Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    သတိပြုစရာ အသည်းကင်ဆာ သို့ တိတ်တဆိတ်လူသတ်သမား

    6 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 12 ဒီ 2025
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    Tripled benefits offered for “Breast Cancer Screening”
    သတိပြုစရာ အသည်းကင်ဆာ သို့ တိတ်တဆိတ်လူသတ်သမား
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 12 ဒီ 2025

    အသည်းကင်ဆာရောဂါသည် ထိုင်းနိုင်ငံတွင် သေဆုံးမှုအများဆုံးရောဂါများထဲတွင် တခုဖြစ်သည်။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားသည်။ အသည်းကင်ဆာဖြစ်ပွားစေနိုင်သော အကြောင်းရင်းများတွင် အသည်း‌ရောင်အသားဝါ ဘီပိုး၊ စီပိုး ကူးစက်ခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် ဖြစ်သည်။ အများအားဖြင့် အသည်းကင်ဆာရောဂါသည် ထိရောက်စွာ ကုသမှုခံယူရန် အချိန်နှောင်းတဲ့အထိ ရောဂါဖြစ်နေကြောင်းကို မသိရှိတာမျိုးဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရောဂါကို ကြိုတင်သိရှိနိုင်ရန် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းများကို ပြုလုပ်ရန် အရေးကြီးပါသည်။

    အသည်းကင်ဆာ

    အသည်းသည် လူခန္ဓာကိုယ်၏ ရှုပ်ထွေးသော လုပ်ငန်းများဖြစ်သည့် အဆိပ်အတောက်သန့်စင်ခြင်း၊ ဇီဝဖြစ်ပျက်မှုများ၊ အစာချေရည် bile ထုတ်လုပ်ပေးခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ပိုလျှံနေသော သကြားဓာတ်နှင့် အဆီဓာတ်များကို သိုလှောင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်သော အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းတခုဖြစ်သည်။ အသည်းကင်ဆာဆိုသည်မှာ မိမိ၏ အသည်းတွင်ရှိသော ဆဲလ်များတွင် ဖြစ်သော ကင်ဆာတမျိုးဖြစ်သည်။ နာတာရှည် ကူးစက်ရောဂါပိုးဝင်ခြင်း၊ အရက်ကို အလွန်အကျွံသောက်သုံးခြင်း နှင့် အသည်းခြောက်ခြင်းတို့ကြောင့် အသည်းထိခိုက်ပျက်စီးပြီး အသည်းဆဲလ်မှဖြစ်သော အသည်းကင်ဆာ ဖြစ်စေနိုင်ပါသည်။ ပုံမှန်မဟုတ်သော အသည်းဆဲလ်များ ထိန်းချုပ်၍ မရနိုင်လောက်အောင် ကြီးထွားလာသည့်အခါ အသည်းကင်ဆာ စတင်ဖြစ်ပေါ်လာပါသည်။ အသည်းကင်ဆာလူနာအများစုသည် ရောဂါကနဦးအဆင့်တွင် လက္ခဏာတစုံတရာမပြတတ်ပါ။

    အသည်းကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းများ

    • နာတာရှည် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးကြောင့်ဖြစ်သော အသည်းခြောက်ခြင်း
    • အရက်အလွန်အကျွံသောက်သုံးခြင်း
    • အသည်းအဆီဖုံးခြင်း
    • ဆီးချိုရောဂါ
    • အဝလွန်ခြင်း
    • aflatoxins မှိုပိုးများပါဝင်သော မြေပဲနှင့် ငရုတ်သီးမှုန့် စားသုံးမိခြင်း

    Chat with Us


    สัญญาณเตือนมะเร็งตับ

    ရောဂါလက္ခဏာများ

    • ဗိုက်အပေါ်ပိုင်း အောင့်ခြင်း
    • အသည်းကြီးခြင်း၊ ညာဘက်နံရိုးအောင့်တွင် အလုံးအကျိတ်အနေဖြင့် စမ်းမိခြင်း
    • အစားအသောက်ပျက်ခြင်း၊ ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန်ကျသွားခြင်း
    • မျက်လုံးဝါခြင်းနှင့် အသားဝါခြင်း
    • ပျို့အန်ခြင်း

