Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    မျိုးပွားခြင်းဆိုင်ရာဆေးပညာစင်တာ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    လုပ်ထုံးလုပ်နည်းအခန်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    မျိုးပွားခြင်းဆိုင်ရာဆေးပညာတွင် လိင်ပညာပေးခြင်း၊ အပျိုဖော်ဝင်ခြင်း၊ အိမ်ထောင်တစ်ခုတွင် သားသမီးယူမည့် မိသားစုစီမံကိန်း၊ သားဆက်ခြားခြင်း၊ သားသမီးမထွန်းကားခြင်း၊ (လိင်မှတဆင့် ကူးစက်တတ်သောရောဂါများအပါအဝင်) မျိုးပွားအဖွဲ့အစည်း၏ပုံမှန်လုပ်ဆောင်မှုကို ထိခိုက်စေသောရောဂါများတို့ ပါဝင်ပါသည်။ ဓမ္မတာလာခြင်း၊ သားဥကြွေခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် သွေးဆုံးခြင်းဆိုင်ရာ ကိစ္စများသည်လည်း ဤဆေးပညာတွင် ပါဝင်ပါသည်။

    ကိုယ်ဝန်ရရှိရန် ခက်ခဲနေခြင်းကို ရောဂါတစ်ခုဟု မယူဆသော်လည်း စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများသည် အမျိုးသမီး/ အမျိုးသား သို့မဟုတ် ဇနီးမောင်နှံနှစ်ဦးစလုံးအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။

    ဘန်ကောက်ဆေးရုံကြီးတွင် အမျိုးသားအမျိုးသမီးစုံတွဲများ၊ မိသားစုဝင်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပံ့ပိုးကူညီမှုအဖွဲ့များ၊ တစ်ဦးချင်းကျန်းမာရေးစစ်‌ဆေးခြင်းနှင့် ကုသမှုများအတွက် မျိုးပွားမှုဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

    စင်တာတွင် အောက်ပါ ပြည့်စုံသော မျိုးပွားမှုဆိုင်ရာနည်းပညာများနှင့် ဝန်ဆောင်မှုများရရှိနိုင်ပါသည်။

    – သားအိမ်အတွင်းသို့ သုတ်ရည် ထည့်သွင်းပေးခြင်း (Intrauterine Insemination/ IUI) 

    သည် အရိုးရှင်းဆုံးနှင့် ကုန်ကျစရိတ်အသက်သာဆုံးသော နည်းလမ်းဖြစ်သည်။ သုတ်ရည်များကို ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီး သုတ်ရည်ကြည်မှ အရည်အသွေးကောင်းမွန်သော သုတ်ပိုးများကိုခွဲထုတ်ကာ သားအိမ်အတွင်းထည့်ခြင်းဖြင့် သုတ်ပိုးဆဲလ်အရေအတွက် အများဆုံးဖြစ်စေသောကြောင့် သန္ဓေတည်ရန် အခွင့်အလမ်းများစေပါသည်။

