Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နှလုံးသွေးကြောရောဂါအထူးကုဆေးခန်း

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    Catheterization နှလုံးအထူးကုဆေးခန်း သွေးကြောဆိုင်ရာ သွေးကြောများ၏ အခြေအနေအတွက် စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းနှင့် ရောဂါရှာဖွေခြင်း ဝန်ဆောင်မှုများ ပေးဆောင်ရန် အဆင်သင့်ဖြစ်နေပါပြီ။ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများနှင့် နှလုံးသွေးကြောကျဉ်းရောဂါရှိသော လူနာများအတွက် ကုသမှုနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှုများ ပေးဆောင်ပါ။ သို့မဟုတ် သွေးကြောများ မူမမှန်ခြင်း ရှိ၊

    နှလုံးသွေးကြောအထူးကုဆေးခန်း (Interventional Cardiology Clinic) တွင် 

    နှလုံးရောဂါများကို ခွဲစိတ်ရန်မလိုပဲ (catheter-based) သေးငယ်သောပိုက်ပြွန်များကို အသုံးပြု၍ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို အဓိကထားဆောင်ရွက်ပေးပါသည်။ ပိုက်ပြွန်များကိုအသုံးပြုသောကုသမှုများနှင့် စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်းများဖြင့် နှလုံးကြွက်သားပုပ်ခြင်း (myocardial infarction) နှင့်  သွေးကြောအတွင်းရှိအဆီများ (atherosclerotic plaques) ကြောင့် နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း အစရှိသည့် နှလုံးသွေးကြောဆိုင်ရာရောဂါအခြေအနေအမျိုးမျိုးတို့ကို ကုသပေးပါသည်။

    နှလုံးသွေးကြောဆိုင်ရာရောဂါများကုသရာတွင် catheter ဟုခေါ်သော ရှည်လျားသောပါးလွှာသည့်ပိုက်ပြွန်ကို ပေါင်ခြံ၊ လည်ပင်း သို့မဟုတ် လက်မောင်းတွင်ရှိသော သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောမှတစ်ဆင့် နှလုံးတွင်ရှိသောသွေးကြောများအထိ ပိုက်ပြွန်ကို ထည့်သွင်းထားရပါသည်။ ဓာတ်မှန်အကူအညီဖြင့် ဆိုးဆေးကို ထိုးသွင်းပြီးနောက် နှလုံးတွင်ရှိသောသွေးကြောများ၏ မူမမှန်မှုကို ဆုံးဖြတ်ရသည်။ ကျဉ်းနေသောသွေးလွှတ်ကြောသို့ ပိုက်ပြွန်၏ထိပ်ဖျားရောက်ရှိပြီးနောက် ထိပ်ဖျားတွင်တပ်ဆင်ထားသည့်ထောက်တိုင် (stent) ကို ဖုံးအုပ်ထားသောပူဖောင်းကို လေထည့်သွင်း၍ ဖောင်းလာအောင်လုပ်သည်။ ပူဖောင်းထိပ်ဖျားသည် သွေးလွှတ်ကြောနံရံများပေါ်ရှိ  အဆီခဲများကို (plaque) ဖိချ၍ နှလုံးသွေးကြောချဲ့ခြင်းကို balloon angioplasty ဟုခေါ်သည်။ အဆီခဲများကို ဖိပြီးနောက်တွင် ဖောင်းထားသောပူဖောင်းကို လေပြန်ထုတ်၍ ပြားအောင်ပြုလုပ်ကာ နှလုံးသွေးကြောထောက်တိုင် (stent) ဖြင့်သွေးကြောချဲ့ခြင်းကို coronary stent implantation ဟုခေါ်သည်။ ထိုထောက်တိုင်ကို သွေးလွှတ်ကြောကို ပွင့်နေအောင် ကူညီပေးရန်အတွက် သွေးကြောထဲတွင် ချန်ခဲ့ရပါသည်။ ကုသမှုရလဒ်များ ပိုမိုကောင်းမွန်စေရန်အတွက် အခြားဆေးဘက်ဆိုင်ရာကိရိယာများကို အသုံးပြုရန်လိုအပ်နိုင်ပါသည်။ 

