Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    သွားနှင့်ခံတွင်းစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း

    အကျဉ်း

    Dental Services

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ကြေညာချက်

    ဘန်ကောက်ဆေးရုံကြီး၏ သွားနှင့်ခံတွင်းဆေးခန်းတွင် ပြသမည့် လူနာများအတွက် လမ်းညွှန်ချက်

    ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကို မကူးစက်နိုင်သောရောဂါအဖြစ် ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း ကြေညာထားပါသည်။

    ထို့ကြောင့် ဘန်ကောက်ဆေးရုံကြီး၏ သွားနှင့်ခံတွင်းဆေးခန်းတွင် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ထားပါသည်။

    (၁) သွားနှင့်ခံတွင်းဆေးခန်း အဝင်ပေါက်တွင် အပူချိန်တိုင်းတာမှုကို ဖယ်ရှားထားပါသည်။

    (၂) သွားဆေးခန်းတည်ရှိရာအဆောက်အအုံ ပထမထပ်ရှိ ကိုဗစ်–၁၉ ATK စစ်ဆေးရာနေရာ မရှိတော့ပါ။

    (၃) အကယ်၍ သင်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့မိခြင်း သို့မဟုတ် ထိတွေ့ခဲ့သည်ဟု ယူဆပါက ကျွန်ုပ်တို့၏ သွားဘက်ဆိုင်ရာဝန်ထမ်းများကို ချက်ချင်းအကြောင်းကြားပါ။

    (၄) အသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် ပတ်သက်သောလက္ခဏာများရှိပါက သွားဆရာဝန်၏ ဆုံးဖြတ်ချက်အတိုင်း သွားနှင့်ခံတွင်းဆိုင်ရာစစ်ဆေးကုသမှုများကို ဆောင်ရွက်ပါမည်။

    ဤလမ်းညွှန်ချက်ကြေညာချက်သည် အောက်တိုဘာလ ၁ ရက် ၂၀၂၂ ခုနှစ်မှ စတင်သက်ရောက်ပါသည်။

    သင့်အပြုံးကို ပြန်လည်ရရှိရန် ပြုပြင်ကုသပေးခြင်း

    ပြီးပြည့်စုံသော သွားဘက်ဆိုင်ရာ စောင့်ရှောက်မှုဖြင့် သက်ဝင်လှပသောအပြုံးကိုဖန်တီးပါ။

     

    ကျန်းမာလှပသောအပြုံးသည် ကျန်းမာသန့်ရှင်းသောသွားနှင့်ခံတွင်းမှ ဆင်းသက်လာပါသည်။

    ပြီးပြည့်စုံသော သွားနှင့်ခံတွင်းစောင့်ရှောက်မှုသည် မတူညီသောအသက်အုပ်စုနှင့် တစ်ဦးချင်းစီအတွက် အသင့်တော်ဆုံးဖြစ်ရန် စီစဉ်ထားပါသည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် မှန်ကန်သော သွားညှိခြင်းသည် အနာဂတ်ကာလလုပ်ငန်းခွင်တွင် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန် မရှိမဖြစ် လိုအပ်ပါသည်။ သက်ကြီးရွယ်အိုများတွင် သွားနှင့်ခံတွင်းစောင့်ရှောက်မှုကို ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် အသက်အရွယ်ကြီးခြင်းနှင့် ဆက်စပ်နေသော သွားနှင့်ခံတွင်းဆိုင်ရာပြဿနာများမဖြစ်အောင် ကာကွယ်ခြင်းတို့ဖြင့် စောင့်ရှောက်ပေးပါသည်။ ဘန်ကောက်ဆေးရုံကြီး၏ သွားနှင့်ခံတွင်းဆေးခန်းတွင် အတွေ့အကြုံရင့်ကျက်သော သွားအထူးကုဆရာဝန်များနှင့် အဆင့်မြင့်သွားဘက်ဆိုင်ရာနည်းပညာဖြင့် ဘက်စုံသွားဘက်ဆိုင်ရာစောင့်ရှောက်ကုသမှုအဖွဲ့မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

    ဘန်ကောက်ဆေးရုံကြီး၏ သွားဘက်ဆိုင်ရာဌာနတွင် သွားနှင့်ခံတွင်းစောင့်ရှောက်မှုအတွက် ထိရောက်မှုရှိပြီး ပြည့်စုံသောကုသမှုပေးလျက်ရှိပါသည်။ အရည်အသွေးအမြင့်ဆုံးသော စောင့်ရှောက်မှုများကို ရရှိရန် အဖွဲ့လိုက်လုပ်ဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုင်ပင်ဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်ပါသည်။

    ပြီးပြည့်စုံသော အရည်အသွေးမြင့်မားသော သွားဘက်ဆိုင်ရာစောင့်ရှောက်မှုကို ပေးဆောင်ရန် ရည်ရွယ်ထားသောကြောင့် ကျွန်ုပ်တို့၏စင်တာသည် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းကျန်းမာရေးဝန်ဆောင်မှုပေးသူများအတွက် ရွှေစံနှုန်းအဖြစ် အသိအမှတ်ပြုထားသော အမေရိကန်အခြေစိုက် Joint Commission International (JCI) မှ နိုင်ငံတကာအသိအမှတ်ပြုရရှိပြီးဖြစ်ပါသည်။

    သွားဘက်ဆိုင်ရာအထူးကျွမ်းကျင်သူ အရေအတွက် ၁၀၀ ကျော်ရှိသော ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် အောက်ပါဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။

    Pediatric Dentistry Fresh Breath Clinic Services

    သွားဘက်ဆိုင်ရာအထူးကုစင်တာ

    ဘန်ကောက်ဆေးရုံကြီး၏ သွားနှင့်ခံတွင်းစင်တာသည် အရည်အချင်းပြည့်မီပြီး အတွေ့အကြုံရှိသော အထူးကုဆရာဝန်များမှ သွားဘက်ဆိုင်ရာအတွက် စောင့်ရှောက်ကုသပေးပါသည်။  နောက်ဆုံးပေါ်သွားဘက်ဆိုင်ရာနည်းပညာများကို အသုံးပြု၍ ဘက်စုံသွားဘက်ဆိုင်ရာစောင့်ရှောက်မှုကို ရရှိစေရန်အတွက် သွားနှင့်ခံတွင်းဆိုင်ရာ အထူးပြုမှု နယ်ပယ်တိုင်းမှ ကျွင်းကျင်ပညာရှင်များမှ အသင်းအဖွဲ့တစ်ခုအနေဖြင့် အလေးပေးဆောင်ရွက်ပါသည်။


    LINE DENTAL CENTER ID : @BHQDental

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    သွားနှင့်ခံတွင်းစင်တာ

    ဒုတိယထပ်၊ သွားဘက်ဆိုင်ရာဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၉ နာရီ မှ ည ၈ နာရီ

    (+66) 2755 1335

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    @BHQDental

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်