Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နှလုံးပြန်လည်ထူထောင်ရေးဆေးခန်း

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း

    အကျဉ်း

    အစီအစဉ်

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    နှလုံးရောဂါဝေဒနာရှင်များနှင့် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားနေသူများကို ပြီးပြည့်စုံသောစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ထားပါသည်။

    နှလုံးကျန်းမာရေး ပြန်လည်‌‌ထူထောင်ရေးအစီအစဉ်သည် နှလုံးရောဂါဝေဒနာရှင်များနှင့် နှလုံးရောဂါဖြစ်နိုင်ချေ မြင့်မားနေသူများကို ပြီးပြည့်စုံသောစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ထားပါသည်။ 

    ခွဲစိတ်မှုမှတစ်ဆင့် အောင်မြင်စွာ ပြန်လည်ကျန်းမာကောင်းမွန်လာစေရန် လူနာနှင့် ၎င်းတို့၏မိသားစုဝင်များမှ ခွဲစိတ်မှုလုပ်ငန်းစဉ်များကို စေ့စေ့စပ်စပ် နားလည်ရန်လိုအပ်ပါသည်။ နှလုံးကျန်းမာရေးပြန်လည်ကောင်းမွန်ရန်စောင့်ရှောက်သောအဖွဲ့သည် ပျက်စီးနေသောတစ်ရှူးများအားပြန်လည်ကောင်းမွန်စေခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများလုပ်ဆောင်နေ စဥ်အတွင်း တစ်ဦးချင်းဆီကို ကူညီထောက်ပံ့ပေးပါသည်။ နှလုံးကျန်းမာရေးပြန်လည်ထူထောင်ရေး အစီအစဉ်သည် ကောင်းစွာတပ်ဆင်ထားသော ခေတ်မီနည်းပညာများနှင့်အတူ နှလုံးရောဂါအထူးကုဆရာဝန်များဖြင့် အချိန်ပြည့်ဆောင်ရွက်ပေးနေပါသည်။ လူနာနှင့်မိသားစုများအားပညာပေးခြင်းသည် နှလုံးကျန်းမာရေး ပြန်လည်ထူထောင်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူနာ၏နှလုံး အလုပ်လုပ်ပုံနှင့် မည်သည့်အရာများက ပိုမိုကောင်းမွန်သောကျန်းမာခြင်းကို ရရှိပိုင်ဆိုင်နိုင်သည်ကိုနားလည်စေရန်ကိုလည်း ကူညီပေးပါသည်။  

    ဘန်ကောက်နှလုံးဆေးရုံ၏ နှလုံးကျန်းမာရေးပြန်လည်‌‌ထူထောင်ရေးဆေးခန်းသည် ခေတ်မီနည်းပညာများ၊ လေ့ကျင့်သင်ကြားထားသောသမားတော်များနှင့် နှလုံးအထူးကုဆရာဝန်များဖြင့်အချိန်ပြည့် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။                                                                                                                                                 

    အကယ်၍ သင်သည် နှလုံးရောဂါ သို့မဟုတ် နှလုံးနှင့်ဆက်စပ်သောရောဂါများမှ ပြန်လည်ကောင်းမွန်လာပြီး သင့်ခွန်အားနှင့် ကြံ့ခိုင်မှုကို ပြန်လည်ရယူလိုပါက နှလုံးကျန်းမာရေးပြန်လည်ထူထောင်ရေးအစီအစဥ်၏အကျိုးကျေးဇူးများသည် သင့်အား ကျန်းမာတက်ကြွသောဘဝပုံစံသို့ ပြန်လည်ရောက်ရှိစေရန် ကူညီပေးနိုင်ပြီး အနာဂတ်တွင် နှလုံးသွေးကြောဆိုင်ရာရောဂါများ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာနိုင်မှုများလျော့နည်းသွားခြင်းကြောင့် သင်နှစ်သက်သောအရာများကို လုပ်ဆောင်ရန် ခွန်အားပိုမိုရရှိစေမှာဖြစ်ပါသည်။                                                                         

