Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နှလုံးစည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    အကျဉ်း

    နှလုံးစည်းချက်မမှန်ခြင်းအကြောင်းရင်းများ

    နှလုံးစည်းချက်မမှန်ခြင်းအမျိုးအစားများ

    ကုသမှု

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအမျိုးအစားများမှာ အဘယ်နည်း။

    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအမျိုးအစားများမှာ – 

    • နှလုံးအပေါ်ခန်းတွင်ဖြစ်သောနှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း (နှလုံးအပေါ်ခန်း ၂ ခန်းတွင်အရင်းခံသော နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း)
    • နှလုံးအပေါ်ခန်းစောစီးစွာညှစ်ခြင်း (PACs)
      • နှလုံးအပေါ်ခန်းခုန်နှုန်းမြန်၍ တလှပ်လှပ်ခုန်ခြင်း နှင့် နှလုံးအပေါ်ခန်း ခါရမ်းခြင်း
      • ရုတ်တရက်နှလုံးအပေါ်ခန်းခုန်နှုန်းမြန်ခြင်း
        • လျှပ်စီးကြောင်းအပိုကြောင့်ဖြစ်သောအခြေအနေ
        • AV node နှင့်ဆက်နွယ်သောအခြေအနေ
      • နှလုံးအပေါ်ခန်းခုန်နှုန်းမြန်ခြင်း
      • SA node ပျက်စီးခြင်း
    • နှလုံးအောက်ခန်းတွင်ဖြစ်သောနှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း (နှလုံးအောက်ခန်း ၂ ခန်းတွင်အရင်းခံသော နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း)
      • နှလုံးအောက်ခန်းစောစီးစွာညှစ်ခြင်း (PVCs)
      • နှလုံးအောက်ခန်းများ ခုန်နှုန်းမြန်ခြင်း (V-tach)
      • နှလုံးအောက်ခန်းခုန်နှုန်းမြန်၍ တလှပ်လှပ်ခုန်ခြင်း
    • နှလုံးခုန်နှုန်းနှေးခြင်း
    • နှလုံးပိတ်ဆို့ခြင်း
    • ထူးခြားသောအခြေအနေတစ်ခုကြောင့် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း
      • ECG တွင် Q-T ရှည်လျားခြင်းရောဂါ (Long QT Syndrome)
      • Brugada Syndrome
      • ရုတ်တရက်နှလုံးညာဖက်အောက်ခန်း နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း (Arrhythmogenic right ventricular dysplasia)
    • နှလုံးအပေါ်ခန်းစောစီးစွာခုန်ခြင်း – သည် ပုံမှန်နှလုံးခုန်ခြင်းဖြစ်စဉ်မစတင်ခင် နှလုံးအပေါ်ခန်းများမှ စောစီး၍ အပိုခုန်ခြင်းမျိုးဖြစ်ပြီး များသောအားဖြင့် အန္တရာယ်မဖြစ်စေနိုင်၍ ကုသမှုခံယူရန်မလိုအပ်ပါ။
    • နှလုံးအပေါ်ခန်းခုန်နှုန်းမြန်၍ တလှပ်လှပ်ခုန်ခြင်း (Atrial fibrillation) – သည် လွန်စွာအဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး နှလုံးအပေါ်ခန်း ၂ ခန်း ခုန်နှုန်းမြန်ခြင်း၊ စည်းချက်မမှန်ခြင်းကြောင့် နှလုံးအပေါ်ခန်းများ တလှပ်လှပ်ဖြစ်ခြင်းဖြစ်ပါသည်။ AF ကြောင့် နှလုံးအောက်ခန်းများကိုလည်း ခုန်နှုန်းမြန်စေနိုင်ပါသည်။ AF ကိုထိန်းချုပ်ရန် သောက်ဆေးများဖြင့်လည်းကောင်း၊ ပြင်ပမှလျှပ်စီးကြောင်းဖြင့် နှလုံးလျှပ်စီးကြောင်းပြုပြင်ခြင်းနည်းဖြင့်လည်းကောင်း ကုသမှုပေးနိုင်ပြီး ယခုအခါ ပိုမိုထိရောက်သော သွေးကြောမှတစ်ဆင့် နှလုံးလျှပ်စီးကြောင်းအပို မီးရှို့ကုသခြင်း နည်းလမ်းဖြင့်လည်း ကုသနိုင်ပြီဖြစ်ပါသည်။
    • နှလုံးအပေါ်ခန်းခုန်နှုန်းမြန်၍ နှလုံးအပေါ်ခန်း ခါရမ်းခြင်း – သည် နှလုံး၏အပေါ်ခန်းတွင် ၁ ခုသို့မဟုတ် ၁ ခုထက်ပိုသော လျှပ်စီးကြောင်းအပိုများကြောင့်ဖြစ်ပေါ်လာသော ရောဂါအခြေအနေတစ်ခုဖြစ်ပါသည်။ AF (atrial fibrillation) ဟုခေါ်သော နှလုံးအပေါ်ခန်းခုန်နှုန်းမြန်၍ တလှပ်လှပ်ခုန်ခြင်းနှင့် ကွာခြားချက်မှာ နှလုံးအပေါ်ခန်းခါယမ်းခြင်း (atrial flutter) သည် ပိုမို၍ တိကျ၊ စည်းချက်ညီညာစွာ ခုန်နှုန်းမြန်ခြင်းဖြစ်ပြီး atrial flutter မှတစ်ဆင့် AF (atrial fibrillation) သို့ ကူးပြောင်းသွားလေ့ရှိပါသည်။
