Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ခေတ်မှီ da Vinci Xiစက်ရုပ်နည်းပညာဖြင့်ခွဲစိတ်ရာအသေးငယ်ဆုံးသောအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှု

    8 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Wutthi Sumetchotimaytha

    Bangkok Cancer Hospital

    အပ်ဒိတ်လုပ်သောနေ့: 20 ဇန် 2026
    Dr. Wutthi Sumetchotimaytha
    Dr. Wutthi Sumetchotimaytha
    Bangkok Cancer Hospital
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    Tripled benefits offered for “Breast Cancer Screening”
    ခေတ်မှီ da Vinci Xiစက်ရုပ်နည်းပညာဖြင့်ခွဲစိတ်ရာအသေးငယ်ဆုံးသောအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှု
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 20 ဇန် 2026

    အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများသည် အသက်အရွယ်မရွေးလူတိုင်းတွင် ဖြစ်ပေါ်နိုင်ပါသည်။ အစာရေမျိုပြွန်၊ အစာအိမ်၊ အသည်း၊ သည်းခြေအိတ်၊ အူသိမ် နှင့် အူမကြီးမှစ၍ အစာဟောင်းအိမ်အထိ အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် အပေါ် များပြားလှစွာသောအကြောင်းအရာအခြေအနေများက သက်ရောက်မှုပြုနိုင်ပါသည်။ အမျိုးမျိုးသောအကြောင်းအရာများမှ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေရန်လှုံ့ဆော်မှုပေးနိုင်ပါသည် ဥပမာအားဖြင့် ဗိုင်းရပ်စ် နှင့် ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ရောင်ရမ်းမှုဖြစ်ခြင်း၊ အစာခြေအက်စစ်ပြန်ကန်တက်မှု နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အကျင့်များ ဥပမာ အရက်သောက်သုံးခြင်း။ ရောဂါြပင်းထန်မှုပမာဏသည် အပျော့စားအခြေအနေမှ စ၍ အသက်အန္တရာယ်ထိခိုက်မှု ပေးနိုင်သည့်အခြေအနေများဖြစ်သော အစာရေမျိုပြွန်ကင်ဆာ၊ အူမကြီးနှင့်ဝမ်းအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာများအပါအဝင် အမျိုးမျိုးဖြစ်နိုင်ပါသည်။ တချို့သောအစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာများ အထူးသဖြင့် အစောပိုင်းအဆင့်တွင် သိရှိမိသောကင်ဆာများ တွင် ခွဲစိတ်ကုသမှုသည် အကောင်းဆုံးရွေးချယ်ကုသမှု တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသေးသည်။ ခွဲစိတ်ကုသမှုတွင် ဆေးဘက်ဆိုင်ရာအဆင့်အတန်း တိုးတက်မြင့်မားလာမှုများက ပြောင်းလဲမှုအရှိန်အဟုန်များကို ဆက်လက်မြှင့်တင်ပေးနေခဲ့ပြီး အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှုလိုအပ်သော လူနာများအတွက်လည်းပိုမိုကောင်းမွန်သောကုသမှုရလဒ်များ ရရှိစေပါသည်။ နောက်ဆုံးပေါ်ခေတ်မှီစက်ရုပ်နည်းပညာကုသမှုစနစ် Da Vinci Xi သည် ခွဲစိတ်နေစဉ်ပုံရိပ်ဖော်လေ့လာခြင်း၊ အဆင့်မြင့်ခွဲစိတ်ကိရိယာများနှင့် ခွဲစိတ်ရာတွင် ခန္ဓာကိုယ်အတွင်း ဝင်ရောက်ရှိနိုင်မှု များအပါအဝင် ခွဲစိတ်ကုသမှုနယ်ပယ်တွင်လိုအပ်သော လက်ရှိနည်းပညာများအာလုံးကို လိုက်လျောညီစွာ နှင့် ချော့မွေ့စွာ ပေါင်းစပ်တပ်ဆင်ထားသောနည်းပညာဖြစ်သည်နှင့်အညီ ခွဲစိတ်ဆရာဝန်အား သေးငယ်သောခွဲစိတ်ရာများမှတဆင့် ရောက်ရှိရန်ခက်ခဲသော ခွဲစိတ်ကုသရမည့်နေရာများ၌ ထိုးဖောက်ဝင်ရောက်မှုအနည်းဆုံးခွဲစိတ်ကုသမှုကို ဆောင်ရွက်စေနိုင်ပါသည်။ Da Vinci Xi စက်ရုပ်နည်းပညာသည် နာကျင်မှုသက်သာပြီး ခွဲစိတ်မှုအချိန်ကို တိုတောင်းစေ၍ ခွဲစိတ်ကုသပြီး‌ နောက်ဆက်တွဲ ပြသာနာများ ဖြစ်ပေါ်မှုအခွင့်အလမ်းကို အမှန်တကယ်လျော့နည်းစေပါသည်။


    အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှုတွင် တိုးတက်လာမှုများ

    ခွဲစိတ်ကုသမှုသည် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာကင်ဆာတွေ့ရှိထားသောလူနာများ ကုသရာ၌ အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။ ၎င်းသည် ရောဂါကိုကန့်သတ်ထိန်းချုပ်ခြင်းနှင့် ကပ်လျှပ် သို့မဟုတ် အ‌ဝေးရှိ အင်္ဂါအစိတ်အပိုင်း များသို့ ပျံ့ နှံ့မှု အခွင့်အလမ်းလျော့နည်းစေရုံသာမက အချိန်မှီဆောင်ရွက်နိုင်သောခွဲစိတ်ကုသမှုသည် လူနာများ၏ ဘဝနေထိုင်မှုအရည်အသွေးကို ပြန်လည်ရရှိစေနိုင်ပါသည်။ အစာ‌ရေမျိုပြွန်၊ အူမကြီးနှင့်ဝမ်းအိမ် နှင့် အစာအိမ်ကင်ဆာများ ကုသသည့် ခွဲစိတ်ကုသမှုတွင် ပုံမှန်အားဖြင့် အဆင့် နှစ်ဆင့်ပါဝင်သည် – အစာခြေလမ်းကြောင်းကို ကျန်ရှိသလောက်ကောင်းမွန်စွာ လုပ်ကိုင်လည်ပတ်နိုင်ရန် ကင်ဆာအကျိတ်အားခွဲစိတ်ဖြတ်တောက်ပြီးနောက် ပြန်လည်တည်ဆောက်ခြင်းခွဲစိတ်ကုသမှု ပြုလုပ်ပါသည်။ ယခင်က အစာခြေလမ်းကြောင်းရဲ့ ရှုပ်ထွေးသောတည်ရှိပုံကြောင့် သမားရိုးကျခွဲစိတ်ကုသမှုသည် ရောဂါဖြစ်ပွားသောအစိတ်အပိုင်းသို့ ရောက်ရှိရန် ပိုကြာြမင့်သောခွဲစိတ်ချိန် နှင့် ကြီးမားသောခွဲစိတ်ရာလိုအပ်သောကြောင့် ၎င်းသည် အားနည်းချက်တစ်ခုလို ဖြစ်နေခဲ့ပါသည်။ ထိုကန့်သတ်ချက်များကို ကျော်လွှားနိုင်ရန် နာကျင်မှုသက်သာပြီး နာလန်ပြန်ထချိန်မြန်စေသည့် အကျိုးကျေးဇူးများရှိသော သေးငယ်သောခွဲစိတ်ရာမှတဆင့် ခွဲစိတ်ကုသသော ထိုးဖောက်ဝင်ရောက်မှု အနည်းဆုံးခွဲစိတ်ကုသမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ဒါဗင်ချီ စနစ်သည် ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ရောက်ရှိရန်ခက်ခဲသော နေရာများတွင် ခွဲစိတ်ဆရာဝန် အား စက်ရုံလက်တံအကူအညီဖြင့် ထိုးဖောက်ဝင်ရောက်မှုအနည်းဆုံး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်စေရန် ဒီဇိုင်းဆွဲထားသော အဆင့်မြင့်နည်းပညာ တစ်ခုဖြစ်ပါသည်။ ပိုမိုတိကျကောင်းမွန်သော ခွဲစိတ်ကုသမှု၏ ရလဒ်အနေဖြင့် ၎င်းသည် ခွဲစိတ်မှုအပြီးနောက်ဆက်တွဲပြဿနာများဖြစ်ပေါ်မှု လျော့နည်းစေခြင်း၊ ခွဲစိတ်ကုသမှုအချိန် တိုတောင်းစေခြင်း နှင့် နေ့စဉ်ဘဝနှင့်လှုပ်ရှားမှုပုံစံများအား လျင်မြန်စွာ ပြန်လည်ရရှိစေနိုင်ပါသည်။


