပေါက်ပြဲဘဲ မ မျိုးဥထွက်လာသောအခါတွင် အရည်အိတ် (cyst) ဖြစ်ပေါ်လာနိုင်ပါသည်။ follicle သည် နဂိုအတိုင်းရှိနေပြီး အရည်အိတ်ကို ဆက်လက်ကြီးထွားလာ‌စေပါသည်။

    ရောဂါလက္ခဏာများ – အရည်အိတ်သည် သေးငယ်နေပါက မည်သည့်လက္ခဏာမှ မပြနိုင်ပါ။  အချို့အမျိုးသမီးများတွင် ဝမ်းဗိုက်အောက်ပိုင်း၌ တင်းမာခြင်း သို့မဟုတ် သက်တောင့်သက်သာ မရှိခြင်း တို့ကို ခံစားရနိုင်ပါသည်။ ၀မ်းဗိုက်စူထွက်လာခြင်းနှင့် လိင်ဆက်ဆံစဉ် နာကျင်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါသည်။ သို့သော်လည်း နာကျင်မှုပိုမို ပြင်းထန်လာသော လက္ခဏာများရှိပါက အရည်အိတ်ပေါက်ပြဲသွားတာဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

    သားအိမ်အတွင်းနံရံရှိ တစ်သျှူးများကြီးထွားခြင်း (Adenomyosis)

    သားအိမ်အတွင်းနံရံရှိ တစ်သျှူးများသည် ကြွက်သားနံရံအတွင်းသို့ ကြီးထွားလာသောအခါတွင် ၎င်းသည်နာတာရှည် ရောင်ရမ်းခြင်းနှင့် သားအိမ်နံရံထူလာခြင်းဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် သားအိမ်အရွယ်အစားကြီးမားလာခြင်း Adenomyosis ကို ဖြစ်ပေါ်စေပါသည်။

    ဖြစ်ပွားစေသောအကြောင်းအရင်းများ – မည်သည့်အကြောင်းရင်းကြောင့်ဖြစ်သည်ကို သေချာစွာမသိသော်လည်း မျိုးရိုးလိုက်ခြင်း ဖြစ်နိုင်ပါသည်။ အချို့သောလူနာများတွင်  ယခင်က ခွဲစိတ်မှုပြုလုပ်ဖူးခြင်း သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ အမျိုးသမီးဟိုမုန်း အီစရိုဂျင် (estrogen) ပမာဏ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

    ရောဂါလက္ခဏာများ – ပင်ပေါင်ဘောလုံးအရွယ်ရှိ သွေးခဲတုံးကြီးများနှင့်အတူ ရာသီသွေးအဆင်းများခြင်းသည် Adenomyosis ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ၀မ်းဗိုက်ပိုနာလာခြင်း၊ မကြာခဏ ဆီးသွားခြင်းတို့သည် ဆီးအိမ်ဘက်သို့ ထိုးထွက်ကြီးထွားလာနေခြင်းကို ညွှန်ပြနေပါသည်။ 

    ချောကလက်အရည်အိတ် (Chocolate Cyst)

    ရာသီစက်၀န်း တစ်ခုချင်းစီသည် သားအိမ်၏ အတွင်းအလွှာကို ကွာကျစေပါသည်။ ထိုသားအိမ်အတွင်းအလွှာသည် နေရာလွဲပြီး သားအိမ်အပြင်ဖက် သားဥအိမ် သို့မဟုတ် သားဥပြွန်များတွင် သားအိမ်တစ်သျှူးများတည်ရှိနေခြင်းကို endometriosis ဟုခေါ်သည်။ Chocolate cyst သည် endometriosis ကြောင့်ဖြစ်ပေါ်လာသော အရည်အိတ်ဖြစ်ပြီး ၎င်း၏အမည်မှာ အရည်ပျော်သည့် ချောကလက်နှင့်တူသော ရာသီသွေးဟောင်းနှင့် တစ်သျှူးများပါဝင်သော အညိုရောင်အရည်များပြည့်နေတတ်သောကြောင့် Chocolate cyst ဟုခေါ်ကြပါသည်။ 