    • Gamete Intrafallopian Transfer (GIFT) 
    • GIFT နည်းလမ်းသည် မျိုးဥများကို အမျိုးသမီး၏ သားဥအိမ်မှ ထုတ်ယူပြီး အမျိုးသား၏သုတ်ပိုးနှင့်အတူ သားဥပြွန်တစ်ခုတွင် ပြန်ထည့်ကာ သန္ဓေအောင်စေပါသည်။ ထိုနည်းလမ်းသည် အမျိုးသမီးတွင် သန္ဓေအောင်မှုကိုမြင့်မားစေနိုင်ပါသည်။
    • Zygote Intrafallopian Transfer (ZIFT) 
    • ZIFT နည်းလမ်းသည် GIFT နည်းလမ်းနှင့်ဆင်တူပြီး မွေးလမ်းကြောင်းမှ သန္ဓေသားလောင်းထည့်ရန်ခက်သောအခြေအနေတွင် အသုံးပြုနိုင်သောနည်းလမ်းဖြစ်သည်။ မမျိုးဥဆဲလ်များကို အမျိုးသမီး၏သားဥအိမ်မှ ထုတ်ယူပြီး ဖန်ပြွန်အတွင်း သန္ဓေအောင်စေပြီးနောက် ရရှိလာသော မျိုးအောင်သန္ဓေကို အန္တရာယ်အနည်းဆုံး ခွဲစိတ်မှုအသေးစားဖြင့် သားအိမ်ပြွန်အတွင်းသို့ ပြန်ထည့်ပေးပါသည်။  ဤနည်းပညာသည် အလွန်အောင်မြင်မှုနှုန်းများသောနည်းဖြစ်ပါသည်။
    • ဖန်ပြွန်သန္ဓေသားနည်းပညာ (In Vitro Fertilization/ IVF) 
    • ဖန်ပြွန်သန္ဓေသားနည်းပညာ (IVF) သည် အခြားမျိုးပွားမှုဆိုင်ရာနည်းပညာများဖြင့် ကိုယ်ဝန်မဆောင်နိုင်သူများတွင် ကြိုးစားနိုင်သော အောင်မြင်မှုများသောနည်းပညာ ဖြစ်သည်။ အမျိုးသား၏သုတ်ပိုးနှင့် အမျိုးသမီး၏မျိုးဥများကို အမျိုးသမီး၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ပေါင်းစပ်ပြီး သန္ဓေအောင်စေခြင်းဖြစ်ပါသည်။ အဆိုပါနည်းပညာသည် မျိုးဥ‌ကြွေခြင်းဖြစ်စဉ်ကို ဟော်မုန်းဆေးဖြင့် ထိန်းချုပ်ကာ အမျိုးသမီး၏သားဥအိမ်မှ မျိုးဥများကိုထုတ်ယူပြီး သုတ်ပိုးများနှင့် ဓာတ်ခွဲခန်းတွင် သန္ဓေအောင်စေပါသည်။ ထို့နောက် မျိုးအောင်လာသောသန္ဓေသားကို  အမျိုးသမီး၏သားအိမ်တွင်း ထည့်ပေးပြီး အောင်မြင်သော ကိုယ်၀န်ဆောင်ခြင်းကို ရရှိစေပါသည်။
    • မမျိုးဥတွင်းသို့ သုတ်ပိုးတိုက်ရိုက်ထိုးသွင်းသန္ဓေအောင်စေနည်း (Intracytoplasmic Sperm Injection/ ICSI) 
    • မမျိုးဥတွင်းသို့ သုတ်ပိုးတိုက်ရိုက်ထိုးသွင်းသန္ဓေအောင်စေနည်း (ICSI) သည် ဖန်ပြွန်သန္ဓေသားနည်းတစ်မျိုးဖြစ်ပြီး သုတ်ပိုးတစ်ကောင်ကို မမျိုးဥထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်းဖြစ်သည်။ ဤနည်းကို အမျိုးသားတွင် သုတ်ပိုးအရေအတွက် အလွန်နည်းခြင်း သို့မဟုတ် သုတ်ပိုးလှုပ်ရှားမှုအလွန်နည်းသောအခြေအနေတွင်သုံးရန် အကြံပြုပါသည်။ 
    • သုတ်ပိုးအေးခဲခြင်း
    • အထူးဓာတ်ခွဲခန်း
      • သန္ဓေသားလောင်းဓာတ်ခွဲခန်း
    • သန္ဓေသားလောင်းကို ဓာတ်ခွဲခန်းတွင် ကြီးထွားစေခြင်း (Blastocyst culture)
    • သန္ဓေသားလောင်း၏အပြင်ဘက်ဆုံးလွှာကို လေဆာဖြင့် အပေါက်ငယ်ဖြစ်အောင် ပြုလုပ်ပေးပြီးမှ မိခင်၏ သားအိမ်အတွင်းသို့ ပြန်ထည့်ပေးခြင်း (Laser Assisted Hatching)
      •       Andrology ဓာတ်ခွဲခန်း၊ သုတ်ပိုးဓာတ်ခွဲခန်း      
    • သုတ်ရည်စစ်ဆေးခြင်း။
    • သုတ်ပိုးစစ်ဆေးရာတွင် တိကျသောအဖြေရရှိစေရန် ကွန်ပျူတာစနစ်ဖြင့် စစ်ဆေးခြင်း (Computer Aided Sperm Analysis/ CASA)
    • သုတ်ပိုးလှုပ်ရှားမှုကို စစ်ဆေးတွက်ချက်ခြင်း (Sperm Kinematic)
    • သုတ်ပိုး၏ပုံသဏ္ဌာန် (Sperm Morphology)
    • သုတ်ပိုးရွေးချယ်ခြင်း (Sperm Selection)

    ဆရာဝန်ကြီးများသည် အမျိုးသားနှင့် အမျိုးသမီးများတွင် မျိုးပွားခြင်းဆိုင်ရာ အခက်အခဲကို ရှာဖွေစစ်ဆေးရာတွင် အောက်ပါအကြောင်းရင်း ၃ ခုကို ဂရုပြုစစ်ဆေးပါသည်။

    (၁) မျိုးဥ မကြွေခြင်း

    (၂) သားဥပြွန်ပိတ်ခြင်း (Fallopian Tube Obstruction) နှင့် သားအိမ်တစ်သျှူးနေရာလွဲမှားစွာရှိခြင်း (Endometriosis)

    (၃) အမျိုးသားများတွင် သုတ်ပိုးနည်းခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    မျိုးပွားခြင်းဆိုင်ရာဆေးပညာစင်တာ

    တနလႅာနေ့ မှ စနေနေ့ ထိ မနက် ၈ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3014

    (+66) 2310 3015

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်