    da Vinci Xi ဆိုသည်မှာဘာလဲ?

    Da Vinci Xi သည် ခွဲစိတ်ဆရာဝန်၏ စွမ်းဆောင်ရည်များနှင့် ကျွမ်းကျင်မှုတို့ကို မြှင့်တင်ပေးနိုင်သည့် အထူးပြုနည်းပညာကို အသုံးပြုထားသော အဆင့်မြင့် စက်ရုပ်သုံးခွဲစိတ်ကုသမှုစနစ်တစ်ခုဖြစ်ပါသည်။ ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်ထားသည့် ထိပ်ဖျားတွင် သေးငယ်သောခွဲစိတ်ကိရိယာများတပ်ဆင်ထားပြီး လက်ကောက်ဝတ်ပါရှိသော စက်ရုပ်လက်တံလေးခုသည် ခွဲစိတ်ဆရာဝန်များအား အစာအိမ်နှင့်အူလမ်းကြောင်းကဲ့သို့ ရှုပ်ထွေးသောနေရာများတွင် တိကျသောလှုပ်ရှားမှုများ၊ ပိုမိုကောင်းမွန်သောလက်စွမ်းနှင့် အသေးစိတ်ချဲ့ထွင်ကြည့်မြင်နိုင်မှုတို့ဖြင့် ခွဲစိတ်ကုသမှုများလုပ်ဆောင်နိုင်စေပါသည်။ အမှန်စင်စစ် အဆိုပါစက်ရုပ်လက်တံများသည် ဝင်ရိုးခုနစ်ခုပါဝင်ပြီး ၎င်းတို့အပေါ်တွင် 360° နီးပါး လွတ်လပ်စွာ လှုပ်ရှားမှုပြုလုပ်နိုင်စွမ်းရှိသောကြောင့် ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ လက်လှမ်းမမီနိုင်သော သို့မဟုတ် ရောက်ရှိရန်ခက်ခဲသော နေရာများသို့ ဝင်ရောက်ရှိနိုင်ခြေကို ပိုတိုးမြင့်လာစေပါသည်။ တပ်ဆင်ထားသော အထူးကြည်လင်ပြတ်သားသည့်ကင်မရာသည် ခွဲစိတ်မှုဧရိယာ၏ သုံးဖက်မြင်ပုံရိပ် မြင်ကွင်းများကို ချဲ့ကားပံ့ပိုးပေးနိုင်သည်ဖြစ်သဖြင့် လူနာ၏ဘေးကင်းလုံခြုံမှု နှင့် ပိုမိုတိကျသောခွဲစိတ်ကုသမှုတို့ကို ရရှိနိုင်ခြေပို၍ မြင့်မားစေပါသည်။ ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်ကုသလှုပ်ရှားမှုအားလုံးကို ခွဲစိတ်စက်ရုပ်လက်မောင်းများဘေးတွင် ထားရှိသောထိန်းချုပ်ခလုတ်မှတဆင့် ပြုလုပ်ပါသည်။ da Vinci Xi စက်ရုပ်သည် လူနာ၏ ခန္ဓာကိုယ်အတွင်း ခွဲစိတ်လှုပ်ရှားမှုတိုင်းကို သေးငယ်သည့်အတိုင်းအတာဖြင့် ပုံစံတူပြုလုပ်ပေးပြီး ခွဲစိတ်ကုသမှုပြုလုပ်နေစဉ် တစ်လျှောက်အတွင်း ခွဲစိတ်ဆရာဝန်ကသာ အပြည့်အဝ ထိန်းချုပ်လှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ပါသည်။


    da Vinci Xi နည်းပညာဖြင့် မည်သည့်ဝမ်းဗိုက်ရောဂါအခြေအနေများကို ကုသမှုပြုလုပ်နိုင်ပါသလဲ?

