Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ပြွန်ငယ်အသုံးပြု၍ နှလုံးအဆို့ရှင်အစားထိုးကုသခြင်း

    3 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Heart Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)
    Package Image
    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ
    Package Image
    မွေးရာပါနှလုံးအပေါက်ရောဂါ (ASD) ကိုကုသရန်အတွက်အထူးပက်‌ကေ့ဂျ် ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးပြီးနာလန်ထချိန်မြန်ဆန်ခြင်း
    ပြွန်ငယ်အသုံးပြု၍ နှလုံးအဆို့ရှင်အစားထိုးကုသခြင်း
    Bangkok Heart Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025

    Aortic stenosis ဟုခေါ် သော နှလုံးအဆို့ရှင်ကျဉ်းခြင်းသည် aortic အဆို့ရှင်ကို အပြည့်အဝဖွင့်ရန်မလုပ်ဆောင်နိုင်ခြင်းကြောင့်ဖြစ်ပြီး လူကြီးပိုင်းအရွယ်များတွင် အဖြစ်များဆုံးသော နှလုံးရောဂါအမျိုးအစားတစ်ခုဖြစ်ပါသည်။ အသက် ၇၅ နှစ်နှင့်အထက် လူကြီးပိုင်းအရွယ်များ၏ ၃%တွင် ဤအခြေအနေရှိတတ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ကယ်လ်စီယမ်များ အဆို့ရှင်တွင်စုပုံလာပြီး တဖြည်းဖြည်းမာကျောကာ ထူလာပါသည်။ ရလဒ်အားဖြင့် နှလုံးအဆို့ရှင်ကောင်းစွာမဖွင့်နိုင်တော့ဘဲ ကျဉ်းနေသောအဆို့ရှင်မှတဆင့် သွေးတွေကိုညစ်ထုတ်ရန် နှလုံးကပို၍အလုပ်လုပ်ရသောကြောင့်နှလုံးရောဂါကိုဖြစ်စေပါသည်။ TAVI သည် အသေးငယ်ဆုံးသောခွဲစိတ်ရာဖြင့် ရင်ဘတ် သို့မဟုတ် ပေါင်ခြံမှတဆင့် ပြွန်ငယ်ကိုအသုံးပြု၍ နှလုံးအဆို့ရှင်ကို အစားထိုးခွဲစိတ်ကုသသည့် နည်းလမ်းအသစ်တစ်ခုဖြစ်ပါသည်။ ဤနည်းလမ်းသည် ရင်ခေါင်းကိုဖွင့်ပြီး နှလုံးခွဲစိတ်မှုပြုလုပ်ရန်အန္တရာယ်များသည့် လူကြီးများအတွက်သင့်လျော်ပါသည်။

     

    Aortic stenosis ၏လက္ခဏာများ

    • မောပန်းနွမ်းနယ်ခြင်း
    • ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
    • မိုက်ခနဲဖြစ်ခြင်း သို့မဟုတ် မူးဝေခြင်းတို့ကို ခံစားရခြင်း
    • တစ်ပတ်လျှင် ၂ –၃ ကြိမ် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်ထဲတင်းကျပ်ကျပ်ဖြစ်ခြင်း 

    TAVI ဆိုတာဘာလဲ။

    TAVI – Transcatheter Aortic Valve Implantation သို့မဟုတ် TAVR – Transcatheter Aortic Valve Replacement သည် သေးငယ်သောခွဲစိတ်ရာမှတဆင့် နှလုံးအဆို့ရှင်အစားထိုးကုသသောနည်းဖြစ်ပါသည်။ အဆိုပါကုသမှုနည်းတွင် ဆရာဝန်သည် နှလုံးဆီသို့ လမ်းညွှန်ပေးသော catheter ပိုက်ကို ပေါင်ခြံ သို့မဟုတ် ရင်ဘတ်နေရာမှထည့်ပြီး အထူးဒီဇိုင်းထုတ်ထားသော ပိုက်ပြွန်တွင်းထည့်သွင်းနိုင်သော အဆို့ရှင် (Transcatheter aortic valves) ကို အသုံးပြုပါသည်။ အဆို့ရှင်ကို နှလုံးအတွင်းသို့ထည့်ရန် ၅–၈ မီလီမီတာ ရှိသော catheterအတွင်း ညှစ်သွင်းထားပါသည်။ ထို့နောက် catheter ကို နှလုံးဆီသို့ သွေးကြောမှထည့်သွင်းပြီး နဂိုရှိနေသော aortic အဆို့ရှင်ပေါ်တွင် အဆို့ရှင်အသစ်ကို အစားထိုးရန်လုပ်ဆောင်ပါသည်။ နှလုံးအဆို့ရှင်အစားထိုးတပ်ဆင်ပြီးသည်နှင့် ဆရာဝန်သည်catheter ကိုသွေးကြောမှ ပြန်ထုတ်လိုက်ပါသည်။ 


