Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နှလုံး​ရောဂါအထူးကုဌာန

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    နှလုံး​​ရောဂါဆို​သောအဓိပ္ပါယ်ကို နှစ်​​​​တွေအလိုက် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါသည်။ နှလုံး ဘယ်ဘက်​​အောက်ခန်း ကြွက်သား အားနည်းသည်ဟု ​ပြော​လေ့ရှိကြပြီး နှလုံးက ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အစိတ်အပိုင်း​တွေကို ​ထောက်ပံ့​​ပေးဖို့ ​သွေးလုံလောက်​စွာ ညှစ်ထုတ်မ​ပေးနိုင်​တော့ခြင်း ဟူ၍လည်း ဆိုကြပါသည်။ လက်ရှိ​အ​​နေအထားမှာ​​တော့ နှလုံး​​ရောဂါဆိုသည်မှာ ​ရောဂါတစ်ခုလို့ သတ်မှတ်ခြင်းထက် နှလုံးကြွက်သား​တွေရဲ့ ညှစ်အား ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်​ပေါ်လာ​သော လက္ခဏာတစ်ခုဟူ၍ ယူဆကြပါသည်။

    နှလုံးရောဂါ ဆိုတာ ဘာလဲ။

    နှလုံးရောဂါဆိုသောအဓိပ္ပါယ်ကို နှစ်တွေအလိုက် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါသည်။ နှလုံး ဘယ်ဘက်အောက်ခန်း ကြွက်သား အားနည်းသည်ဟု ပြောလေ့ရှိကြပြီး နှလုံးက ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးဖို့ သွေးလုံလောက်စွာ ညှစ်ထုတ်မပေးနိုင်တော့ခြင်း ဟူ၍လည်း ဆိုကြပါသည်။ လက်ရှိအနေအထားမှာတော့ နှလုံးရောဂါဆိုသည်မှာ ရောဂါတစ်ခုလို့ သတ်မှတ်ခြင်းထက် နှလုံးကြွက်သားတွေရဲ့ ညှစ်အား ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာတစ်ခုဟူ၍ ယူဆကြပါသည်။

    1. Systolic heart failure – နှလုံးခုန်တဲ့အချိန်မှာနှလုံးရဲ့အဓိကဘယ်ဘက်အောက်ခန်းကြွက်သားများသည် ပုံမှန် ကျုံ့နိုင် ဆန့်နိုင်ခြင်းမရှိတော့ဘဲအားနည်းလာပြီး ခန္ဓာကိုယ်ရဲ့တစ်သျူးများ အင်္ဂါအစိတ်အပိုင်းများကို သွေးလုံလောက်စွာ ထောက်ပံ့မပေးနိုင်တော့ခြင်းဖြစ်ပါသည်။
    2. Diastolic heart failure – နှလုံးသို့ သွေးပြန်လည်ဝင်လာသည့်အချိန်တွင် နှလုံးကြွက်သားများ တောင့်တင်းနေသောကြောင့် ကြွက်သားများပြန်လည်ပြေလျော့ရာမှာ ပုံမှန်မဟုတ်ခြင်း ဖြစ်ပါသည်။
    3. အထက်ပါလက္ခဏာနှစ်မျိုးစလုံးရှိခြင်း

    ထိုပုံမမှန်ခြင်းများသည် နှလုံးရောဂါလက္ခဏာများဖြစ်ပေါ်စေသော သွေးလည်ပတ်မှုဆိုင်ရာနှင့် neurohomonal system တွင် အပြောင်းအလဲများဖြစ်ပေါ်စေပါသည်။

    ရောဂါလက္ခဏာများသည် ကနဦးအဆင့်မှ ပြင်းထန်အဆင့်ထိ ရှိတတ်ပြီး မကြာခဏ ပြန်လည်ဖြစ်ပေါ်တတ်ပါသည်။

    နှလုံးရောဂါသည် ပြင်းထန်သောအခြေအနေတစ်ခုဖြစ်ပါသည်။ နှလုံးရောဂါလက္ခဏာအများစုသည်နာတာရှည်ရောဂါဖြစ်ပြီး ပြန်လည်ကောင်းမွန်ရန် ခဲယဥ်းပါသည်။ 

