Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    လူနေမှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့် အူမကြီးကင်ဆာအား ကာကွယ်ခြင်း အူမကြီးနှင့် စအိုလမ်းကြောင်း

    4 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Wutthi Sumetchotimaytha

    Bangkok Cancer Hospital

    အပ်ဒိတ်လုပ်သောနေ့: 12 ဒီ 2025
    Dr. Wutthi Sumetchotimaytha
    Dr. Wutthi Sumetchotimaytha
    Bangkok Cancer Hospital
    လူနေမှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့် အူမကြီးကင်ဆာအား ကာကွယ်ခြင်း အူမကြီးနှင့် စအိုလမ်းကြောင်း
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 12 ဒီ 2025

    အူမကြီးနှင့် စအိုလမ်းကြောင်း

    အူမကြီးသည် ခန့်မှန်းခြေအားဖြင့် ၅ ပေမှ ၆ ပေ ရှည်လျားသော လိုဏ်ခေါင်းဖြစ်သည်။ ပထမ ၅ ပေသည် အူမကြီးဖြစ်ပြီး  ၆ လက်မခန့်ရှည်သော စအိုနှင့် ချိတ်ဆက်ထားသည်။ စအို၏အဆုံးတွင် စအိုဝ ရှိသည်။ အူလမ်းကြောင်း၏ အဓိကအခန်းကဏ္ဍာမှာ စွန့်ပစ်ပစ္စည်းများအား မစင်အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်သည်။ အစာများသည် အူမကြီးမှတဆင့် သွားလာရန် အစာစားပြီး ၃ နာရီမှ ၈ နာရီခန့်ကြာမြင့်သည်။ ထိုအချိန်၌ အာဟာရဓာတ်များကို အူမှတဆင့် ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားမည်ဖြစ်ပြီး ကျန်အကြွင်းအကျန်များကို အညစ်အကြေးအဖြစ် ဖယ်ရှားပေးမည်ဖြစ်သည်။


    အူမကြီးကင်ဆာ

    အနောက်နိုင်ငံများ၌ အူမကြီးကင်ဆာသည် အမျိုးသားနှင့် အမျိုးသမီးများတွင် တတိယမြောက်အဖြစ်များဆုံးသောကင်ဆာ ဖြစ်ပြီး အမေရိကန်နိုင်ငံ၌ နှစ်စဥ် ကင်ဆာလူနာအသစ် ၁၀၅,၀၀၀အား စစ်ဆေးတွေ့ရှိရသည်။ အူမကြီးကင်ဆာသည် အသက် ၅၀ ကျော်သူများတွင်  ဖြစ်ပွားနိုင်ခြေများသည်။ အူမကြီးကင်ဆာအများစုသည် ကနဦးတွင် အက်ဒီနိုမေတတ်စ်အလုံး (Adenomatous Polyps) သို့မဟုတ် ကင်ဆာမဟုတ်သောအကျိတ်များ (Benign Tumors)သာ ဖြစ်ကြသည်။ ထိုင်းနိုင်ငံ၌လည်း အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အမျိုးသားနှင့်အမျိုးသမီးများတွင် တိုးများလာသည်။


    ဖြစ်ပွားနိုင်ခြေများသောအန္တရာယ်အုပ်စု (High Risk Group)

    • ၁။ မိမိတွင်ဖြစ်စေ မိသားစုတွင်ဖြစ်စေ အက်ဒီနိုမေတတ်စ်အလုံး (Adenomatous Polyps) သို့ မျိုးဗီဇအူမကြီးကင်ဆာရောဂါစု (Hereditary Colorectal Cancer Syndrome) ရှိသူများ
    • ၂။ အူရောင်ရမ်းသောရောဂါ (Inflammatory Bowel Disease) သို့ အစာအိမ်အူလမ်းကြောင်းနံရံရောင်သောရောဂါ/ခရုန်းရောဂါ (Crohn’s Disease) ခံစားနေရသောလူနာများသည် အသက်ငယ်ရွယ်စဥ်တွင် ကြိုတင်ကင်ဆာစစ်ဆေးမှုအား ပြုလုပ်သင့်ပါသည်။
    • ၃။ မိသားစုရာဇဝင် (မိဘ၊ မောင်နှမ သို့မဟုတ် ကလေးများ) တွင် အူမကြီးကင်ဆာရှိသူများသည် သာမန်လူများထက် ကင်ဆာဖြစ်ပွားနိုင်ခြေ ၂ –၃ ဆ ပိုများသည်။

    “လက်တွေ့လောကတွင်မူ အသစ်အတည်ပြုလိုက် အူမကြီးကင်ဆာလူနာစုစုပေါင်း၏ ၈၀% သည် အထက်ပါအန္တရာယ်အုပ်စုတွင် ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။“