    Chat with Us


    ရောဂါရှာဖွေခြင်း

    အသည်းကင်ဆာရောဂါကို အောက်ပါ စစ်ဆေးမှုများ၊ စက်များဖြင့် ရောဂါရှာဖွေနိုင်ပါသည်။

    • အာထရာ‌ဆောင်း – သည် မကြာခဏဆိုသလို ပထမဆုံး ပုံရိပ်ဖော်၍  ရောဂါရှာဖွေရာတွင် အသုံးပြုသည်။ အကယ်၍ အာထရာဆောင်းတွင် ပုံမှန်မဟုတ်လျှင် တခြားသော ပုံရိပ်ဖော်စစ်ဆေးမှု နည်းလမ်းများဖြင့် ရောဂါရှာဖွေရန် လိုအပ်သည်။
    • အသည်းကင်ဆာဇီဝအမှတ်အသား – အယ်လဖာဖီတို ပရိုတိန်း Alpha-fetoprotein blood test (AFP) ဟု ခေါ်သော အသည်းကင်ဆာဇီဝအမှတ်အသားသည် အသည်းကင်ဆာရှိ မရှိ ရောဂါရှာဖွေရာတွင် အသုံးပြုသည်။ အကယ်၍ အသည်းတွင်အကျိတ်ရှိသောသူတွင် အသည်းကင်ဆာဇီဝ အမှတ်အသား များနေခြင်းသည် အသည်းကင်ဆာဖြစ်နေသော လက္ခဏာတခုဖြစ်နိုင်သည်။
    • ဆေးသွင်းပြီး ကွန်ပျူတာဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း –  ခန္ဓာကိုယ်၏ အနေအထားအသေးစိတ်ကို အပိုင်းခွဲ၍ပုံရိပ်အဖြစ် ပြသပေးသည်။ ထိုပုံရိပ်ဖော်နည်းပညာသည် ကျောက်ကပ်ဆိုးရွားသော အချို့သော လူနာများတွင် အသုံးပြုရန် မသင့်လျော်ပါ။
    • သံလိုက်ဓာတ်မှန်ဖြင့် ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း – ခန္ဓာကိုယ် တစ်ရှူးများ၏ ပုံရိပ်အသေးစိတ်ကို ဖော်ပြနိုင်သည်။ သံလိုက်ဓာတ်မှန်ပုံရိပ်ဖော်နည်းပညာသည် အသည်းအကျိတ်များကို ရှာဖွေရာတွင် အလွန်အသုံးဝင်သည်။ တခါတရံ ကင်ဆာမဟုတ်သောအကျိတ် သို့မဟုတ် ကင်ဆာအကျိတ်ကို ခွဲခြားပေးနိုင်သည်။ ထိုနည်းပညာသည် ခန္ဓာကိုယ်တွင် သတ္တူထည့်သွင်းထားသော လူနာများတွင် အသုံးပြု၍ မရပါ။
    • အသည်းတစ်ရှူးအသားစယူခြင်း – သက်ဆိုင်ရာ ဆရာဝန်သည် သင်၏ ခန္ဓာကိုယ်မှတဆင့် သေးငယ်သော အပ်ထည့်သွင်းပြီး အသည်းတွင်း အသားစကိုယူသည်။ ထိုနောက် ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲကျွမ်းကျင်ဆရာဝန်ကြီးများမှ မိုက်ခရိုစကုတ်ဖြင့် အသားစတွင် ကင်ဆာဆဲလ်ရှိ၊ မရှိစစ်ဆေးသည်။

    Make an Appointment


    วิธีการรักษามะเร็งตับ

    အသည်းကင်ဆာကုထုံများ

    အသည်းဆဲလ်မှ ဖြစ်သော အသည်းကင်ဆာအတွက် ကုထုံးများသည် ရောဂါအဆင့်များအပေါ်မူတည်သည်။ ကုသမှုနည်းလမ်းများမှာ