    သို့သော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ သင့်တော်သော ညွှန်ကြားမှုများဖြင့် လူနာကိုယ်တိုင်က ဂရုတစိုက် ဆေးပုံမှန်သောက်ခြင်းအားဖြင့်သော်လည်းကောင်း၊ ကျန်းမာသော လူနေမှုဘဝပြောင်းလဲခြင်းဖြင့်သော်လည်းကောင်း ရောဂါ လက္ခဏာများ တိုးတတ်ကောင်းမွန်စေပြီး အသက်ရှည်ရှည်နေထိုင်နိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အငန်လျှော့စားခြင်း၊ သင့်တော်သောကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနှင့်စိတ်ဖိစီးမှုလျှော့ချခြင်းကဲ့သို့သော လူနေမှုဘဝပြောင်းလဲခြင်းများသည်လည်း ကျန်းမာရေးပိုမိုတိုးတတ်ကောင်းမွန်စေပါသည်။ ထို့အပြင် လူနာအခြေအနေကိုနားလည်ပေးသော မိသားစုဝင်များ၊ သူငယ်ချင်းအပေါင်းအသင်းများ၏ အားပေးခြင်းသည်လည်း လူနာအပေါ် အထောက်အကူဖြစ်စေပါသည်။

    နှလုံးရောဂါ သဘောသဘာဝများ

    နှလုံးရောဂါသဘော သဘာဝများသည် ရှုပ်ထွေးပြီး ကောင်းစွာ နားလည်ရန်မလွယ်ကူပါ။ အမျိုးမျိုးသောသွေးလည်ပတ်မှုဆိုင်ရာ နှလုံးရောဂါများသည် နှလုံးညှစ်အားပုံမှန်မဟုတ်ခြင်းများ ဖြစ်ပေါ်စေပါသည်။ ထိုပုံမမှန်ခြင်းများသည် တခြား neurohormonal system များကို လှုံ့ဆော်ပေးပါပြီး ထိုလှုံ့ဆော်မှုများကြောင့် နှလုံးနှင့်သွေးလည်ပတ်မှုဆိုင်ရာပြောင်းလဲခြင်းများဖြစ်ပေါ်စေပါသည်။

    လူနာများအဓိကဖြစ်ပေါ်သောရောဂါလက္ခဏာများမှာ ခန္ဓာကိုယ်တစ်သျူး အင်္ဂါအစိတ်အပိုင်းများပျက်စီးစေသောအကြောင်းရင်းများဖြစ်သည့် ကိုယ်ခန္ဓာဖောရောင်ခြင်း နှင့် diastolic pressure တတ်ခြင်းများဖြစ်ပါသည်။

    နှလုံးညှစ်အား Ejection Fraction (EF)

    နှလုံးညှစ်အားဆိုသည်မှာ နှလုံးဘယ်ဘက်အောက်ခန်း လုပ်ဆောင်ချက်ကိုတိုင်းတာခြင်းဖြစ်ပါသည်။ 

    ၎င်းကို နှလုံးမှ တစ်ခါညှစ်ထုတ်လိုက်တိုင်းထွတ်ပေါ်လာသောသွေးပမာဏကို  ရာခိုင်နှုန်းဖြင့်တွက်ချက်ပါသည်။ ပုံမှန်နှုန်းမှာ ၅၀ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းနှင့် အထက် ဖြစ်ပါသည်။ နှလုံးညှစ်အား (EF) ကို များသောအားဖြင့်နှလုံးတီဗွီဓါတ်မှန် (Echocardiogram)၊ radioisotopes study၊ သွေးကြောဓါတ်မှန် (angiogram)၊ ကွန်ပျူတာဓါတ်မှန် CT scan၊ သံလိုက်ဓါတ်မှန် (MRI scan) နည်းများဖြင့် တိုင်းတာနိုင်ပါသည်။

    နှလုံးရောဂါ အမျိုးအစားများ

    နှလုံးရောဂါ အမျိုးအစားပေါင်းများစွာရှိပါသည်။ လက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေသောအမျိုးအစားများမှာ

    • ဘယ်ဘက်နှလုံးရောဂါ (အဖြစ်အများဆုံး)
    • ညာဘက်ရောဂါ
    • လတ်တလောဖြစ်ပေါ်သောနှလုံးရောဂါ (ဆေးရုံတတ်ရန်လိုအပ်လေ့ရှိပါသည်)
    • နာတာရှည်နှလုံးရောဂါ
    • နှလုံးညှစ်အား (EF) လျော့နည်းသော နှလုံးရောဂါ systolic heart failure
    • နှလုံးညှစ်အား (EF) နဂိုမူလအတိုင်းမပြောင်းလဲသော နှလုံးရောဂါ diastolic heart failure