    da Vinci Xi နည်းပညာဖြင့် ‌အောက်ပါကဲ့သို့‌အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာများကို ခွဲစိတ်ကုသရာတွင် တွင်ကျယ်စွာ အသုံးပြုနေခဲ့ပြီဖြစ်ပါသည်။

    • အစာရေမျိုပြွန်ကင်ဆာ- အစာရေမျိုပြွန်ကင်ဆာသည် လည်ချောင်းနှင့် အစာအိမ်ကြားရှိ အစာရေမျိုပြွန်မှ ဖြစ်ပေါ်လာသော ကင်ဆာဖြစ်ပါသည်။ အစာရေမျိုပြွန်ကင်ဆာအတွက် ကုသမှုသည် ရောဂါအဆင့်နှင့် ပြင်းထန်မှုတို့အပေါ် မူတည်ပါသည်။ အစောပိုင်းအဆင့်တွင် ၎င်းကိုတွေ့ရှိပါက ခွဲစိတ်ကုသခြင်းသည် ကုသပျောက်ကင်းနိုင်ရန် အခွင့်အလမ်းပိုကောင်းစေမည့် အဓိကနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။ အစာရေမျိုပြွန်ကင်ဆာ ခွဲစိတ်ကုသမှုတွင် ကင်ဆာအကျိတ်၊ အစာပြွန်၏ တစ်စိတ်တစ်ပိုင်းနှင့် အကျိတ်တစ်ဝိုက်ရှိ တစ်သျှူးများအပြင် ကင်ဆာဆဲလ်များ ပြန့်ပွားနိုင်သည့် ပြန်ရည်အကျိတ်များ ဖြတ်တောက်ဖယ်ရှားမှုများ ပါဝင်ပါသည်။ ကင်ဆာခွဲစိတ်မှုပြီးသည့်နောက်တွင် ခွဲစိတ်ဆရာဝန်သည် လိုအပ်နိုင်သော အစားထိုးပစ္စည်းအမျိုးအစားပေါ်မူတည်၍ အစာအိမ် သို့မဟုတ် အူမကြီး၏ တစ်စိတ်တစ်ပိုင်းအား အစားထိုး အသုံးပြုခြင်းဖြင့် အစာရေမျိုပြွန်ကို ပြန်လည်တည်ဆောက်ကုသခြင်း ပြုလုပ်ရန်လိုအပ်ပါသည်။ အစာရေမျိုပြွန်ကင်ဆာ ကုသခြင်းအတွက် ကင်ဆာအကျိတ်ကို ခွဲစိတ်ဖြတ်တောက်ခြင်းနှင့် အစာရေမျိုပြွန်ပြန်လည်တည်ဆောက်ခြင်း နှစ်ခုစလုံးသည် အစာရေမျိုပြွန်၏တခြားအရေးကြီးသောအင်္ဂါများနှင့် ချိတ်ဆက်ထားသော ခန္ဓာဗေဒဆိုင်ရာ စိန်ခေါ်မှုများကြောင့် ခွဲစိတ်ဆရာဝန်၏ ကျွမ်းကျင်မှုအထူးလိုအပ်ပါသည်။ အစာရေမျိုပြွန်တည်ရှိသောနေရာကို ရောက်ရှိ၍ တိကျသောခွဲစိတ်ကုသမှုအား မြှင့်တင်ပေးနိုင်ရန် da Vinci Xi နည်းပညာသုံး စက်ရုပ်အကူအညီဖြင့်ခွဲစိတ်ကုသမှု သည် ခွဲစိတ်ဆရာဝန်အား ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ လက်လှမ်းမှီရန်ခက်ခဲသောနေရာများသို့ဝင်ရောက်စေနိုင်ကာအနီးအနားရှိအင်္ဂါများကိုထိခိုက်မှုမရှိစေဘဲအောင်မြင်သောခွဲစိတ်ကုသမှုရရှိမည့် အခွင့်အလမ်းကို ပိုမိုများပြားစေပါသည်။