    Chat with Us


    TAVI နည်းဖြင့် ခွဲစိတ်ရာနေရာများ

    • Transfemoral: ပေါင်ခြံသွေးကြောသည် ပို၍ကြီးသောကြောင့် အသုံးအများဆုံးသောနည်းဖြစ်သည်။
    • Transaxillary: ချိုင်းနားရှိ သွေးလွှတ်ကြောကြီးမှတဆင့် ခွဲစိတ်ခြင်း
    • Transaortic: ရင်ဘတ်ညာဘက်ခြမ်းရှိ သွေးလွှတ်ကြောမကြီးမှတဆင့် ခွဲစိတ်ခြင်း
    • Transapical:  ရင်ဘတ်၏ဘယ်ဘက်ခြမ်း နှလုံးအစွန်းထိပ်နေရာမှတဆင့် ခွဲစိတ်ခြင်း

    TAVI ผ่าตัดแผลเล็ก แก้ปัญหาลิ้นหัวใจในผู้สูงวัย

    TAVI 
    ၏ကောင်းကျိုးများ

    • သွေးထွက်နည်းခြင်း
    • ၂–၃ ရက်သာ ဆေးရုံတက်ရသည့်အတွက် နာလန်ထချိန်ပို၍မြန်ဆန်ခြင်း
    • ခွဲစိတ်ရာသေးငယ်ခြင်း
    • ထုံဆေးဖြင့် လုပ်ဆောင်နိုင်သောကြောင့် မေ့ဆေး၏နောက်ဆက်တွဲဆိုးကျိုးများနည်းပါးခြင်း
    • ခွဲစိတ်ချိန် ၂ နာရီခန့်သာကြာမြင့်ခြင်း

    Chat with Us


    TAVI နည်းဖြင့် ခွဲစိတ်ကုသရန်မသင့်လျော်သောသူများ

    • ရောဂါပိုးဝင်ထားသောလူနာ
    • သွေးထဲဘက်တီးရီးယားပိုးရှိသောလူနာ
    • နှလုံးသွေးကြောပိတ်သောလူနာ
    • လေဖြတ်ဖူးပြီး သွေးကျဲဆေး anticoagulant သောက်သုံးရန် မသင့်လျော်သောသူ
    • သွေးကြောဖြတ်ဆက်(CABG)ကုသမှုလိုအပ်သော နှလုံးသွေးကြောကျဉ်းလူနာ

    TAVI ကုသမှုလုပ်ငန်းစဉ်ပြီးနောက်

    • လူနာသည် ၃လကြာ သွေးကျဲဆေး anticoagulant ကိုသောက်သုံးရပါမည်။
    • ၃ လကြာပြီးနောက် လူနာသည် ပုံမှန်လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ပါလိမ့်မည်။ လူနာသည် ရင်ဘတ်အောင့်ခြင်း၊အသက်ရှူကြပ်ခြင်း မရှိတော့ပါ။