    • ရုတ်တရက်နှလုံးအပေါ်ခန်းခုန်နှုန်းမြန်ခြင်း (PSVT) – သည်များသောအားဖြင့် စည်းချက်ညီညီနှလုံးခုန်နှုန်းမြန်ခြင်းမျိုးဖြစ်ပြီး နှလုံး၏အောက်ခန်းများ၏ အပေါ်ဖက်မှ အခြေပြုသော ရောဂါအခြေအနေမျိုးဖြစ်ပါသည်။ PSVT သည် ရုတ်တရက်စတင်ဖြစ်ပေါ်၍ ရုတ်တရက်ပြန်လည်ကောင်းမွန်သွားတတ်ပါသည်။ PSVT ၂ မျိုးမှာ – နှလုံးအပေါ်ခန်းနှင့်အောက်ခန်းကြား လျှပ်စီးကြောင်းပတ်လမ်းအပိုကြောင့်ဖြစ်သော PSVT နှင့် AV node အတွင်း လျှပ်စီးကြောင်းအပိုဝင်ခြင်းကြောင့်ဖြစ်သော PSVT တို့ဖြစ်ကြပါသည်။
      • နှလုံးအပေါ်ခန်းနှင့်အောက်ခန်းကြား လျှပ်စီးကြောင်းပတ်လမ်းအပိုကြောင့်ဖြစ်သော PSVT – သည် နှလုံးအပေါ်ခန်းနှင့် အောက်ခန်းကြားတွင် ပုံမှန်မဟုတ်သော လျှပ်စီးကြောင်းပတ်လမ်းအပိုတစ်ခုရှိနေခြင်းကြောင့် နှလုံးခုန်မြန်ရသော အခြေအနေတစ်ခုဖြစ်ပါသည်။
      • AV node အတွင်း လျှပ်စီးကြောင်းအပိုဝင်ခြင်းကြောင့်ဖြစ်သော PSVT – သည် AV node အတွင်းသို့ ၁ခုထက်ပိုသောလျှပ်စီးကြောင်းအပိုများ စီးဝင်ခြင်းကြောင့်ဖြစ်ပေါ်လာသော အခြေအနေဖြစ်ပါသည်။ အထက်ပါ PSVT ၂မျိုးလုံးသည် မပြင်းထန်သော အခြေအနေများတွင် အသက်ဝအောင်ရှူသွင်း၍အောင့်ထားပြီး နှလု့းခုန်နှုန်းနှေးအောင်လုပ်ခြင်း၊ သောက်ဆေးများ၊ ကျန်းမာရေးဝန်ထမ်းတို့၏အကူအညီတို့ဖြင့် သက်သာပျောက်ကင်းနိုင်ပြီး ပြင်းထန်သောအခြေအနေများတွင် သွေးကြောမှတစ်ဆင့် နှလုံးလျှပ်စီးကြောင်းအပို မီးရှို့ကုသခြင်း ဖြင့်ပျောက်ကင်းအောင်ကုသနိုင်ပါသည်။
    • နှလုံးအောက်ခန်းခုန်နှုန်းပိုခြင်း (PVC) – သည် အဖြစ်အများဆုံး နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအခြေအနေတစ်ခုဖြစ်ပြီး လူတိုင်းနီးပါးကြုံတွေ့ဖူးသော နှလုံးစည်းချက်တစ်ခုကျော်သွားသည့် ခံစားချက်မျိုးဖြစ်စေပါသည်။ PVC သည် နှလုံးရောဂါအခံ မရှိသူများ (ဥပမာ – ကဖင်းဓာတ်၊ nicotine ဟုခေါ်သောဆေးရွက်ကြီး သုံးစွဲမှုများသူများ၊ စိတ်ဖိစီးမှုများသူများ) တွင်သာမက နှလုံးရောဂါအခံရှိသူများ၊ ခန္ဓာကိုယ်တွင်းဓာတ်ဆားဓာတ် မညီမျှသူများတွင်လည်းဖြစ်နိုင်ပါသည်။ PVC မကြာခဏ ခံစားနေရသူများသည် နှလုံးအထူးကုဆရာဝန်များနှင့် ကုသစစ်ဆေးရန်လိုအပ်သော်လည်း အများစုမှာ ပြင်းထန်သောအခြေအနေမျိုးမဟုတ်ပဲ ကုသမှုခံယူရန်လိုအပ်လေ့မရှိပါ။
    • နှလုံးအောက်ခန်းများခုန်နှုန်းမြန်ခြင်း (V-tach) – သည်နှလုံး၏အောက်ခန်း၂ခန်း၏ခုန်နှုန်းမြန်ခြင်းဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် နှလုံး၏အောက်ခန်းအတွင်သွေးများဝင်ရောက်ချိန်မလုံလောက်၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ နှလုံးမှ ညှစ်ထုတ်ပေးသောသွေးပမာဏ လျော့နည်းသွားပါသည်။ ဤကဲ့သို့သော နှလုံးခုန်နှုန်းမမှန်ခြင်းသည် ပြင်းထန်လေ့ရှိပြီး နှလုံးရောဂါအခံရှိသူများအနေဖြင့် အခြားသောနောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သဖြင့် နှလုံးအထူးကုဆရာဝန်ကြီးများနှင့် ကုသထိန်းချုပ်ရန်လိုအပ်ပါသည်။
