Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language & Currency

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်ရေးကိုယ်တာမူဝါဒ

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    Da Vinci Xi ‌ခေတ်မီ စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ရာသေးငယ်သော အဆင့်မြင့်ရင်ခေါင်းခွဲစိတ်မှု

    6 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Padungkiat Tangpiroontham

    Bangkok Heart Hospital

    အပ်ဒိတ်လုပ်သောနေ့: 19 Jan 2026
    Dr. Padungkiat Tangpiroontham
    Dr. Padungkiat Tangpiroontham
    Bangkok Heart Hospital
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း
    Da Vinci Xi ‌ခေတ်မီ စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ရာသေးငယ်သော အဆင့်မြင့်ရင်ခေါင်းခွဲစိတ်မှု
    Bangkok Heart Hospital
    အပ်ဒိတ်လုပ်သောနေ့: 19 ဇန် 2026

    အဆုတ်နှင့် အစာ‌ရေမျိုပြွန်ဆိုင်ရာ ရောဂါများကဲ့သို့ ရင်ခေါင်းဆိုင်ရာ အခြေအနေများသည် ကမ္ဘာတစ်ဝှမ်းရှိ လူအများအပြား ဖြစ်ပေါ်ခံစားနေရပါသည်။ အဆုတ်ကင်ဆာနှင့် သိုင်းမက်စ်ကင်ဆာ ကဲ့သို့သော ပြင်းထန်သောရောဂါများသည် ခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ခွဲစိတ်ဆရာဝန်များနှင့် နည်းပညာကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် ရင်ခေါင်းခွဲစိတ်မှုဆိုင်ရာ တိုးတက်လာပြီး ပိုမိုတိကျမှုနှင့် ထိရောက်မှုတို့ကို ဖြစ်ပေါ်စေခဲ့ပါသည်။ Da Vinci Xi စက်ရုပ်နည်းစနစ်သည် သေးငယ်သော ခွဲစိတ်ရာမှတစ်ဆင့် အဆင့်မြင့်ခွဲစိတ်မှုများကို လုပ်ဆောင်ရန်အတွက် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားပြီး လက်လှမ်းမီရန်ခက်ခဲသော နေရာများတွင် ခွဲစိတ်မှုများ ပိုမိုလွယ်ကူပြီး ထိရောက်မှုရှိစေရန် အဆင့်မြင့်ကိရိယာများနှင့် ပုံရိပ်ဖော်ခြင်းတို့ကို ပေါင်းစပ် ဒီဇိုင်းထုတ်ထားပါသည်။ အမှန်တွင် da Vinci Xi စက်ရုပ်နည်းပညာအသုံးပြုခြင်းသည် နာကျင်မှုနည်းပါးပြီး ခွဲစိတ်မှုအချိန်တိုတောင်းသောကြောင့် လူနာများ၏ ဘဝအရည်အသွေးကို ပိုမိုကောင်းမွန်စေပါသည်။


    ရင်ခေါင်းခွဲစိတ်မှုဆိုင်ရာ တိုးတက်မှုများ 

    ခွဲစိတ်ကုသခြင်းသည် အဆုတ်ကင်ဆာ နှင့် သိုင်းမက်စ်ကင်ဆာကဲ့သို့ ရင်ခေါင်းဆိုင်ရာရောဂါ အများအပြားအတွက် အဓိက ကုသမှုဖြစ်ပြီး အထူးသဖြင့် အနီးနားရှိ ကိုယ်တွင်းအင်္ဂါများပေါ်တွင် ဖိအားသက်‌ရောက်မှုရှိလျှင် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဆိုးရွားနိုင်ပါသည်။ သမားရိုးကျအားဖြင့် ရင်ခေါင်းဖွင့်ခွဲစိတ်မှုသည် ရင်ဘတ်တွင် ကြီးမားသောခွဲစိတ်ရာဖြင့် နံရိုးများကိုချိုးဖြတ်ပြီး ရင်ခေါင်းတွင်းသို့ ဝင်ရောက်ရပါသည်။ ယခုအခါ ဆေးဘက်ဆိုင်ရာတိုးတက်မှုနှင့်အတူ မှန်ပြောင်းဖြင့်ခွဲစိတ်မှု (thoracoscopic surgery) ဟုခေါ်သော ခွဲစိတ်ရာသေးငယ်ပြီး နံရိုးဖြတ်တောက်မှုမလိုအပ်သောအဆင့်မြင့်ခွဲစိတ်ကုသနည်းကို အသုံးပြုလာနိုင်ပါသည်။ ၎င်းတွင် နံရိုးများကြားမှ သေးငယ်သော ဖြတ်တောက်မှုများ ပြုလုပ်ခြင်းနှင့် ခွဲစိတ်မှုကို လမ်းညွှန်ရန် အလင်းနှင့် ကင်မရာပါသော ပါးလွှာသည့် ပြွန်တစ်ခု ပါရှိပါသည်။ ဤနည်းလမ်းသည် နာကျင်မှုကို သက်သာစေပြီး နောက်ဆက်တွဲပြဿနာများ နည်းပါးကာ ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေပါသည်။ da Vinci စနစ်သည် ခွဲစိတ်ဆရာဝန်များအား စက်ရုပ်လက်အကူဖြင့် ခွဲစိတ်မှု (RATS) ကို တိကျပြီးဘေးကင်းစွာလုပ်ဆောင်နိုင်စေရန် ဒီဇိုင်းထုတ်ထားသည့် အဆင့်မြင့် စက်ရုပ်နည်းပညာတစ်ခုဖြစ်သည်။ Da Vinci Xi ကို အသုံးပြု၍ RATS သည် အချို့သော နှလုံးနှင့်ရင်ခေါင်းရောဂါများကုသရာတွင် အလွန်ထိရောက်သော အထူးသဖြင့် ခန္ဓာဗေဒအရ စိန်ခေါ်မှုများသည့်နေရာများတွင် အားသာချက်များရှိသည်ဟု အထောက်အထားများက အကြံပြုထားပါသည်။


