Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ဆီးချို၊သိုင်းရွိုက်နှင့်ဟော်မုန်းစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    အကျဉ်း

    စစ်ဆေးကုသနည်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ဆီးချို‌ရောဂါ၊ သိုင်းရွိုက်နှင့် ဟော်မုန်းစင်တာ

    ဆီးချိုရောဂါအတွက် အကောင်းဆုံးသော ကုသမှုရလဒ်သည် အထူးကုဆရာဝန်များမှ လူနာများ မိမိကိုယ်ကို မည်ကဲ့သို့အကောင်းဆုံးစောင့်ရှောက်ရမည်ဆိုသော နည်းလမ်းများကို လမ်းညွှန်ပေးခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းပေါ်တွင် မူတည်ပါသည်။ 

    ဘန်ကောက်ဆေးရုံကြီး၏ ဆီးချို‌ရောဂါ၊ သိုင်းရွိုက်နှင့် ဟော်မုန်းစင်တာတွင် ထိုရောဂါလူနာများ လိုအပ်သောအချက်အလက်များကို လမ်းညွှန်ပေးပြီး ကျွမ်းကျင်သော အထူးကုဆရာဝန်များမှ စောင့်ရှောက်ကုသမှုပေးလျက်ရှိပါသည်။ ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ၊ pituitary ဦးနှောက်ဂလင်းနှင့်ဆိုင်သောရောဂါ၊ သွေးတွင်းအဆီဓာတ်ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ကယ်လ်စီယမ်ဓာတ်ချို့တဲ့ခြင်းနှင့် အရိုးပွရောဂါ စသည့်ရောဂါများကို ကုသဝန်ဆောင်မှုပေးပါသည်။

    ဆီးချို‌ရောဂါ၊ သိုင်းရွိုက်နှင့် ဟော်မုန်းစင်တာ၏ဝန်ဆောင်မှုများ

    (၁) ဆီးချိုရောဂါနှင့် ဇီဝကမ္မဖြစ်ပျက်မှု မူမမှန်မှုများအတွက် သမားတော်များ၊ သူနာပြုများ၊ ဆီးချိုအထူးကုဆရာဝန်များ၊ အာဟာရပညာရှင်များ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ရန် ကူညီလမ်းညွှန်သူများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ခြေထောက်ပိုင်းဆိုင်ရာအထူးကုဆရာဝန်များမှ အကောင်းဆုံး ကုသမှုပေးလျက်ရှိပါသည်။

    (၂) သွေးစစ်ဆေးမှုများကို မြန်ဆန်တိကျသော ရောဂါရှာဖွေစစ်ဆေးခြင်းဓာတ်ခွဲခန်းတွင် သွေးတွင်းရှိသကြားဓာတ်ပမာဏတိုင်းတာခြင်း၊ သွေးတွင်းရှိအဆီပမာဏတိုင်းတာခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း၊ ယူရစ်အက်စစ်ပမာဏစစ်ဆေးခြင်း စသည့် စစ်ဆေးတိုင်းတာမှုများကို အချိန်တိုတွင်း ရရှိစေရန် ဆောင်ရွက်ပေးပါသည်။

    စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် ပျမ်းမျှအားဖြင့် အချိန် (၇) မိနစ်ခန့်သာကြာမြင့်ပါသည်။

    (၃) ဆီးချိုဝေဒနာရှင်များအတွက် ABI စက်ကို အသုံးပြု၍ ခြေကျင်းဝတ်ရှိသွေးဖိအားနှင့် လက်မောင်းရှိသွေးဖိအားကို တိုင်းတာနှိုင်းယှဉ်ပြီး ခြေလက်များတွင် သွေးကောင်းစွာလျှောက်ခြင်းရှိ/ မရှိ စစ်ဆေးပါသည်။

    (၄) ဆီးချိုရောဂါ၏နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ကုသမှုအတွက် ဆီးတွင်ပရိုတင်းဓာတ်ရှိ/မရှိစစ်ဆေးခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ သွေးသကြားဓာတ်ပမာဏကိုစစ်ဆေးခြင်း (HbA1C) စသည်တို့ကို စစ်ဆေးပြီး လိုအပ်ပါက နှလုံး၊ ကျောက်ကပ်၊ ခွဲစိတ်ဆိုင်ရာ၊ ခြေထောက်ပိုင်းဆိုင်ရာ စသည့် သက်ဆိုင်ရာအထူးကုဆရာဝန်များသို့ လွှဲပြောင်းပြီး စစ်ဆေးကုသပါသည်။

    (၅) ဆီးချိုဝေဒနာရှင်များ၏ ဆွေမျိုးသားချင်းများကိုလည်း ဆီးချိုရောဂါမဖြစ်မီ သိသင့်သောအချက်အလက်များကို မျှဝေခြင်း၊ OGTT နှင့် သွေးတွင်းသကြားဓာတ်ပမာဏကိုစစ်ဆေးခြင်း စသည့် ဆီးချိုရောဂါအတွက်စစ်ဆေးမှုများဖြင့် စောင့်ရှောက်ပေးလျက်ရှိပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ဆီးချို၊သိုင်းရွိုက်နှင့်ဟော်မုန်းစင်တာ

    ဒုတိယထပ်၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2755 1129

    (+66) 2755 1130

    (+66) 2755 1697

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    လည်ပင်းကြီးရောဂါစစ်ဆေးခြင်း ပက်ကေ့ချ်လည်ပင်းကြီးရောဂါစစ်ဆေးခြင်း ပက်ကေ့ချ်
    လည်ပင်းကြီးရောဂါစစ်ဆေးခြင်း ပက်ကေ့ချ်

    3,000 ဘတ်

    အသေးစိတ်
    ဆီးချိုရောဂါစစ်ဆေးခြင်း ပက်ကေ့ချ်ဆီးချိုရောဂါစစ်ဆေးခြင်း ပက်ကေ့ချ်
    ဆီးချိုရောဂါစစ်ဆေးခြင်း ပက်ကေ့ချ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်