    Chat with Us


    ကင်ဆာဖြစ်ပွားနိုင်ချေကို မြင့်စေသော အချက်များ 

    သုတေသနပြုချက်များအရ အောက်ပါလူနေမှုပုံစံများသည် အူမကြီးကင်ဆာဖြစ်နိုင်ချေများသည်။

    • အဆီများသော အစားအစာနှင့် အနီရောင်အသားများ စားသုံးမှုများခြင်း၊
    • သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှု နည်းခြင်း၊
    • ကယ်လိုရီများသော အစားအစာများအား စားသုံးမှု များခြင်း၊
    • ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်း သို့မဟုတ် လုံးဝမလုပ်ခြင်း၊
    • အဝလွန်ခြင်း၊
    • အရက်အလွန်အကျွံသောက်သူများနှင့် ဆေးလိပ်သောက်သူများ၊

    အူမကြီးကင်ဆာအား အဆင့်သတ်မှတ်ခြင်း 

    • အဆင့် ၀ – ကင်ဆာသည် အူမကြီးအတွင်း သို့မဟုတ် နံရံပေါ်တွင်ရှိသည်။ (Cancer in situ –  ကင်ဆာဆဲလ်များသညိ ပုံမှန်မဟုတ်သော အခြေအနေဖြစ်သော်လည်း အခြားနေရာများသို့ပျံ့နှံ့မှုမရှိနေခြင်း)
    • အဆင့် ၁ – ကင်ဆာသည် အူမကြီးနံရံ၏ ဒုတိယနှင့် တတိယအလွှာ၌ တွေ့ရသော်လည်း ကြွက်သားအလွှာများသို့ မပျံ့နှံ့သေးပေ။ ဤအဆင့်ကို Dukes ‘A ဟုခေါ်သည်။
    • အဆင့် ၂ – ကင်ဆာသည် ကြွက်သားအလွှာများ၌ ပျံ့နှံ့သွားသော်လည်း ပြန်ရည်ကျိတ်များ သို့ မပျံ့နှံ့သေးပေ။ ဤအဆင့်ကို Dukes ‘B ဟုခေါ်သည်။
    • အဆင့် ၃ – ကင်ဆာသည် ကြွက်သားအလွှာနှင့် ပြန်ရည်ကျိတ်များတွင် ပျံ့နှံ့သွားသော်လည်း အခြားအင်္ဂါများသို့ မပျံ့နှံ့သေးပေ။ ဤအဆင့်ကို Dukes ‘C ဟုခေါ်သည်။
    • အဆင့် ၄ – ကင်ဆာသည် အခြားအင်္ဂါများ (ဥပမာ အသည်း သို့မဟုတ် အဆုတ်) သို့ ပျံ့နှံ့သွားသည်။ ဤအဆင့်ကို Dukes’D ဟုခေါ်သည်။

    Chat with Us


    သိသာထင်ရှားသောလက္ခဏာများ

    လူနာသည် အစောပိုင်းအဆင့်များတွင် သွေးဝမ်းသွားခြင်းလက္ခဏာများ မရှိနိုင်ပေ။ သို့သော် လူနာ၏မစင်သည် ၎င်း၏နဂိုမူလရှည်မျောမျောပုံသဏ္ဍာန် မဟုတ်တော့ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းစသော လက္ခဏာများ ရှိနိုင်သည်။

    စအိုကင်ဆာနှင့် အူမကြီးကင်ဆာတို့၌ ဖြစ်ပွားသောလက္ခဏာများသည် ကင်ဆာတစ်ခုနှင့်တစ်ခုမတူညီပေ။ စအိုကင်ဆာ၏ရောဂါလက္ခဏာများမှာ သွေးဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်း တစ်လှည့်စီဖြစ်ခြင်း၊ မစင်အရွယ်အစား ပြောင်းလဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ ပါဝင်သည်။ အကယ်၍ ကင်ဆာအကျိတ်အရွယ်အစားကြီးမားပါက အနီးအနားရှိအင်္ဂါများအား ထိခိုက်နိုင်ပြီး ဆီးမထိန်းနိုင်ခြင်း သို့ စအိုအတွင်းနာကျင်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်သည်။


    ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

    လူနာများသည် ကင်ဆာအဆင့်နှင့် ပျံ့နှံ့မှုများအား သိရှိရန် အောက်ပါစစ်ဆေးမှုများအား ပြုလုပ်နိုင်သည်။

    • အစာအိမ်နှင့် အူလမ်းကြောင်းအောက်ပိုင်းအား အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
    • အချို့သောလူနာများတွင် အူမကြီးထဲသို့ဘေရီယမ်ထည့်၍ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (X-ray using Barium Enema)
    • အူမကြီးကင်ဆာ၏ သွေးတွင်းကင်ဆာဇီဝအမှတ်အသား (Carcinoembryonic Antigen CEA) အားစစ်ဆေးခြင်း
    • ရင်ဘတ်ဓာတ်မှန်
    • ကွန်ပျူတာဓာတ်မှန် (ဝမ်းဗိုက်နှင့် တင်ပါးဆုံတွင်း) ရိုက်ခြင်း