    da Vinci Xi ဆိုသည်မှာ

    Da Vinci Xi သည် ခွဲစိတ်ဆရာဝန်၏စွမ်းရည်ကို မြှင့်တင်ပေးရန် အထူးပြုနည်းပညာကို အသုံးပြုထားသည့် အဆင့်မြင့် စက်ရုပ်လက်ခွဲစိတ်မှုနည်းစနစ်တစ်ခုဖြစ်သည်။ ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်ထားပြီးထိပ်ဖျားတွင်လက်ကောက်ဝတ်သဏ္ဍာန် အဆင့်မြင့်ကိရိယာများပါ၀င်သည့် ခွဲစိတ်တံစက်ရုပ်လက်မောင်းလေးခုသည်ခွဲစိတ်ဆရာဝန်များအား လက်လှမ်းမှီရန်ခက်ခဲသော သို့မဟုတ် ရှုပ်ထွေးသောနေရာများတွင် တိကျသောလှုပ်ရှားမှုများ၊ ပိုမိုကောင်းမွန်သောလက်စွမ်းနှင့် ချဲ့ထွင်မှုတို့ဖြင့် ခွဲစိတ်ကုသမှုများကို လုပ်ဆောင်နိုင်စေမည်ဖြစ်ပါသည်။

    ဗွီဒီယိုထောက်ပံ့အကူအညီဖြင့် ရင်ခေါင်းခွဲစိတ်မှု (VATS) သည် အမျိုးမျိုးသော ရင်ခေါင်းအခြေအနေများကို သေးငယ်သော ခွဲစိတ်ရာဖြင့်ခွဲစိတ်ကုသနိုင်သော ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။ သို့သော် လက်လှမ်းမှီရန် ခက်ခဲသောရင်ဘတ်အလယ်ရှိ ရင်၀မ်းခြားကြွက်သား (သို့) အသံကြိုးသို့ထောက်ပံ့ပေးနေသော အာရုံကြောများ (သို့) ပြန်ရည်ကြောများတွင် ကင်ဆာဆဲလ်များတွယ်ကပ်နေပါက၎င်းကုသနည်းကိုအသုံးပြုရန် ခက်ခဲနိုင်သည်။ VATS တွင်အသုံးပြုသည့်ကိရိယာများသည် အဆိုပါအာရုံကြောများကို မတော်တဆထိခိုက်စေနိုင်ပြီး အသံပြာခြင်း၊ ရင်၀မ်းခြားကြွက်သား ပြဿနာများ နှင့် အခြားရှုပ်ထွေးမှုများကဲ့သို့သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

