Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်စင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ဓာတ်မတည့်မှုစစ်ဆေးခြင်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ဘန်ကောက်ဆေးရုံ ရှိ ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်စင်တာတွင် ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်ဆိုင်ရာ အရွယ်အမျိုးမျိုးလူနာများအတွက် ရောဂါရှာဖွေခြင်း၊ ဆေးဝါးများဖြင့်ကုသခြင်း၊ ခုခံအားကုထုံးဖြင့် ကုသခြင်း၊ အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပညာပေးခြင်းနှင့် အသေးစိတ်စောင့်ကြည့်ခြင်းများဖြင့် စောင့်ရှောက်ကုသပေးလျက်ရှိပါသည်။ စင်တာတွင် အရည်အချင်းပြည့်၀ပြီး အတွေ့အကြုံရှိသော ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်ဆိုင်ရာအထူးကုဆရာဝန်များမှ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကုသပေးနေပါသည်။ 

    မည်သည့်အချိန်တွင် ဓာတ်မတည့်မှုဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသသင့်သနည်း။ 

    (၁) အအေးမိခြင်းကို မကြာခဏ ခံစားရခြင်း။ 

    (၂) မကြာခဏ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ အထူးသဖြင့် ရာသီဥတုပြောင်းလဲသောအခါ လည်ချောင်းအတွင်း ယားယံခြင်း သို့မဟုတ် ချွဲသလိပ်များရှိခြင်း။ 

    (၃) မကြာခဏ အသက်ရှူရခက်ခြင်း၊ ထိပ်ကပ်နာနှင့် ပိုးဝင်ခြင်း။ 

    (၄) ခေါင်းကိုက်ခြင်းနှင့် အအေးမိ၍ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်း။ 

    (၅) အကြောင်းရင်းမသိဘဲ နာတာရှည် အဖုအပိန့်များ သို့မဟုတ် အင်ပျဉ်များထွက်ခြင်း။  

    (၆) အထူးသဖြင့် ညဘက် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးနောက်တွင် ပန်းနာရင်ကြပ်၏ သတိပေးလက္ခဏာများဖြစ်သည့် အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်တွင်ကြပ်၍နေရခက်ခြင်း၊ အသက်ရှူကြပ်ခြင်း/ အသက်ရှူရာတွင် တရွှီရွှီအသံမြည်ခြင်း၊ ချောင်းဆိုးခြင်း။ 

    (၇) ပန်းနာရင်ကြပ်ရောဂါကို ခံစားနေရပြီး ကုသမှုခံယူနေရသော်လည်း တိုးတက်မှုမရှိဘဲ ရောဂါလက္ခဏာများ မကြာခဏ ပြန်ဖြစ်နေခြင်း။ 

    (၈) အစားအသောက် သို့မဟုတ် ဆေးဝါးများနှင့် မတည့်ခြင်း။ 

    (၉) Antihistamine (သို့) ဆရာဝန်ညွှန်ကြားထားခြင်းမဟုတ်သော ဆေးဝါးများကို သောက်သောအခါတွင် ရောဂါလက္ခဏာများ ကျန်နေခြင်း သို့မဟုတ် ဆေး၏ဆိုးကျိုးလက္ခဏာများဖြစ်သည့် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို ခံစားရခြင်း။ 

    (၁၀) ဆေးဖက်ဝင်အပင်များနှင့် macrobiotic diet စားသုံးခြင်း၊ အပ်စိုက်ကုထုံး သို့မဟုတ် အနှိပ်ကုထုံးများပြုလုပ်သော်လည်း ထိရောက်သောရလဒ်များ မရရှိခြင်း။ 

    ဘန်ကောက်ဆေးရုံ၏ ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်စင်တာမှ ဝန်ဆောင်မှုများ 

    ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်ရောဂါသည် အလွန်ရှုပ်ထွေးသောရောဂါဖြစ်သည်။ ဖြစ်စေသောအကြောင်းရင်းများသည် အသက်အရွယ်၊ ရောဂါလက္ခဏာများနှင့် ရောဂါအမျိုးအစားအလိုက် ကွဲပြားပါသည်။ သာမန်နေ့စဉ်လူနေမှုဘ၀ကို အနှောင့်အယှက်ဖြစ်စေသည့် အပျော့စားအမျိုးအစားများ နှင့် အလွန်ပြင်းထန်ပြီး အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်အမျိုးအစားများရှိပါသည်။ ထို့ကြောင့် ဘန်ကောက်ဆေးရုံရှိ ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်စင်တာတွင် အောက်ပါ ဝန်ဆောင်မှုများရရှိနိုင်ပါသည်။ 

    • ဓာတ်မတည့်မှုရှာဖွေစစ်ဆေးခြင်း (Allergy Test) 
    • ဓာတ်မတည့်မှုအမျိုးမျိုး အထူးသဖြင့် ဓာတ်မတည့်၍ နှာရည်ယိုခြင်း၊ နာတာရှည်အအေးမိခြင်း နှင့် ထိပ်ကပ်နာရောဂါတို့ကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း 
    • ကလေးများနှင့် လူကြီးများတွင် ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်ချောင်းဆိုးတို့ကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း 
    • ထိပ်ကပ်နာ၊ အစာအိမ်အချဉ်ပြန်ရောဂါ (GERD) သို့မဟုတ် သွေးတိုးရောဂါအတွက်ဆေးဝါးများ စသည်ဖြင့် ရှုပ်ထွေးစွာ ဆက်နွယ်နိုင်သော ပန်းနာရောဂါလက္ခဏာများကို သုံးသပ်ခြင်း
    • နာတာရှည်ထိပ်ကပ်နာနှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အခြေအနေကို သုံးသပ်ခြင်း 
    • ဓာတ်မတည့်၍ နှာရည်ယိုခြင်း၊ အစားအစာ ဓာတ်မတည့်မှု သို့မဟုတ် စားသောက်ကုန်သုံး ကုန်ကြမ်းပစ္စည်းများနှင့်ဓာတ်မတည့်မှုများကို သုံးသပ်ခြင်း
    • ဓာတ်မတည့်မှုနှင့် အစားအစာဓာတ်မတည့်မှုတို့ကြောင့် အဖုပိန့် အင်ပျဉ် ထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာကို သုံးသပ်ခြင်း 
    • ပန်းနာရင်ကြပ်ရောဂါလေ့လာမှုအစီအစဉ် 
    • ဆေးဝါးဓာတ်မတည့်မှု စစ်ဆေးခြင်း
    • ပိုးမွှားများနှင့် ဓာတ်မတည့်မှု စစ်ဆေးခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်စင်တာ

    တတိယထပ်၊ A Building၊ ဘန်ကောက်ဆေးရုံကြီး

    တနလာ်‌နေ့ မှ ကြာသပတေးနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ

    (+66) 2310 3000

    (+66) 2310 3221

    (+66) 2755 1731

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်