    နှလုံးရောဂါ လက္ခဏာများ

    1. ကိုယ်ခန္ဓာဖောရောင်ခြင်း

    • အဆုတ်တွင် အသက်ရှုရခက်ခဲခြင်း၊ ပတ်လက်အနေအထားတွင် အသက်ရှုရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း (တချို့တွင် လှဲအိပ်လျှင်) သို့မဟုတ် အသက်ရှုလျှင် ရွှီရွှီအသံကြားရခြင်း
    • ခြေထောက်များရောင်ရမ်းခြင်း
    • ဝမ်းဗိုက်တွင် အသည်းရောင်ရမ်းပြီး နေရခက်ခြင်းနှင့် တခြားအစာအိမ်–အူလမ်းကြောင်းဆိုင်ရာလက္ခဏာများခံစားရခြင်း
    • ကိုယ်ခန္ဓာဖောရောင်ခြင်းကြောင့်ကိုယ်အလေးချိန်တတ်ခြင်း

    2. သွေးထောက်ပံ့မှု မလုံလောက်ခြင်းမှ

    • အားနည်းခြင်း၊ မောပန်းလွယ်ခြင်း
    • ဦးနှောက်ပိုင်းမှာဆိုလျှင် စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

    နှလုံးရောဂါ၏အခြေခံကြောင်းရင်းများ

    နှလုံးခုန်ချက်ပုံမှန်မဟုတ်ခြင်းနှင့် နှလုံးအားနည်းလက္ခဏာများဖြစ်ပေါ်စေသော နှလုံးအခြေအနေများ သို့မဟုတ် ရောဂါများ

    1. နှလုံးသွေးကြောရောဂါ – နှလုံးသွေးကြောရောဂါသည်အဖြစ်အများဆုံးနှလုံးရောဂါဖြစ်ပြီး ရောဂါဖြစ်ရခြင်းအခြေခံအကြောင်းရင်းဖြစ်သည်။
    2. သွေးတိုးရောဂါ
    3. နှလုံးကြွက်သားများထူပြီးမာနေခြင်း
    4. နှလုံးအစို့ရှင်ရောဂါ
    5. နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း (တချို့တွင် နှလုံးခုန်မြန်ခြင်း)
    6. ပိုးဝင်ခြင်းနှင့် ကိုယ်ခံအားဖြစ်စဥ်များ
    7. အရက်အလွန်အကျွံသောက်ခြင်းနှင့် တချို့သောဆေးဝါးများသုံးစွဲခြင်း
    8. တခြားများစွာသောအကြောင်းရင်းများ

    နှလုံးရောဂါကို မည်သို့သတ်မှတ်ပါသနည်း။

    1. ဆေးဘက်ဆိုင်ရာနောက်ကြောင်းရာဇဝင်များ

    2. ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း၊ အထူးသဖြင့်ကိုယ်ခန္ဓာဖောရောင်ခြင်းများစစ်ဆေးခြင်း

    3. ဓါတ်ခွဲစစ်ဆေးခြင်း

    • နှလုံးရောဂါအမည်တပ်ရန်အတွက် စစ်ဆေးခြင်း
      • သွေးဖောက်စစ်ဆေးခြင်း
      • နှလုံး ECG ဆွဲခြင်း
      • ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
      • နှလုံးတီဗွီဓါတ်မှန် Echocardiogram ရိုက်ခြင်း
      • နှလုံးညှစ်အားတိုင်းတာခြင်း
    • နှလုံးရောဂါဖြစ်စေသောအကြောင်းအရင်းရှာဖွေရန်စစ်ဆေးချက်များ
      • လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်၍ နှလုံးစစ်ဆေးခြင်း
      • နှလုံးသွေးကြောဓါတ်မှန် angigram ရိုက်ခြင်း
      • ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်း