    ဗွီဒီယိုထောက်ပံ့အကူအညီ ဖြင့် ရင်ခေါင်းခွဲစိတ်မှု (VATS) တွင်၊ ကိရိယာများသည် နံရိုးအောက်ရှိ အာရုံကြောများ ( intercostal nerves ) ကို မတော်တဆ ထိခိုက်မိနိုင်ပြီး ခွဲစိတ်ပြီးနောက် နာကျင်မှုနှင့် အခြားပြဿနာများကို ဖြစ်စေနိုင်ပါသည်။ ဤပြဿနာကို ရှောင်ရှားရန် ကူညီပေးသော Da Vinci Xi စက်ရုပ်နည်းပညာ၏ ဒီဇိုင်းသည် နံရိုးရွေ့လျားမှုကိုတည်ငြိမ်စေပြီး အာရုံကြောပျက်စီးမှုကို လျော့နည်းစေကာ VATS နှင့် နှိုင်းယှဉ်ပါက နာကျင်မှုကိုသက်သာစေပါသည်။


    Da Vinci Xi စက်ရုပ်လက်နည်းပညာဖြင့်ခွဲစိတ်ကုသနိုင်သော ရင်ခေါင်း‌ရောဂါအခြေအနေများ

    Da Vinci Xi စက်ရုပ်လက်နည်းပညာခွဲစိတ်မှုဖြင့်အောက်ပါ ရင်ခေါင်း‌ရောဂါများကိုအောင်မြင်စွာကုသနိုင်ခဲ့ပါသည်။