    • နှလုံးအောက်ခန်း၂ခန်း ခုန်နှုန်းမြန်၍ တလှပ်လှပ်ခုန်ခြင်း VF (ventricular fibrillation) – သည် နှလုံးအောက်ခန်းများမှ စီစဉ်တကျမဟုတ်သောလျှပ်စီးကြောင်းများထုတ်လွှတ်ခြင်း ကြောင့်ဖြစ်ပေါ်လာသော အခြေအနေဖြစ်ပါသည်။ ထိုသို့သောအခြေအနေတွင် နှလုံးအောက်ခန်းများသည် တဖျတ်ဖျတ်ခုန်နေပြီး ခန္ဓာကိုယ္တစ်ခုလုံးသို့ သွေးညှစ်ထုတ်ပေးရန်မစွမ်းဆောင်နိုင်တော့ပေ။ VF သည် အသက်အန္ဓရာယ်အား ဒုက္ခပေးနိုင်သော အရေးပေါ်အခြေအနေတစ်ခုဖြစ်ရာ အရေးပေါ်အသက်ကယ်နည်းလမ်းများဖြစ်သော ရင်ဘတ်ပေါ်မှဖိနှိပ်၍ CPR နည်းဖြင့်လည်းကောင်း၊ နှလုံးရှော့ခ်ရိုက်ခြင်း (defibrillation) ဖြင့်လည်းကောင်း အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါသည်။
    • QT ရှည်လျားခြင်း (Long QT Syndrome) – သည် ဖြစ်လေ့ဖြစ်ထရှိသောရောဂါတစ်ခုမဟုတ်သော်လည်း “torsade de pointes” ဟုခေါ်သော အသက်အန္တရာယ်ဒုက္ခပေးနိုင်သည့် နှလုံးအောက်ခန်းခုန်နှုန်းမြန်သည့် အခြေအနေကို ဖြစ်စေနိုင်ပါသည်။ ၎င်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်ခုဖြစ်ပြီး လူငယ်များတွင် ရုတ်တရက်နှလုံးရပ်သေဆုံးခြင်းဖြစ်ပွားနိုင်သည်အထိ ပြင်းထန်နိုင်ပါသည်။ QT interval ဆိုသည်မှာ နှလုံး၏ ညှစ်နေသောအခြေအနေမှ ပြန်လည်ပြေလျော့သွားချိန်ထိ ရောက်ရှိရန်လိုအပ်သော အချိန်အတိုင်းအတာတစ်ခုကို ကိုယ်စားပြုပါသည်။ တစ်နည်းအားဖြင့် လျှပ်စီးကြောင်းထုတ်လွှတ်ချိန်နှင့် လျှပ်စီးကြောင်းအသစ်တစ်ခု ပြန်လည်ထုတ်လွှတ်ရန်ပြင်ဆင်ချိန် ကြားကာလကို ကိုယ်စားပြုပါသည်။ Long QT Syndrome ကိုကုသမှုနည်းလမ်းများမှာ – နှလုံးခုန်နှုန်းစည်းချက်မှန်အောင်ထိန်းညှိပေးသည့်ဆေးများ၊ နှလုံး pacemaker စက်တပ်ခြင်း၊ ပြင်ပမှုလျှပ်စီးကြောင်းဖြင့် နှလုံးလျှပ်စီးကြောင်းပြုပြင်ခြင်း၊ နှလုံးရှော့ခ်ရိုက်ခြင်း  (defibrillation)၊ သွေးကြောမှတစ်ဆင့် နှလုံးလျှပ်စီးကြောင်းအပို မီးရှို့ကုသခြင်း (ablation) တို့ဖြစ်ပါသည်။
    • Brugada Syndrome – သည် စပိန်နိုင်ငံမှ နှလုံးအထူးကုဆရာဝန်ကြီးများဖြစ်သော Pedro Brugada နှင့် Joseph Brugada တို့ကို ကိုယ်စားပြု၍ အမည်မှည့်ထားသော ရောဂါဖြစ်ပြီး ထိုင်းနှင့်လာအို အစရှိသော အရှေ့တောင်အာရှနိုင်ငံများတွင် လူငယ်အမျိုးသားများ ရုတ်တရက်နှလုံးရပ်သေဆုံးခြင်းအထိ ဖြစ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ Brugada Syndrome သည် နှလုံးရောဂါအခံမရှိသော လူငယ်များတွင်လည်းဖြစ်တတ်ပြီး ECG ပုံရိပ်တွင် ST elevation ဖြင့်ဖော်ပြလေ့ရှိပါသည်။
    • နှလုံးခုန်နှုန်းနှေးခြင်း – သည် နှလုံး၏လျှပ်စီးကြောင်းစနစ်မှအစပြုသော ရောဂါတစ်မျိုးဖြစ်ပြီး SA node ပျက်စီးခြင်း၊ နှလုံးပိတ်ဆို့ခြင်းနှင့် အချို့သောနှလုံးထိခိုက်စေနိုင်သော ဆေးများ၏ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်လေ့ရှိပါသည်။
    • SA node ပျက်စီးခြင်း (Sinus node dysfunction) – တွင် SA node သည် ပုံမှန်အလုပ်မလုပ်နိုင်ခြင်းကြောင့် နှလုံးခုန်နှုန်းနှေးကွေးနေတတ်ပါသည်။ ပြင်းထန်သောအခြေအနေများတွင် နှလုံး pacemaker စက်တပ်ခြင်းဖြင့် ကုသမှုပေးရပါသည်။
    • နှလုံးပိတ်ဆို့ခြင်း (heart block) – သည် SA node မှထုတ်လွှတ်သောလျှပ်စီးကြောင်းသည် နှလုံးအောက်ခန်းထဲသို့ စီးဝင်ရန်နှောင့်နှေးခြင်း (သို့မဟုတ်) မစီးဆင်းနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထိုသို့မစီးဝင်နိုင်ခြင်းမှာ AV node သို့မဟုတ် Bundle of His ဟုခေါ်သောလျှပ်စီးလမ်းကြောင်းအစုအဝေးတွင် ပိတ်ဆို့မှုကြောင့် ဖြစ်တတ်ပါသည်။ ထိုအခြေအတွေင် နှလုံးခုန်နှုန်းနှေးကွေးနေတတ်ပြီး ရောဂါပြင်းထန်သောလူနာများတွင် နှလုံး pacemaker စက်တပ်ခြင်းဖြင့်ကုသမှုပေးရပါသည်။