    ဖြစ်ပွားစေသောအကြောင်းအရင်းများ – တစ်ခါတစ်ရံတွင် ရာသီသွေးသည် သားဥပြွန်ထဲသို့ နောက်ပြန်စီးသွားနိုင်ပြီး ပိတ်မိသွားတတ်သည်။ Chocolate cyst များကို တွေ့ရလေ့ရှိသောနေရာအများစုမှာ တင်ပါးဆုံတွင်း၊ သားဥအိမ်၊ သားဥပြွန်၊ တင်ပါးဆုံတွင်းကြမ်းပြင်ကြွက်သား၊ သားအိမ်နှင့် သားအိမ်ခေါင်းတို့ဖြစ်ပါသည်။

    ရောဂါလက္ခဏာများ – ၎င်းတွင်  ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း၊ တင်ပါးဆုံတွင်း နာကျင်ခြင်း သို့မဟုတ်  လိင်ဆက်ဆံစဥ် နာကျင်ခြင်းတို့ ပါဝင်ပါသည်။  ချောကလက်အရည်အိတ်များသည် မျိုးမအောင်ခြင်း၊ ကလေးမရနိုင်ခြင်း ကို ဖြစ်စေနိုင်ပါသည်။

    သားအိမ်တွင်အလုံးတည်ခြင်း 

    သားအိမ်အလုံးများသည် သားအိမ်နံရံနှင့် သားအိမ်၏အတွင်းအလွှာအပါအဝင် တင်ပါးဆုံတွင်းနေရာများတွင် ဖြစ်ပေါ်‌နိုင်ပြီး အန္တရာယ်မဖြစ်စေနိုင်သော ကြီးထွားလာသောအလုံးသာဖြစ်ပါသည်။ အချို့သော သားအိမ်အလုံးများသည် ကလေးမရနိုင်ခြင်းနှင့် သူ့အလိုလို ကိုယ်၀န်ပျက်ကျနိုင်ချေကို မြင့်မားစေနိုင်ပါသည်။

    ဖြစ်ပွားစေသောအကြောင်းအရင်းများ – အကြောင်းအရင်းရှင်းရှင်းလင်းလင်း မသိရသေးသော်လည်းအမျိုးသမီးဟိုမုန်း အီစရိုဂျင်မညီမျှခြင်းသည် အလုံးကြီးထွားမှုကို ဖြစ်စေနိုင်ပါသည်။ အ၀လွန်သောအမျိုးသမီးများတွင် ဖြစ်နိုင်ချေပိုများပါသည်။

    ရောဂါလက္ခဏာများ – သွေးခဲများနှင့်အတူ ရာသီသွေးလွန်ကဲစွာဆင်းခြင်း၊ ရာသီစက်ဝန်း တစ်ပတ်ထက်ပိုကြာခြင်း၊နာကျင်ကိုက်ခဲခြင်း သို့မဟုတ် သွေးတစ်စက်စက်ဆင်းနေခြင်းနှင့် မကြာခဏ ဆီးသွားခြင်းတို့သည် ‌ရောဂါလက္ခဏာအားလုံးဖြစ်ကြပါသည်။ သို့သော်လည်း အချို့သောလူနာများတွင် အဆိုပါလက္ခဏာများ မပြပါ။

    တင်ပါးဆုံတွင်း ကပ်ငြိခြင်း (Pelvic Adhesion)

    Pelvic adhesion သည် တင်ပါးဆုံဧရိယာအတွင်း အထူးသဖြင့် သားဥပြွန်၊ သားဥအိမ်၊ သို့မဟုတ် သားအိမ်စသည့်နေရာများတွင် အမာရွတ်တစ်သျှူးများဖြင့် ကပ်ငြိနေခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေသည် သားသမီးမရနိုင်ခြင်းကို ဖြစ်စေနိုင်ပြီး နေ့စဉ်နေထိုင်မှုဘဝကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