    TAVI ကုသမှုနည်းသည်ဆေးဘက်ဆိုင်ရာကိရိယာများပြည့်စုံစွာသောအဆင့်မြင့်ခွဲစိတ်ခန်းတစ်ခုလိုအပ်ပြီးနှလုံးခွဲစိတ်ဆရာဝန်၊နှလုံးနှင့်သွေးကြောကိုကိရိယာများဖြင့် ကုသမှုပေးနိုင်သောနှလုံးအထူးကုဆရာဝန်၊မေ့ဆေးဆရာဝန်၊ဓာတ်မှန်ကျွမ်းကျင်ပညာရှင်၊အထူးပြုသူနာပြုနှင့်နှလုံးသွေးကြောပိုက်ထည့်ခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တို့အပါအဝင်အတွေ့အကြုံရင့်ကျက်သောကျန်းမာရေးဝန်ထမ်းများလိုအပ်ပါသည်။ ဘန်ကောက်ဆေးရုံ၏အဆင့်မြင့်ခွဲစိတ်ခန်းသည်တစ်နေရာတည်းတွင်အကောင်းမွန်ဆုံးပုံရိပ်ဖော်နိုင်စွမ်းနှင့် ခေတ်မီခွဲစိတ်မှုနည်းပညာကိုပေါင်းစပ်ထားပါသည်။ခွဲစိတ်မှုပြုလုပ်သောစင်သည်၃၆၀ ဒီဂရီလှည့်ပတ်နိုင်ပြီး အကောင်းဆုံးအနေအထားရရှိရန်အပြည့်အဝချိန်ညှိနိုင်သည်။အကောင်းဆုံးနှလုံးပုံရိပ်ဖော်နည်းပညာ Flex Move Heart Navigator သည်ကြည်လင်ပြတ်သားသောပုံရိပ်များကိုပေးစွမ်းနိုင်ပြီးခွဲစိတ်ဆရာဝန်များအားအချိန်တိုအတွင်းအလွန်တိကျပြီးအနုစိတ်သောခွဲစိတ်မှုလုပ်ငန်းစဉ်များကိုလုပ်ဆောင်နိုင်စေပါသည်။အဆင့်မြင့်ခွဲစိတ်ခန်း၏အဓိကအားသာချက်မှာမမျှော်လင့်ထားသောအခြေအနေများကိုအလျင်အမြန်တုံ့ပြန်နိုင်ရန် နည်းပညာများနှင့်ကျွမ်းကျင်မှုများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
    ၎င်းသည်ခွဲစိတ်မှုလုပ်ငန်းစဉ်ကိုမြန်ဆန်စေပြီးလူနာ၏ဘေးကင်းမှုကိုမြှင့်တင်ပေးနိုင်ပါသည်။


    Chat with Us

     

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးသွေးကြောရောဂါအထူးကုဆေးခန်း

    ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)
    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)

    54,000 - 250,000 ဘတ်

    အသေးစိတ်
    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များနှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ
    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ

    264,500 - 1,037,000 ဘတ်

    အသေးစိတ်
    မွေးရာပါနှလုံးအပေါက်ရောဂါ (ASD) ကိုကုသရန်အတွက်အထူးပက်‌ကေ့ဂျ် ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးပြီးနာလန်ထချိန်မြန်ဆန်ခြင်းမွေးရာပါနှလုံးအပေါက်ရောဂါ (ASD) ကိုကုသရန်အတွက်အထူးပက်‌ကေ့ဂျ် ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးပြီးနာလန်ထချိန်မြန်ဆန်ခြင်း
    မွေးရာပါနှလုံးအပေါက်ရောဂါ (ASD) ကိုကုသရန်အတွက်အထူးပက်‌ကေ့ဂျ် ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးပြီးနာလန်ထချိန်မြန်ဆန်ခြင်း

    506,000 - 531,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    နှလုံး ablation အတွက် PFA နည်းပညာ- AF ပုံမမှန်ခြင်းကို ကုသရန် အစားထိုးအသစ် Image
    AI
    နှလုံး ablation အတွက် PFA နည်းပညာ- AF ပုံမမှန်ခြင်းကို ကုသရန် အစားထိုးအသစ်
    IVL (IntraVascular Lithotripsy) ရှော့ခ်လှိုင်းဖြင့် သွေးကြောဆိုင်ရာ သွေးလွှတ်ကြောများကို ကလီကေးရှင်းဖြင့် ကုသခြင်း Image
    AI
    IVL (IntraVascular Lithotripsy) ရှော့ခ်လှိုင်းဖြင့် သွေးကြောဆိုင်ရာ သွေးလွှတ်ကြောများကို ကလီကေးရှင်းဖြင့် ကုသခြင်း
    Heart Attack စူးရှသော နှလုံးဖောက်ခြင်းမှ ကာကွယ်နည်းကို သိထားပါ။ Image
    AI
    Heart Attack စူးရှသော နှလုံးဖောက်ခြင်းမှ ကာကွယ်နည်းကို သိထားပါ။
    ကျန်းမာ