Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နှလုံးဆိုင်ရာစစ်ဆေးခြင်း

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ရောဂါများနှင့်ကုသမှု

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ပြင်ပကိရိယာများနှင့် ကိရိယာများကို အသုံးပြု၍ နှလုံးစစ်ဆေးခြင်း။ တိကျရှင်းလင်းသော ရောဂါရှာဖွေရေးရလဒ်များရရှိရန် နှလုံးသွေးကြောဆိုင်ရာရောဂါရှာဖွေရာတွင် ကူညီရန်။

    နှလုံးလုပ်ငန်းဆောင်တာစစ်ဆေးခြင်းသည် နှလုံးလုပ်ဆောင်ချက်များကို အသေးစိတ်စစ်ဆေးပြီး နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် ဆက်စပ်နေသည့် မူမမှန်မှုများကို ပြည့်စုံသော စက်ကိရိယာများဖြင့် ရှာဖွေစစ်ဆေးပါသည်။ ခေတ်မီနည်းပညာများဖြင့် တိကျသောရောဂါရှာဖွေမှုရရှိစေရန် အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်ပါသည်။ အကောင်းဆုံးကုသမှုရလဒ်ရရှိစေရန် ထိရောက်သောကုသမှုများကို လမ်းညွှန်ပေးရုံသာမက ကုသမှုရလဒ်များကို စောင့်ကြည့်ခြင်း၊ ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းနှင့် ရောဂါအခြေအနေခန့်မှန်းခြင်းအပြင် ဖြစ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို သိရှိနိုင်ရန်အတွက် နှလုံးလုပ်ဆောင်မှု စစ်ဆေးပါသည်။ ရောဂါရှာဖွေစမ်းသပ်မှုများများမှာ

    • အီးစီဂျီစက်ဖြင့် နှလုံးစစ်ဆေးခြင်း (ECG သို့မဟုတ် EKG)

    အီးစီဂျီစက်ဖြင့် နှလုံးစစ်ဆေးခြင်းသည် နှလုံး၏ လျှပ်စစ်လှုပ်ရှားမှုကို တိုင်းတာခြင်းဖြင့် နှလုံးလုပ်ဆောင်ချက်ကို တိုင်းတာသည့် စမ်းသပ်မှုဖြစ်သည်။ နှလုံးတစ်ချက်ခုန်တိုင်းတွင် လျှပ်စစ်လှိုင်းသည် နှလုံးမှတစ်ဆင့် ဖြတ်သန်းသွားပါသည်။ ဤလျှပ်စစ်လှိုင်းကြောင့် နှလုံးသည် ကြွက်သားများကို ညှစ်ပြီး သွေးများကို ခန္ဓာကိုယ်သို့ ညှစ်ထုတ်စေပါသည်။ အီးစီဂျီသည် အရေပြားပေါ်တွင် electrodes တပ်၍ နှလုံးကိုဖြတ်သန်းသွားသော လျှပ်စစ်လှုပ်ရှားမှုကို တိုင်းတာပြီး ဂရပ်အဖြစ် မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ နှလုံးနှင့်ပတ်သက်သောပုံမမှန်ခြင်းများဖြစ်သည့် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း (arrhythmias)၊ နှလုံးကြွက်သားပုပ်ခြင်း (myocardial infarction)၊ နှလုံးကြွက်သားများ ထူလာခြင်း (hypertrophic cardiomyopathy)၊ နှလုံးကြီးခြင်း (cardiomegaly)၊ နှလုံးအပေါ်ခန်းနှစ်ခန်းကြားအပေါက်ရှိခြင်း (atrial septal defect) နှင့် နှလုံးအောက်ခန်းနှစ်ခန်းကြားအပေါက်ရှိခြင်း (ventricular septal defect) တို့ကို စစ်ဆေးရန် အသုံးပြုပါသည်။

    • ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးစစ်ဆေးခြင်း (EST)

    ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးစစ်ဆေးခြင်းသည် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စဉ် နှလုံးအလုပ်လုပ်ပုံကို စစ်ဆေးခြင်းဖြစ်ပါသည်။ လေ့ကျင့်ခန်းက နှလုံးကို ပိုမိုမြန်စေပြီး နှလုံးညှစ်အားကို နှိုးဆွပေးတဲ့အတွက် ထိုအချိန်အတွင်း နှလုံး၏ သွေးစီးဆင်းမှုဆိုင်ရာ ပြဿနာတွေကို ရှာဖွေသိရှိနိုင်ပါသည်။ ထိုစစ်ဆေးမှုသည် အများအားဖြင့် ပြေးစက်ပေါ်တွင် လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကို ပြင်းအား၊ အရှိန်တဖြည်းဖြည်း မြှင့်ခြင်းဖြင့် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အသက်ရှူနှုန်း ပြောင်းလဲမှုကို စောင့်ကြည့်ပြီး မှတ်တမ်းတင်ထားပါသည်။  လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း လူနာ၏ နှလုံးခုန်နှုန်းကို မှတ်တမ်းတင်ရန် အီးစီဂျီနှင့် ချိတ်ဆက်ထားပါသည်။ လေ့ကျင့်ခန်းဖိစီးမှု စမ်းသပ်မှုမှ ရရှိသော ရလဒ်များသည် နှလုံးနှင့် သွေးစီးဆင်းမှုဆိုင်ရာ ပြဿနာများအပြင် လေ့ကျင့်ခန်းအပေါ်သက်လုံကောင်းမှုကိုပါ ဆုံးဖြတ်ပေးနိုင်သည်။

    • နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း (Echo)

    နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်းသည် ကြိမ်နှုန်းမြင့် အသံလှိုင်းများကို အသုံးပြုကာ နှလုံးအခန်းများ၊ အဆို့ရှင်များ၊ နံရံများနှင့် နှလုံးနှင့် ချိတ်ဆက်ထားသော သွေးကြောများ၏ ပုံရိပ်များကို ရိုက်ကူးပုံဖော်ခြင်းဖြစ်သည်။ Echo ရိုက်ရာတွင် နှလုံးပုံရိပ်ဖော် စစ်ဆေးရန် အာထရာဆောင်းတုတ်တံလေး (probe/ transducer) ကို ရင်ဘတ်ပေါ် လှိမ့်၍ စစ်ဆေးရပါသည်။ ကြိမ်နှုန်းမြင့်အသံကို transducer ဟုခေါ်သော ကိရိယာမှတစ်ဆင့် နှလုံးဆီ ဖြတ်ခိုင်းပြီး ပဲ့တင် ပြန်လာတဲ့ အသံကို ပြန်ဖမ်းယူပြီး ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတီဗွီမျက်နှာပြင် ပေါ်မှာ ဗွီဒီယိုပုံရိပ်ဖော်ပေးပါသည်။ဤစစ်ဆေးမှုကို နှလုံးအထူးကုဆရာဝန်များမှ နှလုံးဖွဲ့စည်းပုံနှင့် ၎င်း၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန် အသုံးပြုပြီး  နှလုံးရောဂါရှာဖွေမူတွင် အသုံးပြုပါသည်။

    • နှလုံးကို လေ့ကျင့်ခန်းမလုပ်မီနှင့် လုပ်ပြီး ပုံရိပ်ဖော်စစ်ဆေးခြင်း (Exercise Stress Echocardiography)
    • ဆေးသွင်း၍ နှလုံး၏ အလုပ်လုပ်မှု ခံနိုင်စွမ်းအား စစ်ဆေးခြင်း (Dobutamine Stress Echocardiography)
    • လည်ချောင်းမှတဆင့်ပိုက်ထည့်ကာ     နှလုံး၏အလုပ်လုပ်မှု ခံနိုင်စွမ်းအားစစ်ဆေးခြင်း (Transesophageal Echocardiography TEE) 

    • Dynamic Electrocardiography (DCG) သို့မဟုတ် Holter Monitor

    Dynamic electrocardiography (DCG) သို့မဟုတ် Holter မော်နီတာသည် ဘက်ထရီတပ်ဆင်ထားပြီး သယ်ဆောင်ရလွယ်ကူသော ကိရိယာတစ်ခုဖြစ်ပြီး နှလုံး၏လျှပ်စစ်လှုပ်ရှားမှုကို ၂၄ နာရီအတွင်း ဆက်တိုက်တိုင်းတာပြီး မှတ်တမ်းတင်ပေးပါသည်။ ရင်တုန်ခြင်း သို့မဟုတ် ရုတ်တရက်မူးမေ့ခြင်း၏ အကြောင်းရင်းကို ဖော်ထုတ်ရန်နှင့် နှလုံးခုန်မမှန်ခြင်းကို စစ်ဆေးရန် အသုံးပြုပါသည်။

    • သွေးကြောများကို စစ်ဆေးခြင်း (Vascular Screening Test)

    သွေးကြောကျဉ်းခြင်း၊ ပိတ်ဆို့ခြင်းရှိ/ မရှိစစ်ဆေးပြီး နောင်တွင် နှလုံးရုတ်တရက်ဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်းတို့ဖြစ်စေနိုင်သော နှလုံး သို့မဟုတ် ဦးနှောက်သို့ သွားသည့် သွေးကြောများ ပိတ်ဆို့သွားနိုင်ချေရှိ/ မရှိစစ်ဆေးမှု ဖြစ်သည်။

    • စားပွဲအနိမ့်အမြင့်စောင်း၍ နှလုံးကိုစစ်ဆေးခြင်း (Tilt Table Test)

    စားပွဲအနိမ့်အမြင့်စောင်း၍ နှလုံးကိုစစ်ဆေးရာတွင် လူတစ်ဦး၏ အနေအထား (အလျားလိုက်မှ ဒေါင်လိုက်) ကို လျင်မြန်စွာ ပြောင်းလဲခြင်းနှင့် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းတုံ့ပြန်ပုံကို စမ်းသပ်ခြင်းဖြစ်သည်။ ရုတ်တရက် မူးမေ့ခြင်း၊ မူးမေ့သကဲ့သို့ခံစားရခြင်း၊ မူးဝေခြင်း သို့မဟုတ် မူးမေ့လဲလုနီးပါးဖြစ်ရသည့် အကြောင်းရင်းများကို ရှာဖွေရှာ၌ အသုံးပြုသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးဆိုင်ရာစစ်ဆေးခြင်း

    ဒုတိယထပ်၊ R Building၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်