    • အဆုတ်ကင်ဆာ : အဆုတ်ကင်ဆာသည် ကမ္ဘာတစ်ဝှမ်းတွင် ကင်ဆာရောဂါနှင့်ဆက်နွယ်သောသေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ရောဂါအဆင့်မြင့်သည်အထိ ရောဂါလက္ခဏာများ မပြတတ်ပါ။ စောစီးစွာစစ်ဆေးတွေ့ရှိပါက ခွဲစိတ်ကုသခြင်းသည် များသောအားဖြင့် ရောဂါပျောက်ကင်းရန် အခွင့်အလမ်းကို တိုးမြင့်စေမည့်ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။ အဆုတ်ခွဲစိတ်ကုသမှုအတွင်း အဆုတ်ကင်ဆာကျိတ်ကိုဖယ်ရှားရန် ပြန်ရည်ကျိတ်များကိုဖြတ်ထုတ်ပြီး နမူနာယူစစ်ဆေးခြင်းဖြင့် ကင်ဆာ‌ရောဂါ၏အဆင့်ကို အတိအကျသိရှိစေနိုင်သည်။ ဖယ်ရှားလိုက်သောပြန်ရည်ကျိတ်များ ပမာဏ မလုံလောက်ပါက ကင်ဆာအဆင့်သတ်မှတ်ချက်မှားယွင်းစေနိုင်ပြီး မသင့်လျော်သောကုသမှုကိုဖြစ်စေနိုင်သည်။ စက်ရုပ်လက်နည်းပညာဖြင့်ရင်ခေါင်းခွဲစိတ်မှုတွင် လက်လှမ်းမီရန်ခက်ခဲသောနေရာများရှိ ပြန်ရည်ကျိတ်များကို ပိုမိုထိရောက်စွာ ဖယ်ထုတ်နိုင်သောကြောင့် အကျိုးကျေးဇူးများသည့်အပြင် လေ့လာမှုများမှ စက်ရုပ်နည်းပညာဖြင့် ထုတ်ယူရရှိသော ပြန်ရည်ကျိတ်ပမာဏသည် ကင်ဆာအဆင့်သတ်မှတ်ရာတွင် ပိုမိုလုံလောက်ကြောင်းဖော်ပြထားသည်။ ထို့အပြင် စက်ရုပ်လက်ခွဲစိတ်ကုသနည်းသည် ခွဲစိတ်မှုဆိုင်ရာတိကျသေချာမှုကြောင့် ပြန်ရည်ကျိတ်များကိုဖြတ်ထုတ်ပြီးနောက် ဖြစ်နိုင်ခြေရှိသော lymphatic ယိုစိမ့်မှုကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးပါသည်။ ခွဲစိတ်မှုရလဒ် ကောင်းမွန်သောကြောင့် surgical drain များကိုလျင်မြန်စွာဖယ်ထုတ်နိုင်ပြီး လူနာမှာအမြန်ဆုံးသက်သာပျောက်ကင်းကာ ဆေးရုံဆင်းနိုင်မည်ဖြစ်ပါသည်
    • သိုင်းမက်စ်ကင်ဆာ (Thymoma) :    Thymoma သည် ရင်ရိုးအောက် အဆုတ်ကြားတွင်ရှိသော ပြန်ရည်ကြော နှင့် ခုခံအားစနစ်များ၏ အစိတ်အပိုင်းဖြစ်သော သိုင်းမက်စ်ဂလင်းတွင်ဖြစ်ပွားသည့်ကင်ဆာဖြစ်သည်။ များသောအားဖြင့် အသက် ၄၀-၅၀ အရွယ်ရှိလူများတွင် ဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာများ မပြတတ်ဘဲ အခြားအကြောင်းများကြောင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် CT စကင်န်ပြုလုပ်စဉ်တွင် တွေ့ရှိရတတ်သည်။ အကျိတ်ကြီးထွားလာသည်နှင့်အမျှ ၎င်းသည် အနီးနားရှိအရာများကို ဖိနိုင်ပြီးအလွယ်တကူပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် လက်မောင်း သို့မဟုတ် မျက်နှာတွင် ရောင်ရမ်းခြင်းစသည့် လက္ခဏာများကို ဖြစ်စေနိုင်သည်။ သိုင်းမက်စ်ကင်ဆာသည် အလုံးအကျိတ်မှ အနီးနားရှိအင်္ဂါများဖြစ်သော နှလုံးအကာအိတ်၊ သွေးကြောကြီးများ၊ အဆုတ် နှင့် ပြန်ရည်ကြောစနစ်များအထိပြန့်နှံ့နိုင်ပါသည်။ အစောပိုင်းအဆင့် thymomaများကို ခွဲစိတ်မှုဖြင့် ကုသလေ့ရှိသည်။ ဓာတ်ရောင်ခြည်ပေးခြင်း သို့မဟုတ် ဓာတုကုထုံးများကဲ့သို့ ထပ်လောင်းကုသမှုများ လိုအပ်ခြင်းရှိမရှိသည် ရောဂါအဆင့်နှင့် ပြင်းထန်မှုအပေါ် မူတည်ပါသည်။ သိုင်းမက်စ်ဂလင်းသည် အဆုတ်နှစ်ခုကြား လက်လှမ်းမီရန် ခက်ခဲသောနေရာတွင် တည်ရှိသောကြောင့် ခွဲစိတ်မှုမှာ ခက်ခဲနိုင်သည်။ da Vinci Xi စနစ်ကို အသုံးပြု၍ စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်းသည် အထူးသဖြင့် သိုင်းမက်စ်ဂလင်း၏ အပေါ်ပိုင်းရှိ mediastinalသွေးကြောကြီးများနှင့်နီးကပ်စွာရှိသော အကျိတ်များအတွက် တိကျမှုနှင့် ဘေးကင်းမှုကို ပိုမိုကောင်းမွန်စေပြီး ခွဲစိတ်မှုကို ပိုမိုထိရောက်စေပါသည်။
    • Myasthenia gravis (MG): Myasthenia gravis သည် ရှုပ်ထွေးသော autoimmune disorder ဖြစ်ပြီး ခန္ဓာကိုယ်၏ ပဋိပစ္စည်းများသည် အာရုံကြောများနှင့် ကြွက်သားများကြား ဆက်သွယ်မှုများကို တိုက်ခိုက်ကာ ကြွက်သားများ အားနည်းသွားစေသည်။ ဤအခြေအနေသည် မျက်စိ၊ အသက်ရှုလမ်းကြောင်းနှင့် ခြေလက်ကြွက်သားများအားနည်းသွားစေပြီး မျက်ခွံများကျခြင်း၊ အသံပြာခြင်း၊ မျိုချရခက်ခဲခြင်း၊ လက်နှင့် ခြေထောက်များ အားနည်းခြင်းနှင့် အသက်ရှူရခက်ခဲခြင်းစသည့် လက္ခဏာများ ဖြစ်စေတတ်သည်။ ခွဲစိတ်မှုမဟုတ်သော ကုသမှုတွင် ခုခံအား ကျဆင်းစေသော ဆေးဝါးများ ပါ၀င်သော်လည်း ရေရှည်အသုံးပြုပါက ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပြီး ရောဂါ ဆက်လက် တိုးလာနိုင်သည်။ ဦးနှောက်နှင့်အာရုံကြောအထူးကုသမားတော်မှစမ်းသပ်စစ်ဆေးပြီး သိုင်းမက်စ်ဂလင်း ကိုဖယ်ရှားရန် ဦးစားပေးကုသမှုအဖြစ် ခွဲစိတ်မှုကို အကြံပြုနိုင်သည်။ ထိုသို့ကုသခြင်းဖြင့် အချို့သောလူနာများသည် ဆေးဝါးလိုအပ်မှုလျော့နည်းခြင်း သို့မဟုတ် လုံးလုံးလျားလျား အမှီအခိုကင်းမှုတို့ကို ဖြစ်စေနိုင်ပါသည်။ da Vinci Xi စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်မှုသည် ခွဲစိတ်ဆရာဝန်အား သေးငယ်သောခွဲစိတ်ရာဖြင့် သိုင်းမက်စ်ဂလင်း ကို တိကျသေချာပြီး ဘေးကင်းစွာဖြင့် ဖယ်ရှားနိုင်ရန်ကူညီပေးပါသည်။ ဤနည်းလမ်းသည် အကောင်းမွန်ဆုံးရလဒ်များကိုရရှိစေပြီး နေ့စဥ်ဘ၀သို့အမြန်ဆုံးပြန်လည်ရောက်ရှိစေနိုင်ပါသည်