    နှလုံးကျန်းမာရေးပြန်လည်‌‌ထူထောင်ရေးဆေးခန်း၏ဝန်ဆောင်မှုများ                                                                                                                  

    1. လေ့ကျင့်ခန်းအခြေပြုသော နှလုံးကျန်းမာရေးပြန်လည်‌‌ထူထောင်ရေးအစီအစဉ်
    2. ရုပ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုကို လျှော့ချရန်အတွက် အပန်းဖြေအနားယူဆေးခန်း (လုပ်ဆောင်နေဆဲ)
    3. အာဟာရဆိုင်ရာ အကြံဉာဏ်ပေးခြင်း
    4. EECP (Enhanced external counter pulsation)     

    နှလုံးကျန်းမာရေးပြန်လည်‌‌ထူထောင်ရေးဆိုတာဘာလဲ။

    နှလုံးကျန်းမာရေးပြန်လည်‌‌ထူထောင်ရေးသည် နှလုံးရောဂါဝေဒနာရှင်များအား လျင်မြန်စွာ နာလန်ထပြန်လည်ကောင်းမွန်လာစေရန်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေရန် လေ့ကျင့်ခန်းအစီအစဉ်များကို  ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမှ ကြီးကြပ်လုပ်ဆောင်စေခြင်း၊ ပညာပေးခြင်းနှင့် ဘဝနေထိုင်မှုပုံစံပြောင်းလဲမှုများကို လမ်းညွှန်ပေးခြင်း အစီအစဉ်ဖြစ်ပါသည်။

    နှလုံးကျန်းမာရေးပြန်လည်‌‌ကျန်းမာထူထောင်ရေးအစီအစဥ်၏ အကျိုးကျေးဇူးတွေကဘာတွေလဲ။                                                                      

    • နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှု နှေးကွေးခြင်း
    • သေဆုံးမှုနှုန်းကို လျှော့ချနိုင်ခြင်း
    • နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်း
    • နှလုံးကျန်းမာရေးအတွက် အန္တရာယ်ရှိသောအခြေအနေများကို ကောင်းစွာထိန်းချုပ်နိုင်ခြင်း
    • လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်း
    • ဘဝအရည်အသွေးကို မြှင့်တင်ပေးခြင်း  

    နှလုံးကျန်းမာရေးပြန်လည်‌‌ထူထောင်ရေးအစီအစဥ်၏ကောင်းကျိုးများကို မည်သူတွေရရှိနိုင်ပါသလဲ။

    (၁) နှလုံးရောဂါ လူနာမျာ

    • နှလုံးသွေးကြောကျဉ်းခြင်းကြောင့်
    • ရင်ဘတ်အောင့်ခြင်း (Stable angina)
    • ရုတ်တရက်နှလုံးကြွက်သားပျက်စီးခြင်းဖြစ်ပြီး နှလုံးရောဂါလူနာများ (Post acute myocardial infarction)
    • နှလုံးသွေးကြောကျဥ်းခြင်းကိုသွေး‌ကြောဖြတ်ဆက်၍ အစားထိုးခွဲစိတ်ကုသခြင်းနှင့် အခြားသောနှလုံးခွဲစိတ်မှုခံယူထားသူများ
    • နှလုံးသွေးကြောကျဉ်းကို ပြုပြင်ထားသူများ (Post angioplasty)
    • နှလုံးလုပ်ဆောင်ချက်အားနည်းသူများ
    • နှလုံးကြွက်သားအားနည်းသူများ
    • နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ကုသမှုယူထားသူများ
    • Pacemaker ထည့်ထားသူများ     

    (၂) သတိပြုသင့်သူများ                                                                                                                                                                                                                                        

    • ဆီးချိုရောဂါရှိသူများ
    • သွေးတိုးရောဂါရှိသူများ
    • သွေးတွင်းအဆီဓာတ်မြင့်သူများ
    • အဝလွန်သူများ                                                                                                                                                                                                                                          

    အဆုတ်ရောဂါများ၊ သွေးကြောဆိုင်ရာရောဂါများ၊ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါများ၊ ကင်ဆာရောဂါ စသည့်လူနာများနှင့် သက်ကြီးရွယ်အိုလူနာများအတွက်လည်း ဤနှလုံးကျန်းမာရေးပြန်လည်ကောင်းမွန်စေရန် လေ့ကျင့်မှုအစီအစဉ်မှ အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးပြန်လည်ထူထောင်ရေးဆေးခန်း

    (+66) 2310 3031

    (+66) 2755 1031

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်