Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အဆစ်အမြစ်ရောင်ရောဂါဆိုင်ရာအထူးကုဆေးခန်း

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    အဆစ်အမြစ်‌ရောင်‌ရောဂါသည် အလိုအလျောက် ကိုယ်တွင်းတုန့်ပြန်မှုရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အဆစ်အမြစ်များ ကြာရှည်စွာရောင်ရမ်းနာကျင်ခြင်းတို့ကိုဖြစ်စေပါသည်။

    အဆစ်အမြစ်‌ရောင်‌ရောဂါသည် ခန္ဓာကိုယ်အဆစ်အမြစ်များကြာရှည်စွာရောင်ရမ်းမှုကိုဖြစ်စေပြီး အရိုးနု၊ အရိုးနှင့် အရွတ်များကိုပျက်စီးစေကာ ခန္ဓာကိုယ်အဆစ်များ၏ပုံသဏ္ဍန်ပျက်ပြားခြင်းတို့ကို ဦးတည်စေပါသည်။

    မည်သူတွေက အဆစ်အမြစ်‌ရောင်‌ရောဂါဖြစ်နိုင်ပါသလဲ။

    အဆစ်အမြစ်‌ရောင်‌ရောဂါသည် ကလေးအရွယ်မှသည် သက်ကြီးပိုင်းအထိ အသက်အရွယ်မရွေးအားလုံးတွင် ဖြစ်ပွားနိုင်ပါသည်။ သို့သော် လူလတ်ပိုင်းအရွယ်တွင် အများဆုံးတွေ့ရတတ်ပြီး အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များပါသည်။    

    အဆစ်အမြစ်‌ရောင်‌ရောဂါဖြစ်ပွားစေသောအကြောင်းရင်းများ

    အဆစ်အမြစ်‌ရောင်‌ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကိုအတိအကျမသိရသော်လည်း မျိုးရိုးဗီဇ၊ ဆေးလိပ်သောက်ခြင်းနှင့် အရိုးတွင်အပေါက်ငယ်လေးများရှိနေခြင်းတို့နှင့် ဆက်စပ်မှုရှိပါသည်။

    အဆစ်အမြစ်‌ရောင်‌ရောဂါလက္ခဏာများ

    အထူးသဖြင့် လူနာများသည်နံနက်ပိုင်းတွင် ၁ နာရီမှ ၂ နာရီအထိ သို့မဟုတ် တစ်နေ့တာလုံး အဆစ်အမြစ်များနာကျင်ရောင်ရမ်းခြင်း နှင့် မလှုပ်ရှားနိုင်ခြင်း တို့ကိုခံစားရနိုင်ပါသည်။ နံနက်ခင်းတွင် အဆစ်အမြစ်များကိုက်ခဲခြင်းသည် အဆစ်အမြစ်‌ရောင်‌ရောဂါ၏ အရေးကြီးသောလက္ခဏာရပ်တစ်ခုဖြစ်ပြီး အခြားသောအခြေအနေများနှင့်ကွဲပြားနေတတ်ပါသည်။ နာကျင်မှုဝေဒနာသည် လက်နှင့်ခြေဖဝါးများတွင် အပြင်းထန်ဆုံးဖြစ်သော်လည်း အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း နာကျင်မှုရှိနိုင်ပါသည်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၏ အခြားလက္ခဏာများမှာ အားနည်းခြင်း၊ အဖျားငွေ့ငွေ့ဖျားခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ မျက်ခမ်းခြောက်ခြင်းနှင့် ခံတွင်းလည်ချောင်းခြောက်ခြင်းများ၊ အရေပြားအောက် သို့မဟုတ် တံတောင်ဆစ်/လက်ချောင်းများတစ်ဝိုက်တွင် အဖုများရှိနေခြင်း တို့ဖြစ်ပြီး ကုသမှုခံယူပြီးပါက ရာသက်ပန် သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။

    အဆစ်အမြစ်‌ရောင်‌ရောဂါရှာဖွေခြင်း

    ၎င်း၏အစောပိုင်းအဆင့်များတွင် အဆစ်အမြစ်‌ရောင်‌ရောဂါသည် အထူးကုဆရာဝန်မှအကဲဖြတ်ရန်လိုအပ်ပြီး ရောဂါ၏သဘောသဘာဝအရ နှေးကွေးနေသောကြောင့် ရောဂါအခြေနေရှာဖွေရန်ခက်ခဲနိုင်ပါသည်။ ရောဂါရှာဖွေခြင်းတွင် လူနာ၏အခြေအနေကိုအကဲဖြတ်ခြင်းနှင့် အပူ၊ ရောင်ရမ်းခြင်း နှင့် နာကျင်ခြင်းစသည့် ရောဂါဝေဒနာခံစားရသည့်နေရာကိုစစ်ဆေးကြည့်ရှုခြင်းတို့ပါဝင်ပါသည်။ Anti CCP နှင့် ESR ကဲ့သို့ အဆစ်အမြစ်‌ရောင်‌ရောဂါဖြစ်ပွားမှုအကြောင်းခြင်းရာတို့ကို ဆုံးဖြတ်ရန်အတွက် သွေးစစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်ပါသည်။ ထို့ပြင် ဓာတ်မှန်ရိုက်ခြင်းနှင့် သံလိုက်ဓာတ်မှန်ရိုက်ခြင်း စသည့်စစ်ဆေးမှုများဖြင့်ပျောက်ဆုံးနေသောအရိုးပမာဏကို စစ်ဆေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်းနေခြင်းကို မြင်သာစေသောပုံရိပ်ကိုပေးစွမ်းနိုင်သည့် စစ်ဆေးမှုများကို ထပ်မံပြုလုပ်မည်ဖြစ်ပါသည်။ သို့သော် ပထမဆုံး ၆ လတွင် အဆစ်အမြစ်‌ရောင်‌ရောဂါအတွက် သီးခြားရောဂါရှာဖွေရေးနည်းလမ်းမရှိနိုင်ပါ။

    ကုသမှု

    (၁) ဆေးဝါး– လက်ရှိတွင်အဆစ်အမြစ်ရောင်ရမ်းခြင်းကို ထိန်းချုပ်ရန်နှင့် ကုသရန် ဆေးဝါးအများအပြားရှိနေပါသည်။ ၎င်းတို့တွင် ရောဂါဖြစ်ပွားမှုကိုကုသပေးသောဆေးဝါးများနှင့် စတီးရွိုက်မပါသော ရောင်ရမ်းမှုကိုလျော့ကျစေသော ဆေးဝါးများပါဝင်ပါသည်။

    (၂) အနားယူပြီး လေ့ကျင့်ခန်းများပြုလုပ်ပါ။

    (၃) နောက်ထပ်မံမဖြစ်စေရန် ကာကွယ်ပါ။

    (၄) ခွဲစိတ်ခြင်းသည် ပျက်စီးနေသောနေရာကို ဖယ်ရှားရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    အဆစ်အမြစ်ရောင်ရောဂါဆိုင်ရာအထူးကုဆေးခန်း

    5th Floor, Building C

    နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ

    (+66) 2310 3000

    (+66) 2755 1062

    1719 (Local Calls Only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်