    • အူမကြီးနှင့်ဝမ်းအိမ်ကင်ဆာ- ခွဲစိတ်ကုသခြင်းသည် ခန္ဓာကိုယ်ရှိအခြားအင်္ဂါများသို့ မပျံ့နှံ့သေးသည့် အစောပိုင်းအဆင့် အူမကြီးနှင့်ဝမ်းအိမ်ကင်ဆာအတွက် ရွေးချယ်စရာ အဓိကကုသမှုနည်းလမ်းဖြစ်ပါသည်။ ပြုလုပ်ရမည့် ခွဲစိတ်ကုသမှုအမျိုးအစားသည် ကင်ဆာအဆင့်နှင့် ၎င်း၏တည်နေရာပေါ်မူတည်ပါသည်။ ခွဲစိတ်မှုသည် ကင်ဆာဆဲလ်များပါဝင်သော အူမကြီး သို့မဟုတ် ဝမ်းအိမ် တို့၏ အစိတ်အပိုင်းအားလုံး သို့မဟုတ် တစ်ချို့ကို ဖယ်ရှားနိုင်ရန် ရည်ရွယ်ပါသည်။ အနီးနားရှိ ပြန်ရည်အကျိတ်များကိုလည်း ဖယ်ရှားပြီး ကျန်ရှိသောအူမကြီး အစိတ်အပိုင်းများကို ပြန်လည်ချိတ်ဆက်ပေးကာ လူနာများအား ခွဲစိတ်ပြီးနောက် ကောင်းစွာ မစင်စွန့်နိုင်စေပါသည်။ ကြီးမားသောခွဲစိတ်ရာလိုအပ်သည့် သမားရိုးကျ သို့မဟုတ် ဝမ်းဗိုက်ဖွင့်ခွဲစိတ်မှုတို့မှတပါး မှန်ပြောင်းအကူအညီဖြင့် အူမကြီးခွဲစိတ်ကုသမှုသည် သေးငယ်သောခွဲစိတ်ရာမှတဆင့် ပြုလုပ်ပါသည်။ ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း၊ ထိပ်တစ်ဖက်တွင် ကင်မရာငယ်တစ်ခုပါရှိပြီး ရှည်လျားပါးလွှာသောအလင်းတပ်ပြွန်၊ မှန်ပြောင်းတစ်ခုအား သေးငယ်သောခွဲစိတ်ရာမှ တဆင့်ထည့်သွင်းကာ ခွဲစိတ်ဆရာဝန်အား ဝမ်းဗိုက်အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေပါသည်။ ထို့နောက် အူမကြီးနှင့် ပြန်ရည်အကျိတ်များ၏ အစိတ်အပိုင်းများကို ဖယ်ရှားရန်အတွက် အခြားသော ခွဲစိတ်ကိရိယာများကို တခြားခွဲစိတ်ရာများမှတဆင့် တည့်သွင်းထားရှိပေးပါမည်။ သမားရိုးကျဝမ်းဗိုက်ဖွင့်ခွဲစိတ်မှုနှင့် နှိုင်းယှဉ်ပါက၊ မှန်ပြောင်းအကူအညီဖြင့် အူမကြီးခွဲစိတ်မှုသည် ပိုမိုတိကျပြီး ပတ်ဝန်းကျင်တစ်သျှူးများနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ဒဏ်ရာရနိုင်ခြေကို နည်းပါးစေပါသည်။ သေးငယ်သော ခွဲစိတ်ရာများကြောင့်၊ ၎င်းသည် နာကျင်မှုနည်းပါးပြီး ဆေးရုံတက်ရသောရက် တိုတောင်းစေနိုင်သည့်အတွက် လျင်မြန်စွာ ပြန်လည်ကောင်းမွန်ဖို့ အထောက်အကူပြုပါသည်။ da Vinci Xi နည်းပညာသုံး စက်ရုပ်အကူအညီဖြင့် အူမကြီးခွဲစိတ်ကုသမှုသည် ခွဲစိတ်ဆရာဝန်အား ခွဲစိတ်မှုအချိန် နှင့် နောက်ဆက်တွဲပြဿနာများအား ‌လျော့နည်းစေပြီး ရှုပ်ထွေးသော သို့မဟုတ် လက်လှမ်းမှီရန်ခက်ခဲသောနေရာတွင် ကောင်းမွန်စွာခွဲစိတ်နိုင်ရန် အဓိကကူညီပေးသည့်အတွက် အောင်မြင်သောခွဲစိတ်ကုသမှု ရလဒ်ကောင်းများရရှိစေပါသည်။