    da Vinci Xi စက်ရုပ်လက်နည်းပညာဖြင့်ရင်ခေါင်းခွဲစိတ်ကုသမှု၏အားသာချက်များမှာ

    da Vinci စနစ်၏ စတုတ္ထမျိုးဆက်သည် အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေပါသည်။

    • ပိုမိုကောင်းမွန်သော ချဥ်းကပ်မှု : စက်ရုပ်လက်တံများသည် 360°လိုသလို လှည့်ပတ်နိုင်ပြီး စိန်ခေါ်မှုရှိသော ခန္ဓာကိုယ်တွင်းနေရာများထိပါ ဝင်ရောက်လှုပ်ရှားနိုင်သည်။
    • ပိုမိုတိကျသေချာသောခွဲစိတ်မှု : စက်ရုပ်လက်မောင်းများသည် တိကျသေချာစွာ ရွေ့လျားနိုင်သောကြောင့် ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်မှုကို ထောင့်ပေါင်းစုံမှ ဘေးကင်းပြီး ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပါသည်။
    • ပိုမိုကောင်းမွန်သောမြင်ကွင်း : နည်းပညာမြင့်ကင်မရာသည် ခွဲစိတ်မှုဧရိယာကို ရှင်းရှင်းလင်းလင်း ချုံ့ချဲ့ကြည့်ရှုနိုင်စေပြီး အနီးနားရှိ သွေးကြောများ၊ အာရုံကြောများနှင့် ကြွက်သားများကို ပိုမိုလွယ်ကူစွာ မြင်နိုင်ကာ ပတ်ဝန်းကျင်ဧရိယာများ ပျက်စီးနိုင်ခြေကို လျော့နည်းစေပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။
    • ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်ခြင်း : သေးငယ်သော ခွဲစိတ်ရာကြောင့် နာကျင်မှုနည်းပါးခြင်း၊ ဆေးရုံတက်ချိန်တိုတောင်းပြီး နာလန်ထချိန်မြန်ဆန်ကာနေ့စဥ်ဘ၀သို့အမြန်ဆုံးပြန်လည်ရောက်ရှိစေမှာဖြစ်ပါသည်။

    သတင်းရင်းမြစ်

    Doctor Image

    Dr. Padungkiat Tangpiroontham

    Thoracic Surgery

    Dr. Padungkiat Tangpiroontham

    Thoracic Surgery

    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးနှင့်ရင်ခေါင်းခွဲစိတ်အထူးကုဌာန

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်းနှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း

    62,000 - 1,138,500 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    စိတ်နှလုံးထောက်ပံ့ကိရိယာအသေးစား IMPELLA သည် စိတ်နှလုံးသွေးကြောပိတ်ဆို့မှုကြောင့် ရုတ်တရက်ဖြစ်ပွားသော စိတ်နှလုံးအကြပ်အတည်း (Heart Attack) မှ အသက်ရှင်နိုင်ခြေကို တိုးမြှင့်ပေးသည် Image
    AI
    စိတ်နှလုံးထောက်ပံ့ကိရိယာအသေးစား IMPELLA သည် စိတ်နှလုံးသွေးကြောပိတ်ဆို့မှုကြောင့် ရုတ်တရက်ဖြစ်ပွားသော စိတ်နှလုံးအကြပ်အတည်း (Heart Attack) မှ အသက်ရှင်နိုင်ခြေကို တိုးမြှင့်ပေးသည်
    လုံးဝ 3D Endoscopic Cardiac Tumor ဖယ်ရှားခြင်း။  Image
    AI
    လုံးဝ 3D Endoscopic Cardiac Tumor ဖယ်ရှားခြင်း။
    အနည်းဆုံး ထိုးဖောက် နှလုံးခွဲစိတ်မှု Coronary Artery Bypass Grafting (MICS CABG) Image
    AI
    အနည်းဆုံး ထိုးဖောက် နှလုံးခွဲစိတ်မှု Coronary Artery Bypass Grafting (MICS CABG)
    ကျန်းမာ