    နှလုံးရောဂါကုသနည်းများ

    1. လူနေမှုဘဝပြောင်းလဲခြင်းသည်လည်းနှလုံးရောဂါလက္ခဏာများသက်သာစေပြီး ရောဂါပိုဆိုးခြင်းမှ ကာကွယ်ခြင်း သို့မဟုတ် လျော့နည်းခြင်းများဖြစ်စေပါသည်။ ထိုပြောင်းလဲခြင်းများမှာ

    • နေ့စဥ်ကိုယ်အလေးချိန်တိုင်းတာခြင်း။ ထိုသို့တိုင်းတာခြင်းသည် ကိုယ်ခန္ဓာောရောင်ခြင်းကို သတိပြုမိစေပါသည်။
    • အငန်လျှော့ စားသုံးခြင်း
    • ဆေးပုံမှန်သောက်ခြင်း
    • သင့်တော်သော လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း
    • ဆေးလိပ်မသောက်ခြင်း
    • ရောဂါလက္ခဏာပိုဆိုးလာလျှင် ဘာတွေဆောင်ရွက်ရမလဲဆိုတာသိခြင်း
    • အရက်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဥ်ခြင်း
    • ကိုယ်ခန္ဓာဖောရောင်နေသူများ အရည်သောက်သုံးမှု လျှော့ချခြင်း
    • သင့်တော်သောကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
    • အဆီနှင့်ကာဗိုဟိုက်ဒရိတ်အစာများ လျှော့ချစားသုံးခြင်း
    • စိတ်ဖိစီးမှု လျှော့ချခြင်း
    • အိပ်ရေးဝဝအိပ်ခြင်း။ အကယ်၍ အိပ်နေစဥ်ဟောက်တတ်လျှင် Sleep apnea test စစ်ဆေးသင့်ပါသည်။

    2. သောက်သုံးရန်ဆေးဝါးများ

    • Neurohormonal antagonists ဆေးများ
      Angiotensin-convertor enzyme inhibitors (ACIE) ဆေးများ
      Angiotensin ll receptor blockers (ARB) ဆေးများ
      Beta-blockers ဆေးများ
    • Non neurohormonal antagonists
      Diuretics ဆီးဆေးများ
      Combined Hydralazine and nitrate ဆေးများ
      Lanoxin ဆေးများ
      Inotropes ဆေးများ
    • တခြားသက်ဆိုင်ရာ ရောဂါလက္ခဏာအတွက်ဆေးများ
    • အန္တရာယ်ဖြစ်စေသောဆေးများရှောင်ကျဥ်ပါ။ လူနာသည် သက်ဆိုင်ရာကျန်းမာရေးအဖွဲ့နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။ 

    3. စက်ကိရိယာများဖြင့်ကုသခြင်း Devices treatment

    • နှလုံးပြန်လည်ချိန်ညှိခြင်းကုထုံး (CRT) သို့မဟုတ် အကူနှလုံးခုန်စက် (Biventricular pacing)တပ်ခြင်း။ သင့်တော်သောနည်းဖြင့်ကုသသောအခါ ရောဂါလက္ခဏာများသက်သာစေပြီး အသက်ရှည်ရှည်နေထိုင်နိုင်ပါသည်။
    • နှလံးခုန်နှုန်းပုံမှန်မဟုတ်သည့်အချိန်တွင် နှလုံးအားပုံမှန်ခုန်ချက်ရရှိရန် လျှပ်စစ်လျှော့ပေးသောပစ္စည်း Internal Cardioverter Defibrillator (ICD) သည်လည်း အသက်အန္တာရာယ်မှ ကာကွယ်နိုင်ပါသည်။ သို့သော် ရောဂါလက္ခဏာအပေါ်တွင်တော့အကျိုးမရှိနိုင်ပါ။
    • နှလုံးသွေးလည်ပတ်မှုကူညီပေးသောလျှပ်စစ်ပစ္စည်း Left Ventricular Assist Device (LVAD)၊ နှလုံးညှစ်ခန်း ၂ ခန်းလုံးလုပ်ဆောင်ချက်များကိုကူညီပေးသောပစ္စည်း Biventricular assist device များကို နှလုံးအစားထိုးကုသရန် သို့မဟုတ်  သက်တမ်းရင့် နှလုံးရောဂါများတွင်နောက်ဆုံးကုထုံးကုသရန် စောင့်ဆိုင်းနေသောလူနာများတွက် ပေါင်းကူးကုထုံးတစ်ခုအနေဖြင့် အသုံးပြုကြပါသည်။