    • အစာအိမ်ကင်ဆာ- အစာအိမ်ကင်ဆာကို ကုသခြင်းသည် ကင်ဆာတည်နေရာနှင့် ၎င်း၏အဆင့်၊ မည်မျှအထိ ပျံ့နှံ့မှုရှိသလဲအပေါ်တွင် များစွာမူတည်ပါသည်။ အခြားအချက်များဖြစ်သည့် လူနာ၏အသက်အရွယ်၊ အလုံးစုံကျန်းမာရေးအခြေအနေနှင့် ဦးစားပေးရွေးချယ်နေထိုင်စားသောက်ပုံများသည်လည်း အရေးကြီးပါသည်။ အစာအိမ်ကင်ဆာဆဲလ်များ အစာအိမ်နံရံထဲသို့ နက်ရှိုင်းစွာ မကြီးထွားသေးခြင်း သို့မဟုတ် အစာအိမ်ပြင်ပသို့ မပြန့်ပွားသေးသည့် အစောပိုင်းအဆင့်တွင် အစာအိမ်ကင်ဆာကို (အစာအိမ်ကိုဖြတ်တောက်ဖယ်ရှားသောခွဲစိတ်ကုသမှု)gastrectomy ဟုခေါ်သော ခွဲစိတ်မှုဖြင့် ကုသနိုင်သည်။ ထိုသို့ခွဲစိတ်ကုသရာတွင် ကင်ဆာဆဲလ်များပါရှိသော အစာအိမ်၏ အစိတ်အပိုင်းအချို့ကို ဖယ်ရှားပြီးနောက် ကျန်ရှိသော အစာအိမ်၏ အစိတ်အပိုင်းကို အူသိမ်၏ အကျယ်ပြန့်ဆုံးဖြစ်သော jejunum နှင့် ပြန်လည်ချိတ်ဆက်သည့် jejunal ပြန်လည်တည်ဆောက်ခွဲစိတ်ကုသမှုဖြင့် ခွဲစိတ်ကုသခြင်းဖြစ်သည်။ ၎င်းပြန်လည်တည်ဆောက်ခြင်းပြုလုပ်မှုသည် အစာခြေလုပ်ငန်းကို အထောက်အကူပြုပြီး အာဟာရအခြေအနေကို အလုံအလောက်ရရှိရန် ထိန်းသိမ်းပေးသည်။ စက်ရုပ်လက်မောင်းများသည် လွတ်လပ်စွာ ကွေးညွှတ်ခြင်းနှင့် လည်ပတ်ခြင်းများပြုလုပ်နိုင်ပြီး ဖွဲ့စည်းပုံရှုပ်ထွေးမှုများပြားသော ကိုယ်တွင်းအင်္ဂါများကို ရောက်ရှိနိုင်သောကြောင့် စက်ရုပ်အကူအညီဖြင့် အစာအိမ်ခွဲစိတ်ကုသမှုခံယူခြင်းသည် ပုံမှန်ဝမ်းဗိုက်ဖွင့် ခွဲစိတ်ခြင်းထက် ခွဲစိတ်ပြီးနောက်ရလဒ်များ ပိုမိုကောင်းမွန်စေပါသည်။ ၎င်းတို့တွင် နာကျင်မှုနည်းပါးခြင်း နှင့် နာလန်ထမှုမြန်ဆန်ပြီး နေ့စဉ်ဘဝနှင့်လှုပ်ရှားမှုများဆီသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိစေခြင်းတို့ များသောအားဖြင့် ရရှိစေပါသည်။