    • ခွဲစိတ်ကုသခြင်း – တချို့သော ရောဂါအခြေအနေတွင် ကုသမှုပေးသည့်ဆရာဝန်သည် အသည်းကင်ဆာကို ခွဲစိတ်ကုသရန် အကြုံပြုနိုင်သည်။ ထို့အပြင် ကင်ဆာအကျိတ်ဘေးတွင်ရှိသော ပုံမှန် အသည်းအသားစများကိုပါ ခွဲစိတ်ရန်လိုနိုင်သည်။ ထိုကြောင့် မခွဲစိတ်ခင် လူနာ၏ အသည်းလုပ်ဆောင်ချက်များမှာ ပုံမှန်ဖြစ်ရန် လိုအပ်သည်။ အသည်းကင်ဆာလူနာ၏ ၁၀ – ၂၀ ရာခိုင်နှုန်းသာလျှင် ခွဲစိတ်ကုသခြင်းဖြင့် ကုသနိုင်သည်။
    • ရေဒီယိုအသံလှိုင်းသုံးပြုကာ အပူပေးကုသခြင်း Radiofrequency ablation (RFA) – အာထရာဆောင်း သို့ ကွန်ပျူတာဓာတ်မှန်ဖြင့် ကင်ဆာဆဲလ်ရှိသည့်နေရာကို ညွှန်ပြပြီး လျှပ်စီးကြောင်း အသုံးပြု၍ အပူပေးပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးသည်။ ထိုကုထုံးသည် သေးငယ်သော ကင်ဆာအကျိတ်များကို ကုသရန်အတွက် အသုံးပြုသည်။
    • ကင်ဆာအကျိတ် သေးသွားစေရန်၊ ပိုမိုကြီးထွားမလာစေရန် ဓာတု‌ဆေးဝါးဖြင့် အသည်းသွေးကြောပိတ်ဆို့ကုသခြင်း Transarterial chemoembolization (TACE) – အသည်းကင်ဆာအကျိတ်ကို ထောက်ပံ့ပေးလျက်ရှိသော သွေးကြောထဲသို့ ဓာတုဆေးသွင်းပြီး သွေးကြောပိတ်အောင်ပြုလုပ်သည့် နည်းလမ်း (embolization) ကို အသုံးပြုခြင်းဖြစ်သည်။ ထိုကုသမှုသည် ခွဲစိတ်မှုမပြုလုပ်နိုင်သော အသည်းကင်ဆာကို ကုသရန်တွင် အသုံးပြုသည်။ အရွယ်အစား ၇-၁၀ စင်တီမီတာရှိသော ကင်ဆာအကျိတ်များကို ကုသရန်တွင် အသုံးပြုများသော ကုထုံးတခုဖြစ်သည်။ တချို့သော လူနာများတွင် ကင်ဆာ၏ အရွယ်အစား၊ အရေအတွက်နှင့် ကင်ဆာတည်နေရာကို မူတည်၍ တခြားကုထုံးများပါ ထပ်မံကုသမှုခံယူရန် လိုအပ်သည်။
    • Microwave ablation –  မိုက်ခရိုဝေ့စွမ်းအင်အသုံးပြုကာ အပူပေးကုသခြင်းသည်  ရေဒီယိုအသံလှိုင်း အသုံးပြုကာ အပူပေးကုသခြင်း နှင့် ကုသမှု ဆင်တူသည်။ ကုသမှုပေးသည့် ကိရိယာတံမှတဆင့် မိုက်ခရိုဝေ့စွမ်းအင် အပူထုတ်ပေးပြီး ပုံမှန်မဟုတ်သော အကျိတ်များကို ဖျက်ဆီးပစ်သည်။ ကင်ဆာအကျိတ်သည် အရွယ်အစားအားဖြင့် ၅ စင်တီမီတာထက် သေးရမည်ဖြစ်သည်။ အာထရာဆောင်း သို့ ကွန်ပျူတာဓာတ်မှန်အသုံးပြုပြီး ကင်ဆာတည်နေရာကို ရှာဖွေကာ ကုသမှုပေးနိုင် သည်။
      Fusion Ultrasound (ပုံရိပ်ဖော်နည်းပညာများပေါင်းစပ်ခြ