    ဖြစ်ပွားစေသောအကြောင်းအရင်းများ – သားဥပြွန် သို့မဟုတ် သားအိမ်ကဲ့သို့သော တင်ပါးဆုံတွင်းရှိ အင်္ဂါများသည် ရောင်ရမ်းခြင်း သို့မဟုတ် နာတာရှည်ပိုးဝင်ခြင်းဖြစ်ပြီး အတွင်းအင်္ဂါအချင်းချင်းကပ်တွယ်မှုကို ဖြစ်စေပါသည်။ သားအိမ်အတွင်း ပုံမှန်မဟုတ်သောကြီးထွားမှု သို့မဟုတ် ယခင် တင်ပါးဆုံတွင်း ခွဲစိတ်မှုသည်လည်း အမာရွတ်တစ်သျှူးကို ဖြစ်စေပါသည်။

    ရောဂါလက္ခဏာများ – ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ စူးစူးရှရှနာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊  ဝမ်းချုပ်ခြင်း၊ မကြာခဏဆီးသွားခြင်း၊  ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ နောက်ကျောမှ ခြေ‌ထောက်အထိ ကိုက်ခဲခြင်း၊ တင်ပါးဆုံအတွင်းပိုင်းရောင်ပြီး ဖျားခြင်း၊ မိန်းမကိုယ်မှအဖြူဆင်းခြင်း။ 

    ပုံမှန်မဟုတ်သော သန္ဓေသားဆဲလ်ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သော အရည်အိတ်တည်ခြင်း (Dermoid Cyst)

    Dermoid cyst သည် မည်သည့်လက္ခဏာမှ မပြတတ်သော်လည်း အရွယ်အစားကြီးပါက နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ပေါက်ထွက်နိုင်ချေရှိသောကြောင့် သားဥအိမ်ထုတ်ပစ်သည်အထိ လိုအပ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပွားပါက ထိုသို့သော ခွဲစိတ်မှုသည် ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေကို မြင့်စေပါသည်။

    ဖြစ်ပွားစေသောအကြောင်းအရင်းများ –  အဆီဆဲလ်များ၊ ဆံပင်၊ အရိုးနု သို့မဟုတ် သွားများ ဖြစ်လာစေရန် လှုံ့ဆော်ပေးနိုင်သောဆဲလ်များသည် မွေးဖွားချိန်မှစ၍ သားဥအိမ်အတွင်း တည်ရှိနေခြင်းကြောင့်ဖြစ်သည်။ Dermoid cyst ကို လိင်ဆက်ဆံမှုမပြုဖူးသေးသော အမျိုးသမီးငယ်များသို့မဟုတ် ရာသီစက်ဝန်းမစသေးသော မိန်းကလေးငယ်များတွင်ပင် တွေ့ရှိနိုင်သည်။

    ရောဂါလက္ခဏာများ – နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်မချင်း သတိပြုရလောက်အောင် လက္ခဏာများမရှိပါ။အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာများမှာ အရည်အိတ်လိမ်ခေါက်ခြင်း၊ ပေါက်ပြဲခြင်းများပါ၀င်ပြီး ၀မ်းဗိုက်အောက်ပိုင်း ဘယ်ဘက် သို့မဟုတ် ညာဘက်တွင် နာကျင်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ထိုနေရာများသို့ ဖိအားသက်ရောက်စေသောအခါ နာကျင်ခြင်း၊ ပျို့အန်ခြင်း နှင့် ဖျားခြင်းတို့ဖြစ်စေနိုင်ပါသည်။ ပြည်တည်ခြင်းနှင့် သားဥအိမ်ထုတ်ခြင်းမဖြစ်စေရန် အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ပါသည်။


    ခွဲစိတ်ဒဏ်ရာအနည်းဆုံးဖြင့် အဆင့်မြင့်ခွဲစိတ်နည်းပညာ 

    အမျိုးသမီးတစ်ဦးသည် တင်ပါးဆုံတွင်းပြဿနာများ ခံစားရသောအခါ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်‌စေနိုင်ပါသည်။  ရာသီစက်ဝန်းအတွင်း နာတာရှည် ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းသည် အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် အနှောင့်အယှက်ဖြစ်စေပါသည်။ တိကျမှန်ကန်သောရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် အမျိုးသမီးတို့၏ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးပါလိမ့်မည်။