    လူနာအရေးပေါ်အခြေအနေမျိုးတွင် လူနာနှင့် မိသားစုဝင်များအား ကုသမှုအစီအစဉ်များကို ရှင်းလင်းစွာဆွေးနွေးပေးပါမည်။ ကုသမှုအစီအစဉ်နှင့်ပြင်ဆင်မှုများ သို့မဟုတ် ဆေးမကုသမှီညွှန်ကြားချက်များအပြင် အစားထိုးရွေးချယ်စရာကုသနည်းများနှင့် ၎င်းတို့၏ကောင်းကျိုးဆိုးကျိုးများကိုလူနာများနှင့် မိသားဝင်စုများ သိရှိသဘောပေါက်စေရန်အတွက် ကုသမှုမခံယူမီနှင့်ကုသမှုအပြီးတွင် ရှင်းလင်းပြောကြားပေးမည်။

    နှလုံးသွေးကြောချဲ့ကုသခြင်းသည် သာမန်နှလုံးခွဲစိတ်မှုဆိုင်ရာကုသခြင်းထက် ထိုးဖောက်၍ခွဲစိတ်ရသောလုပ်နည်းများ နည်းပါးသောကြောင့် နာကျင်မှုနည်းပါးခြင်း၊ ဆေးရုံတက်ရန် ရက်တိုတောင်းခြင်းနှင့် ပြန်လည်နာလန်ထချိန် ပိုမိုမြန်ဆန်ခြင်း အစရှိသည့်ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရပါသည်။ 