    Make an Appointment


    FUSION ULTRASOUND เทคโนโลยีช่วยในการรักษามะเร็งตับ

    Fusion Ultrasound (ပုံရိပ်ဖော်နည်းပညာများပေါင်းစပ်ခြင်း) – အသည်းကင်ဆာကုသမှုများတွင် ရလဒ်များတိုးတက်လာခြင်း

    အသည်းကင်ဆာကုထုံးများသည် လူနာ၏ အသက်၊ ရောဂါအခံ၊ မိမိအကြိုက် ကုထုံးရွေးချယ်ခြင်း အပြင် ရောဂါ၏ပြင်းထန်မှု အဆင့်အပေါ် မူတည်၍ ကုသသည်။ အသည်းကင်ဆာကို ခွဲစိတ်ကုသသောနည်းလမ်းများတွင် အသည်းကင်ဆာအကျိတ်ကို ဗိုက်ဖွင့်ခွဲစိတ်ကုသခြင်း (open surgery) နှင့် အသေးငယ်ဆုံးခွဲစိတ်ရာဖြင့် ခွဲစိတ်ခြင်း (minimally invasive local surgery) နည်းလမ်းတို့ ရှိသည်။ ထိုအသေးငယ်ဆုံးခွဲစိတ်ရာဖြင့် ခွဲစိတ်ခြင်းကုထုံးတွင်
    ကုသမှုပေးသည့် ဓာတ်မှန်ဆိုင်ရာ အထူးကုဆရာဝန်ကြီး (interventional radiologist) မှ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာကို အသုံးပြု၍ ကင်ဆာအကျိတ်များကို ရှာဖွေခြင်းနှင့် အပူပေးဖျက်ဆီးခြင်းများပြုလုပ်နိုင်သည်။ ထိုကုထုံးသည် ဆေးရုံတက်ရောက်ရသည့်ရက်တိုခြင်း နှင့် နောက်ဆက်တွဲဆိုးကျိုးများနည်းသည်။ ထိုပုံရိပ်ဖော်နည်းပညာသည် ကုသမှုပေးသည့် ဆရာဝန်အား ယုံကြည်မှုအပြည့်အဝဖြင့် ကုသမှုပေးရန် ကူညီပေးသည်။

    ထိုကဲ့သို့ နည်းပညာအဆင့်မြင့်လာခြင်းအတူ ပုံရိပ်ဖော်နည်းပညာများပေါင်းစပ်ခြင်း (Fusion Imaging) ကဲ့သို့သော နည်းပညာအသစ်ပုံရိပ်ဖော်နည်းပညာလည်း ရှိလာခဲ့သည်။ထိုနည်းပညာသည် ကွန်ပျူတာဓာတ်မှန်/သံလိုက်ဓာတ်မှန်ပုံဖော်နည်းပညာနှင့် တိုက်ရိုက်အာထရာဆောင်းနည်းပညာ ပေါင်းစပ်ပြီး ရောဂါရှာဖွေရန်ခက်ခဲသော လူနာများတွင် ယုံကြည်မှုရှိရှိ၊ တိတိကျကျ၊ ဆုံးဖြတ်ချက်ချ ရောဂါရှာဖွေနိုင်သည်။ အချိန်နှင့် တပြေးညီ ပုံရိပ်ဖော်ပေါင်းစပ်ခြင်း နည်းပညာများသည် မတူညီသော ပုံရိပ်ဖော်နည်းပညာ (၂) ခုကို တပြိုင်နက်တည်း ပေါင်းစပ်အသုံးချပြီး လေးဘက်မြင်ပုံရိုပ်အဖြစ် ဖော်ပြ၍ ရောဂါကို တိကျစွာရှာဖွေနိုင်သည်။ ထို့အတူ စစ်ဆေးသည့်ဆရာဝန်မှလည်း ခန္ဓာကိုယ်တွင်း အင်္ဂါများနှင့် ကင်ဆာအကျိတ်များ ရှင်းလင်းစွာ မြင်နိုင်သည်။