    အမျိုးသမီးမျိုးပွားအင်္ဂါများသည် ရှုပ်ထွေးပြီး ထိလွယ်ခိုက်လွယ်ပါသည်။ တိကျသောနည်းပညာသည် လူနာ၏ဘဝအရည်အသွေးကို မြှင့်တင်ရန် ကူညီပါလိမ့်မည်။ ခွဲစိတ်ဒဏ်ရာအနည်းဆုံးဖြင့် အဆင့်မြင့်ခွဲစိတ်မှုတွင် ဝမ်းဗိုက်အတွင်း ကြီးမားသောခွဲစိတ်မှုများမလိုအပ်ဘဲ ခွဲစိတ်ကိရိယာများနှင့်အတွင်းအင်္ဂါများကို သုံးဖက်မြင် 3D ဖြင့် ကြည့်ရှုနိုင်ပြီး 4K အရည်သွေးမြင့် ကင်မရာထည့်နိုင်ရန်အတွက်  ၅ – ၁၀ မီလီမီတာရှိ သေးငယ်သောခွဲကြောင်း ၃ – ၄ ခုသာ အသုံးပြုပါသည်။ ဤနည်းပညာအတွက် အထူးလေ့ကျင့်သင်ကြားထားသော အတွေ့အကြုံရှိခွဲစိတ်ဆရာဝန်အဖွဲ့သည် အမာရွတ်နှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကိုလျှော့ချရန် ခွဲစိတ်မှုကို တိကျထိရောက်စွာ လုပ်ဆောင်နိုင်ပါသည်။ ထို့အပြင် လူနာများသည် တစ်ပတ်အတွင်း ပိုမိုလျင်မြန်စွာ နာလန်ထနိုင်ပြီး စိုးရိမ်စရာမရှိဘဲ ပုံမှန်လူ‌နေမှုဘဝသို့ ပြန်လည်‌ရောက်ရှိနိုင်ပါသည်။


    အမျိုးသမီးကျန်းမာရေးစင်တာ “အမျိုးသမီးနှင့်ကလေးများ ကျန်းမာရေးအတွက်ဂုရု“

    အမျိုးသမီးကျန်းမာရေးစင်တာသည် အမျိုးသမီးများ နေ့စဉ်ကျန်းမာသောဘ၀နေထိုင်မှုဖြစ်စေရန် အဆင်သင့်ဖြစ်နေပါပြီ။  ကျွန်ုပ်တို့၏သားဖွားမီးယပ်အထူးကုဆရာဝန်များသည် သားအိမ်၊ သားဥအိမ်နှင့် အခြားကိုယ်တွင်းအင်္ဂါများကို စစ်ဆေးရန် တင်ပါးဆုံတွင်း စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီးနောက် ဆွေးနွေးအကြံပြုချက်များ ပေးလျက်ရှိပါသည်။ တင်ပါးဆုံတွင်းကျန်းမာရေးနှင့် အခြားကျန်းမာရေးပြဿနာများအတွက် နှစ်စဉ် ကျန်းမာရေးစစ်‌ဆေးမှုပြုလုပ်ရန် အကြံပြုပါသည်။ ယနေ့ပဲ ဆွေးနွေးအကြံပြုချက်များရယူရန် အမျိုးသမီးကျန်းမာရေးစင်တာသို့ သွားရောက်ပြသလိုက်ပါ။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    အမျိုးသမီးကျန်းမာရေးစင်တာ

    ဒုတိယထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဥ် မနက် ၈ နာရီ မှ ည‌‌ ၈ နာရီ

    (+66) 2310 3005

    (+66) 2755 1005

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    အမျိုးသမီးမီးယပ်ဆိုင်ရာခွဲစိတ်မှုအမျိုးမျိုးအမျိုးသမီးမီးယပ်ဆိုင်ရာခွဲစိတ်မှုအမျိုးမျိုး
    အမျိုးသမီးမီးယပ်ဆိုင်ရာခွဲစိတ်မှုအမျိုးမျိုး

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်