    4. ခွဲစိတ်ကုသခြင်း

    • နှလုံးသွေးကြောဖြတ်ဆက် ကုသခြင်း – နှလုံးသွေးကြောကျဥ်းရောဂါသည် နှလုံးရောဂါဖြစ်စေခြင်းအကြောင်းရင်းဟု ယူဆလျှင်
    • နှလုံးအစို့ရှင်အစားထိုးကုသခြင်း နှလုံးအစို့ရှင်ချို့ယွင်းခြင်းသည် နှလုံးရောဂါဖြစ်စေခြင်းအကြောင်းရင်းဟု ယူဆလျှင်
    • သက်တမ်းရင့် နှလုံးရောဂါများတွင်   နှလုံးအစားထိုးကုသခြင်း

    ဘန်ကောက်နှလုံးဆေးရုံကြီးရှိ နှလုံးရောဂါကုသဆောင် နှင့် ရရိုနိုင်သောအကျိုးကျေးဇူးများ

    • နှလုံးရောဂါလူနာများအတွက် ဆွေးနွေးတိုင်ပင်ခြင်း
    • လူနာနှင့်မိသားစုဝင်များအတွက် ကျယ်ပြန့်သောအသိပညာပေးခြင်း
    • အထောက်အထားခိုင်လုံပြီး တူညီသောလုပ်ဆောင်ချက်များ မြှင့်တင်ပေးခြင်း
    • လိုအပ်လျှင်ဖုန်းနှင့် ထပ်မံဆက်သွယ်ပေးခြင်း
    • အတွင်းလူနာမှ ပြင်ပလူနာ အဆင့်မြင့်ပြောင်းရွှေ့ခြင်းအစီအစဥ်များ
    • ဘတ်စုံ စည်းမျဥ်းစည်းကမ်း စီမံခန့်ခွဲမှုဌာန
    • ဒေတာစုဆောင်းခြင်းနှင့်အနာဂတ်လက်တွေ့သုတေသနလုပ်ဆောင်ချက်များ

    ဘန်ကောက်နှလုံးဆေးရုံကြီး နှလုံးရောဂါပရိုဂရမ်ကို နိုင်ငံတကာပူးတွဲကော်မရှင် (JCI) မှ ၂၀၀၈ ခုနှစ်မှ စတင်၍  နိုင်ငံတကာအဆင့်မှီ နှလုံးရောဂါစောင့်ရှောက်မှုဌာနအဖြစ် အသိအမှတ်ပြုလက်မှတ်ရေးထိုးထားပါသည်။

    ရယူခဲ့သော လုပ်ဆောင်ချက်တိုင်းတာမှု ဒေတာများမှာ အောက်ပါတို့ပါဝင်ပါသည်။

    • ACEI/ARB (အတွင်းလူနာ ၈၄%)၊ Beta Blocker (အတွင်းလူနာ ၉၄%) နှင့် aldosterone antagonist ကဲ့သို့သော ညွှန်ကြားထားသောဆေးများ လမ်းညွှန်သုံးစွဲမှု ရာခိုင်နှုန်းအလွန်မြင့်မားခြင်း
    • လူနာများနှင့် မိသားစုဝင်များကို ဆေးရုံဆင်းညွှန်ကြားချက်များ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း (အတွင်းလူနာများတွင် ၉၈%)
    • ဆေးလိပ်ဖြတ်ရန် ဆွေးနွေးအကြံပေးခြင်း (အတွင်းလူနာများတွင် ၁၀၀%)
    • နှလုံးခုန်မမှန်သောလူနာများကို သွေးကျဲဆေးနှင့်ပတ်သတ်၍ သင့်တော်သောညွှန်ကြားချက်များပေးခြင်း (အတွင်လူနာများတွင် ၉၈%)
    • Device therapy ယူထားသောလူနာများအတွက် သင့်တော်သောဆွေးနွေးချက်များ ဆောင်ရွက်ပေးခြင်း (အတွင်းလူနာ)
    • ၁လအတွင်း ဆေးရုံပြန်တတ်ရနှုန်း လျော့နည်းခြင်း (၁၂%)

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံး​ရောဂါအထူးကုဌာန

    ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး

    (+66) 2755 1487

    (+66) 2755 1488

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်