    ထိုပုံရိပ်ဖော်နည်းပညာများပေါင်းစပ်ခြင်း နည်းပညာအသစ်သည် စစ်ဆေးပေးသည့်ဆရာဝန်ကို အသည်းတွင်ရှိသည့် ကင်ဆာအကျိတ်ကို ရှင်းလင်းပြတ်သားစွာနှင့် တိကျသေချာစွာ ပြသပေးနိုင်သည်။

    ထို့အပြင် ကုသမှုပေးနေစဉ်အတွင်း စောင့်ကြည့်ခြင်းနှင့် ပစ်မှတ်ထားကုသမှုပေးခြင်းအတွက်ပါ အသုံးပြုသည်။ လူနာအနေဖြင့်လည်း ထိရောက်သော ကုသမှုကိုခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးနည်းနိုင်သည့်အပြင် လျှင်မြန်စွာ နာလန်ထသက်သာလာမည်။

    အသည်းကင်ဆာရောဂါကို စောစီးစွာသိရှိနိုင်ခြင်းဖြင့် ကုထုံးများစွာကို ရွေးချယ်ကုသနိုင်ပေသည်။ တခါတရံတွင် အသည်းကင်ဆာရောဂါသည် နောက်ဆုံးအဆင့်ရောက်သည့်တိုင် ရောဂါလက္ခဏာများ မပြသနိုင်သဖြင့် ရောဂါအစောပိုင်းအဆင့်တွင် ရောဂါသိရှိနိုင်ရန် ခက်ခဲနိုင်ပါသည်။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးပေးခြင်းဖြင့်  အသည်းကင်ဆာကို စောစီးစွာ သိရှိနိုင်သလို အသည်းရောင်အသားဝါဘီပိုး၊ စီပိုး ရောဂါကူးစက်ခြင်းကဲ့သို့သော အန္တရာယ်ကို သိရှိနိုင်သည်။ ထို့အပြင် ကျန်းမာသော အစားအစာများ စားသုံးခြင်း၊ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလှုပ်ရှားခြင်း၊ အရက်အလွန်အကျွံသောက်သုံးမှု ရှောင်ရှားခြင်းဖြင့်လည်း အသည်းကင်ဆာဖြစ်စေနိုင်သော အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

    Chat with Us

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကင်ဆာရောဂါဆိုင်ရာဓာတ်ရောင်ခြည်စင်တာ

    မြေအောက်ထပ်(B1)

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၅ နာရီ

    (+66) 2755 1188 (Cancer Hotline 8:00 AM - 8:00 PM)

    (+66) 2310 3000 (After 8:00 PM)

    1719 (Local Calls Only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    Tripled benefits offered for “Breast Cancer Screening”Tripled benefits offered for “Breast Cancer Screening”
    Tripled benefits offered for “Breast Cancer Screening”

    4,000 - 56,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    ကင်ဆာကို ရပ်တန့်ရန်နှင့် ကုသရန် ရည်ရွယ်သော ဆေးဝါးများ Image
    AI
    ကင်ဆာကို ရပ်တန့်ရန်နှင့် ကုသရန် ရည်ရွယ်သော ဆေးဝါးများ
    ပြည့်စုံသော Genomic Profiling သည် ကင်ဆာ၏ မျိုးရိုးဗီဇကုဒ်ကို တစ်ဦးချင်းသတ်မှတ်သည့်ပုံစံဖြင့် စစ်ဆေးသည်။ Image
    AI
    ပြည့်စုံသော Genomic Profiling သည် ကင်ဆာ၏ မျိုးရိုးဗီဇကုဒ်ကို တစ်ဦးချင်းသတ်မှတ်သည့်ပုံစံဖြင့် စစ်ဆေးသည်။
    Immunotherapy ကင်ဆာလူနာများကို ကုသရန် (Immunotherapy) ဆန်းသစ်တီထွင်မှု Image
    AI
    Immunotherapy ကင်ဆာလူနာများကို ကုသရန် (Immunotherapy) ဆန်းသစ်တီထွင်မှု
    ကျန်းမာ