    အထက်ဖော်ပြပါနည်းပညာများအပြင် ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း၊ သံလိုက် ဓာတ်မှန် ရိုက်ခြင်းနှင့် အစာအိမ်အူလမ်းကြောင်းအာထရာဆောင်း (Endoscopic Ultrasound EUS)တို့အား အသုံးပြု၍လည်း ကင်ဆာအကျိတ်၏ ပျံ့နှံမှုအတိုင်းအတာအား သိရှိနိုင်ပါသည်။


    Make an Appointment


    အူမကြီးကင်ဆာကုသခြင်း

    အဆင့် ၀ သို့မဟုတ် ၁ အူမကြီးကင်ဆာ

    • ခွဲစိတ်ကုသခြင်း

    အဆင့် ၂ နှင့် ၃ အူမကြီးကင်ဆာ

    • ဤလူနာများသည် ကင်ဆာပြန်လည်ဖြစ်ပွားနိုင်ခြေများသည်။ ထိုကြောင့် ခွဲစိတ်မှုမပြုလုပ်မီ (သို့) ပြုလုပ် ပြီးနောက်တွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ဆေးသွင်းကုထုံးများအား ခံယူသင့်သည်။ မိမိတို့၏ကင်ဆာအကျိတ်အား ဖယ်ရှားပြီးသော်လည်း လူနာအများစုမှာ ကင်ဆာပြန်ဖြစ်ပွားနိုင်ခြေ ၅၀–၆၀%  ရှိပြီး ဆေးသွင်းကုထုံးသည် ၎င်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

    အဆင့် ၄ အူမကြီးကင်ဆာ 

    • ခွဲစိတ်ကုသခြင်း နှင့် ဓာတ်ရောင်ခြည်ကုထုံး နှစ်ခုပေါင်းအပြင် ဆေးသွင်းကုထုံး ပါ၍သော်လည်းကောင်း မပါ၍သော်လည်းကောင်း ကုသနိုင်သည်။ အချို့သောလူနာများ၌ ပျံ့နှံ့ကင်ဆာ (Metastatic Cancer) (ဥပမာ အသည်း သို့ သားဥအိမ်) ရှိနိုင်သောကြောင်း ၎င်းနေရာများအားလည်း ခွဲစိတ်ကုသရန် လိုအပ်သည်။

    Make an Appointment


    ခွဲစိတ်ကုသခြင်း

    အူမကြီးကင်ဆာဖြစ်ပွားသောနေရာအား ခွဲစိတ်ကုသနိုင်သည်။ တင်ပါးဆုံတွင်း၌တည်ရှိသော စအိုလမ်းကြောင်းကင်ဆာအတွက်မူ  ခွဲစိတ်ဆရာဝန်သည် ကင်ဆာအကျိတ်နှင့် အနီးအနားရှိတစ်ရှူးများအား ဖယ်ရှားရန် တိကျသောနည်းပညာများအား အသုံးပြုရန်လိုအပ်သည်။

    အရွယ်အစားအလွန်ကြီးမားသောကင်ဆာအကျိတ်များသည် ခွဲစိတ်ကုသခြင်းဖြင့် အလုံးစုံမဖယ်ရှားနိုင်ပေ။ ထို့ကြောင့် ခွဲစိတ်မှု မပြုလုပ်မီ ဓာတ်ရောင်ခြည်ကုထုံးနှင့် ဆေးသွင်းကုထုံးများကို ခံယူသင့်သည်။ ဤနည်းလမ်းအား  (Down Staging) ပြုလုပ်သည် ဟုခေါ်သည် 

     

    Chat with Us

    သတင်းရင်းမြစ်

    Doctor Image

    Dr. Wutthi Sumetchotimaytha

    Surgery

    Surgical Oncology

    Dr. Wutthi Sumetchotimaytha

    Surgery

    Surgical Oncology
    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    Specific Cancer Center

    (+66) 2755 1188 (Cancer hotline 8:00 - 20:00 hrs)

    (+66) 2310 3000 (24 hrs)

    1719 (Local Only 24 hrs)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    ခေတ်မှီ da Vinci Xiစက်ရုပ်နည်းပညာဖြင့်ခွဲစိတ်ရာအသေးငယ်ဆုံးသောအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှု Image
    ခေတ်မှီ da Vinci Xiစက်ရုပ်နည်းပညာဖြင့်ခွဲစိတ်ရာအသေးငယ်ဆုံးသောအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှု
    အနည်းဆုံးထိုးဖောက် laparoscopic ခွဲစိတ်မှုနည်းပညာ အူမကြီးကင်ဆာကို ခွဲစိတ်ကုသရန် ရွေးချယ်စရာတစ်ခု Image
    AI
    အနည်းဆုံးထိုးဖောက် laparoscopic ခွဲစိတ်မှုနည်းပညာ အူမကြီးကင်ဆာကို ခွဲစိတ်ကုသရန် ရွေးချယ်စရာတစ်ခု
    ကျန်းမာ