    • Percutaneous Coronary Intervention (PCI) နှလုံးသွေးကြောချဲ့ကုသခြင်း –  (balloon angioplasty and stent implantation) ပူဖောင်း သို့မဟုတ် နှလုံးသွေးကြောထောက်တိုင် တို့ကို အသုံးပြု၍ ကုသခြင်း
      • Fractional Flow Reserve (FFR)- နှလုံးသွေးကြော၏ အစိတ်အပိုင်းတစ်ခုအတွင်းတွင်ရှိသော သွေးပေါင်ချိန်နှင့်သွေးစီးဆင်းနှုန်းကို တိကျစွာတိုင်းတာနိုင်သည့် (guide wire-based) ဝိုင်ယာကြိုးအခြေခံသော လုပ်ထုံးလုပ်နည်း
      • Rotablation- Rotablation ဆိုသည်မှာ အဆီခဲ (plaque)နှင့် ကျောက်မှုန့်ခဲများ (calcified deposits) များကို ချေဖျက်သည့်လုပ်ငန်းစဉ်ဖြစ်သည်။ အဆီခဲများကိုချေဖျက်မည့်ပြွန်ပိုက်ကို နှလုံးသွေးကြောကျဉ်းနေသည့်အစိတ်ပိုင်းအထိ တိကျစွာထည့်ရမည်။ ပိုက်ပြွန်၏ထိပ်ဖျားတွင်တပ်ဆင်ထားသည့် အရှိန်မြန်စွာလှည့်နိုင်သောဒလက်ဖြင့် သွေးကြောနံရံများပေါ်ရှိ အဆီခဲလွှာများအား ကြိတ်ချေပစ်သည်။ ထိုသို့ချေပစ်လိုက်သည့် သေးငယ်လှသောအဆီအမှုန့်အမွှားများသည် သွေးစီးကြောင်းနှင့်အတူပါသွားပါမည်။
      • Intravascular ultrasound (IVUS) ဆိုသည်မှာ အထူးစီမံထုတ်လုပ်ထားသည့်ပြွန်ပိုက် ကိုအသုံးပြု၍ ပိုက်၏အစွန်းတစ်ဖက်တွင် အသေးစားအာထွာဆောင်းစက်ကိုတပ်ဆင်အသုံးပြုပြီး ဆေးဘက်ဆိုင်ရာပုံရိပ်ဖော်စစ်ဆေးမှုစနစ်တစ်ခုဖြစ်သည်။ နှလုံးသွေးလွှတ်ကြော၏နံရံများဖွဲ့စည်းတည်ဆောက်ထားပုံကို ပုံရိပ်ဖော်၍သိရှိနိုင်ရန်အတွက် ပိုက်၏အခြားအစွန်းတစ်ဖက်တွင် ကွန်ပြူတာဖန်သားပြင်ကိုတပ်ဆင်ထားသည်။ ထိုဖန်သားပြင်မှ နှလုံးသွေးကြောကျဉ်းခြင်းနှင့်သွေးကြောပိတ်ခြင်း၏ အခြေအနေများကို ကောင်းစွာတွေ့မြင်နိုင်ပြီး နှလုံးသွေးကြောချဲ့နေသည့်အခါ တပ်ဆင်ရမည့်သွေးကြောထောက်တိုင်များ နေရာတိကျစွာထားရှိနိုင်ပါသည်။
    • Balloon Valvuloplasty- Balloon valvuloplasty ဆိုသည်မှာ မာကြောတောင့်တင်းနေသည့် နှလုံးအဆို့ရှင်ကြောင့် ပိတ်နေသည့်အပေါက်ကို အဆို့ရှင်အားခွဲစိတ်ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခွဲစိတ်ခြင်းမရှိဘဲ ဘောလုံးဖြင့် အပေါက်ပြန်လည်ပွင့်လာအောင်ကုသခြင်းဖြစ်သည်။ catheter ဟုခေါ်သောပြွန်ပိုက်ကို ပေါင်ခြံရှိသွေးကြောတစ်ခုထဲသို့ထည့်သွင်းပြီး သွေးလွတ်ကြောမကြီးမှတဆင့် နှလုံးအတွင်းသို့ ထည့်ရသည်။ ပိုက်ပြွန်ထိပ်သည် မာကြောတောင့်တင်းနေသည့်အဆို့ရှင်သို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် နှလုံးသွေးကြောဆိုင်ရာအထူးကုဆရာဝန်ကြီးမှ အဆို့ရှင်များပွင့်လာစေရန် ပိုက်ထိပ်တွင်တပ်ဆင်ထားသော ဘော်လုံးကိုလေးထည့်သွင်းရသည်။ အပေါက်လည်ပြန်ပွင့်လာသည့်အခါ ပူဖောင်းအတွင်းမှလေကိုပြန်ထုတ်၍ ပိုက်ပြွန် (catheter) ကိုပြန်လည်ဖယ်ရှားသည်။
    • မွေးရာပါနှလုံးရောဂါများ
      • ASD Closure နှလုံးအပေါ်ခန်း အလယ်နံရံပိတ်ခြင်း –  atrial septal defect (ASD) ဆိုသည်မှာ နှလုံးအပေါ်ခန်းအလယ်နံရံ အပေါက်ပါခြင်းဖြစ်သည်။ နှလုံးအထူးကုဆရာဝန်သည် ပိုက်ပြွန်အတွင်းမှ အထူးကိရိယာတစ်ခုကို ကလေး၏နှလုံးအတွင်းသို့တပ်ဆင်၍ ထိုအပေါက်ကိုပြန်ပိတ်ရသည်။
      • နှလုံးသွေးကြောအပိုပါသည့်ရောဂါ Patent Ductus Arteriosus (PDA) –  Patent Ductus Arteriosus ဆိုသည်မှာ ကလေးမွေးပြီးပြီးချင်းတွင် ductus arteriosus ဟုခေါ်သောသွေးကြောသည် အလိုလျောက်မပိတ်ဘဲ ကျန်ရှိနေသဖြင့်  ဘယ်ဘက်နှလုံးမှ အောက်ဆီဂျင်ပါသောသွေးတစ်ချို့သည် သွေးလွှတ်ကြောကြီးတစ်ဆင့် အဆုတ်သို့ ပြန်စီးဆင်းစေသည် ရောဂါဖြစ်သည်။  ထိုရောဂါရှိသောကလေးများကို ပြွန်ပိုက်များမှတစ်ဆင့် အပိုပါသောသွေးကြောကို ပိတ်နိုင်သည်။
    • ခြေလက်တွင်ရှိသွေးလွှတ်ကြောရောဂါ
    • ပြွန်ပိုက်၊ ထောက်တိုင် နှင့် ဘောလုံးတို့ကို အသုံးပြု၍ နှလုံးနှင့်မဆိုင်သော ကျဉ်းနေသည့်သွေးကြောများကို ကုသခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးသွေးကြောရောဂါအထူးကုဆေးခန်း

    ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)
    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)

    54,000 - 250,000 ဘတ်

    အသေးစိတ်
    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များနှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ
    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ

    264,500 - 1,037,000 ဘတ်

    အသေးစိတ်
    မွေးရာပါနှလုံးအပေါက်ရောဂါ (ASD) ကိုကုသရန်အတွက်အထူးပက်‌ကေ့ဂျ် ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးပြီးနာလန်ထချိန်မြန်ဆန်ခြင်းမွေးရာပါနှလုံးအပေါက်ရောဂါ (ASD) ကိုကုသရန်အတွက်အထူးပက်‌ကေ့ဂျ် ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးပြီးနာလန်ထချိန်မြန်ဆန်ခြင်း
    မွေးရာပါနှလုံးအပေါက်ရောဂါ (ASD) ကိုကုသရန်အတွက်အထူးပက်‌ကေ့ဂျ် ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးပြီးနာလန်ထချိန်မြန်ဆန်ခြင်း

    506,000 - 531,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်