ဒါရိုက်တာ၏စာချွန်လွှာ
ဘန်ကောက်နှလုံးဆေးရုံ (BHT) မှ ကြိုဆိုပါတယ်။ Bangkok Dusit Medical Service (BDMS) ၏ဦးဆောင်စီစဥ် မှုအောက်တွင် ထိုင်းနိုင်ငံ၏ပထမဆုံးသော ပုဂ္ဂလိကနှလုံးဆေးရုံအဖြစ် စတင်ပေါ်ထွက်လာခဲ့ပါတယ်။ 1972 ခုနှစ် ကတည်းက ဘန်ကောက်ဆေးရုံ သို့မဟုတ် ဘန်ကောက်ဆေးဘက်ဆိုင်ရာစင်တာ ကို စတင်တည်ထောင်ခဲ့ပြီး ဘန်ကောက်နှလုံးစင်တာကို 1989 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး 2005 ခုနှစ်တွင် ဘန်ကောက်နှလုံးဆေးရုံအဖြစ် သို့ အမည်ပြောင်းခဲ့ပါတယ်။
ဘန်ကောက်နှလုံးဆေးရုံကြီးသည် ဘန်ကောက်ဆေးရုံကြီးအနီးရှိ Kitipan အဆောက်အအုံတွင်တည်ရှိပြီး၊ BDMS ဆေးရုံများ၊ Bangkok General Hospital (BGH)၊ Wattanosoth ကင်ဆာဆေးရုံ (WSH)၊ ပြန်လည်ကျန်းမာ သန်စွမ်းရေးဆေးရုံနှင့် ဘန်ကောက်နိုင်ငံတကာဆေးရုံ (BIH) တို့သည် ဘန်ကောက်ဆေးရုံကြီးဝန်းအတွင်း တည်ရှိပါသည်။ ဘန်ကောက်နှလုံးဆေးရုံ နာတာရှည်နှင့် ရှုပ်ထွေးသော နှလုံးသွေးကြောဆိုင်ရာစောင့်ရှောက်မှုအတွက် အဆင့်မြင့်ဆေးရုံ ဘန်ကောက်နှလုံးဆေးရုံတွင် နှလုံးသွေးကြောကုသခုတင် ၇၇ လုံး၊ ပထမထပ်တွင်ပြင်ပလူနာဌာန၊ ဓာတ်မှန်ရိုက်ဓာတ်ခွဲခန်း၊ နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းဆေးခန်း၊ ဒုတိယထပ်တွင် နှလုံးအားနည်းခြင်းကုသဆေးခန်း၊ တတိယထပ်တွင် နှလုံးကျန်းမာရေးခွဲစိတ်စောင့်ရှောက်မှုဌာန (CCU Surgery)၊ စတုတ္ထထပ်တွင် နှလုံးကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးဌာနနှင့်(CCU Medicine)၊ intermediate CCU၊ ပဉ္စမထပ်နှင့် ခြောက်ထပ်တွင် နှလုံးရောဂါလူနာများကုသဆောင် တို့ရှိပါသည်။ ဘန်ကောက်နှလုံးဆေးရုံသည် နိုင်ငံတကာလူနာ 30-40% ရှိသော နိုင်ငံတကာဆေးရုံတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့တွင် ကျွမ်းကျင်သောနှလုံးကျန်းမာရေးကုသအဖွဲ့ရှိပြီး အလွန်ကောင်းမွန်သောရလဒ်များ၊ တိုးတက်အတွက် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ဘန်ကောက်နှလုံးဆေးရုံသည် ထိုင်းလူမျိုးများ၊ အာဆီယံလူနာများ၊ အရှေ့အလယ်ပိုင်းလူနာများနှင့် ကမ္ဘာတဝှမ်းရှိလူနာများ၏ နှလုံးသွေးကြောဆိုင်ရာစောင့်ရှောက်မှုအတွက် အရေးကြီးသောနေရာဖြစ်လာမည်ဟု မျှော်လင့်ပါသည်။
နှလုံးရောဂါအကြောင်းဆိုလျှင် ဘန်ကောက်နှလုံးဆေးရုံ (BHT) ကိုသတိရပါ။

ဒေါက်တာ Kriengkrai Hengrussamee။
ဘန်ကောက်နှလုံးဆေးရုံညွှန်ကြားရေးမှူး။