    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကို မည်သို့စမ်းသပ်သိရှိနိုင်သနည်း။

    ECG/EKG ဟုခေါ်သောနှလုံးလျှပ်စီးကြောင်း ECG ဆွဲခြင်း

     ပုံမှန် ECG                             
     
    https://www.bangkokhospital.com/media/download/Arrhythmia.5.jpg
     
    နှလုံးခုန်နှုန်းမြန်ခြင်း (ပုံမှန်စည်းချက်)     
    https://www.bangkokhospital.com/media/download/Arrhythmia.7.jpg
     
    နှလုံးခုန်နှုန်းနှေးခြင်း
    https://www.bangkokhospital.com/media/download/Arrhythmia.8.jpg
     
     နှလုံးခုန်စည်းချက်မမှန်ခြင်း

    https://www.bangkokhospital.com/media/download/Arrhythmia.9.jpg
     
    12 Leads ECG                  
    https://www.bangkokhospital.com/media/download/Arrhythmia.10.jpg

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးစည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း

    ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး

    (+66) 2755 1487

    (+66) 2755 1488

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    နှလုံးခုန်နှုန်းစည်းချက်မှန်/မမှန်စစ်ဆေးခြင်းပက်ကေ့ဂျ်နှလုံးခုန်နှုန်းစည်းချက်မှန်/မမှန်စစ်ဆေးခြင်းပက်ကေ့ဂျ်
    နှလုံးခုန်နှုန်းစည်းချက်မှန်/မမှန်စစ်ဆေးခြင်းပက်ကေ့ဂျ်

    9,900 ဘတ်

    11,340 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်