    da Vinci Xi စက်ရုပ်နည်းပညာသည် ခွဲစိတ်ရာသေးသောအဆင့်မြင့်အစာအိမ်အူလမ်းကြောင်းခွဲစိတ်မှုအပေါ် မည်သည့်အားသာချက်တွေ ရှိပါသလဲ?

    da Vinci Xi စနစ်၏ စတုတ္ထမျိုးဆက်သည် အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေပါသည်။

    • ပိုမိုကောင်းမွန်သောမြင်ကွင်း : နည်းပညာမြင့်ကင်မရာသည် ခွဲစိတ်မှုဧရိယာကို ရှင်းရှင်းလင်းလင်း ချုံ့ချဲ့ကြည့်ရှုနိုင်စေပြီး အနီးနားရှိ သွေးကြောများ၊ အာရုံကြောများနှင့် ကြွက်သားများကို ပိုမိုလွယ်ကူစွာ မြင်နိုင်ကာ ပတ်ဝန်းကျင်ဧရိယာများ ပျက်စီးနိုင်ခြေကို လျော့နည်းစေပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။
    • ခွဲစိတ်ပြီးသည့်အခါ နာကျင်မှုနည်းပါးခြင်း : စက်ရုပ်နည်းပညာအကူအညီဖြင့်ခွဲစိတ်ကုသမှုသည် သေးငယ်ခွဲစိတ်ရာများသာလိုအပ်သောကြောင့် ခွဲစိတ်ဒဏ်ရာကြောင့်ရရှိသော ရောင်ရမ်းခြင်းနည်းပါးပြီး နာကျင်မှုနည်းပါးစေပါသည်။
    • နာလန်ထချိန်မြန်ဆန်ပြီး နောက်ဆက်တွဲပြဿနာနည်းပါးခြင်း : ခွဲစိတ်ရာသေးငယ်သောကြောင့် လူနာများအနေဖြင့် ပုံမှန်အစားအသောက်များ အချိန်တိုတိုအတွင်းပြန်လည်စားသောက်နိုင်ပြီး နေ့စဉ်လှုပ်ရှားမှုများ ပြန်လည်မြန်ဆန်စွာပြုလုပ်နိုင်၍ အချိန်တိုအတွင်းနာလန်ပြန်ထနိုင်မှုကို ကြုံတွေ့ရမှာဖြစ်ပါသည်။

    သတင်းရင်းမြစ်

    Doctor Image

    Dr. Wutthi Sumetchotimaytha

    Surgery

    Surgical Oncology

    Dr. Wutthi Sumetchotimaytha

    Surgery

    Surgical Oncology
    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကင်ဆာခွဲစိတ်စင်တာ

    နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၆ နာရီ

    (+66) 2755 1188 (Cancer Hotline 8:00 AM - 8:00 PM)

    (+66) 2310 3000 (After 8:00 PM)

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    Tripled benefits offered for “Breast Cancer Screening”Tripled benefits offered for “Breast Cancer Screening”
    Tripled benefits offered for “Breast Cancer Screening”

    4,000 - 56,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    လူနေမှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့် အူမကြီးကင်ဆာအား ကာကွယ်ခြင်း အူမကြီးနှင့် စအိုလမ်းကြောင်း Image
    လူနေမှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့် အူမကြီးကင်ဆာအား ကာကွယ်ခြင်း အူမကြီးနှင့် စအိုလမ်းကြောင်း
    အနည်းဆုံးထိုးဖောက် laparoscopic ခွဲစိတ်မှုနည်းပညာ အူမကြီးကင်ဆာကို ခွဲစိတ်ကုသရန် ရွေးချယ်စရာတစ်ခု Image
    AI
    အနည်းဆုံးထိုးဖောက် laparoscopic ခွဲစိတ်မှုနည်းပညာ အူမကြီးကင်ဆာကို ခွဲစိတ်ကုသရန် ရွေးချယ်စရာတစ်ခု
    ကျန်းမာ