Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ရင်သားထိန်းသိမ်းခွဲစိတ်မှု

    4 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Supakorn Rojananin

    Bangkok Cancer Hospital

    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025
    Dr. Supakorn Rojananin
    Dr. Supakorn Rojananin
    Bangkok Cancer Hospital
    ရင်သားထိန်းသိမ်းခွဲစိတ်မှု
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025

    အမေရိကန်ပြည်ထောင်စုတွင် ရင်သားကင်ဆာသည် အမျိုးသမီးများတွင် ကင်ဆာရောဂါများအနက် သေဆုံးရသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ထိုင်းနိင်ငံ၌ အမျိုးသမီး ၉၀၀၀ ခန့်သည် နှစ်စဉ် ရင်သားကင်ဆာ ဖြစ်ပွားနေကြောင်း တွေ့ရှိရပြီး ဒုတိယအများဆုံး သေဆုံးမှု ဖြစ်လာသည့်ရောဂါအပြင် ဖြစ်ပွားမှုနှုန်းဆက်လက် တိုးမြင့်လျက်ရှိသည်။

    ရင်သားကင်ဆာသည် နို့ရည်ဂလင်းများ သို့မဟုတ် နို့ပြွန်အတွင်း ဆဲလ်များပုံမမှန်ပွားခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ခန္ဓာကိုယ်၏ဆဲလ်များ ပုံမှန်မဟုတ်သောကြီးထွားမှုကို မထိန်းချုပ်နိုင်တဲ့အခါ အဆိုပါဆဲလ်တွေသည် လျင်မြန်စွာကြီးထွားလာပြီး အရိုး၊ အသည်း၊ အဆုတ်နဲ့ ဦးနှောက်အစရှိသည့် တစ်ခြားသောအင်္ဂါအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားနိုင်ပါတယ်။

    Prof. Dr. Supakorn Rojananin,

    ရင်သားခွဲစိတ်ဆရာဝန်နင့် ဘန်ကောက်ဆေးရုံကင်ဆာဌာန၊ ရင်သားခွဲစိတ်စင်တာ၏ စီနီယာဒါရိုက်တာသည် ရင်သားကင်ဆာအကြောင်းနှင့် နောက်ဆုံးပေါ်  ခွဲစိတ်မှုနည်းပညာအသေးစိတ်အချက်အလက်များဖြင့် အမျိုးသမီးများအား ကုသနိုင်ကြောင်းကို အသေးစိတ်ဖော်ပြခဲ့ပါသည်။

    အသက် ၄၀ ကျော် အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ ရင်သားကင်ဆာဖြစ်ရသော အကြောင်းရင်းများကိုအတိအကျ သေချာစွာမသိရသေးသော်လည်း မိသားစုဝင်များတွင်ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးသော အမျိုးသမီးများမှာ ရင်သားကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ အခြားဖြစ်နိင်ချေများသည့်အချက်များမှာ ရာသီသွေးစပေါ်ချိန်စောခြင်း၊ ကလေးမမွေးဖူးသောအမျိုးသမီးများ၊ ရင်သားအနီးတစ်ဝိုက် ဓာတ်ရောင်ခြည်ကုသမှုခံယူထားခြင်း၊ သန္ဓေတားဆေးကြာမြင့်စွာသုံးစွဲခြင်း၊ ဟော်မုန်းဆေးကိုအချိန်ကြာမြင့်စွာသောက်သုံးခြင်း၊ အဝလွန်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ပါဝင်ပါသည်။

     

    Make an Appointment

     

    ရင်သားကင်ဆာဖြစ်ပွားခြင်းကိုအဆင့်ကို အဆင့် ၀ မှ အဆင့် ၄ အထိ ခွဲခြားထားပါသည်။

    • အဆင့် ၀ – ကင်ဆာဆဲလ်များသည် နို့ရည်ပြွန် သို့မဟုတ် ဂလင်းများ၏ epithelial အလွှာအတွင်း၌ ရှိနေလျှင် ရင်သားကင်ဆာဖြစ်ပွားမှု အစောဆုံးအဆင့်ဖြစ်ပါသည်။ ဤအဆင့်တွင်တွေ့ရှိပါက လူနာများအသက်ရှင်ရန် ၁၀၀% အခွင့်အလမ်းရှိသည်။အဆင့် ၁ – ကင်ဆာသည် ၂ စင်တီမီတာထက်နည်းသော ကင်ဆာပြန်ရည်ကြောအကြိတ်သို့မပြန့်ပွားသော အဆင့်ဖြစ်သည်။
    • အဆင့် ၂ – ကင်ဆာသည် ၂ – ၅ စင်တီမီတာကြားတွင် ပြန်ရည်ကြောအကြိတ်များထဲသို့ စတင်ပျံ့နှံ့နေသည့် အဆင့်ဖြစ်သည်။
    • အဆင့် ၃ – ကင်ဆာသည် ၅ စင်တီမီတာထက်ပိုပြီး ပြန်ရည်ကြောအကြိတ်များထဲသို့ ဝင်ရောက်သော်လည်း အခြားအင်္ဂါများသို့ မပျံ့နှံ့သေးသောအဆင့်ဖြစ်သည်။
    • အဆင့် ၄ – ကင်ဆာသည် ခန္ဓာကိုယ်၏အခြားအင်္ဂါများသို့ ပျံ့နှံ့သွားသောအဆင့်ဖြစ်သည်။

    ရင်သားတွင်အကျိတ်ရှိသည့်လူနာများ၏ ၈၅% ကျော်သည် ဆရာဝန်ထံသို့ လာရောက်ပြသသည့်အချိန်တွင် အစောပိုင်းအဆင့်များထက် ကျော်လွန်နေတတ်ကြပါသည်။ ထို့ကြောင့် ရင်သားအကျိတ်အစောဆုံးအဆင့်ကို သတိပြုသိရှိစေရန်အတွက် ရင်သားဓာတ်မှန် (digital mammogram) ဖြင့် စစ်‌ဆေးရန်အကြံပြုထားပါသည်။ ဤအဆင့်မြင့် ဒစ်ဂျစ်တယ် ရောဂါရှာဖွေရေး ဓာတ်မှန်နည်းပညာသည် X-rays နှင့် ဆင်တူ၍ X-rays ၏ ၃၀ – ၆၀% သော ဓာတ်ရောင်ခြည်ကိုသာအသုံးပြုကာ ကြည်လင်ပြတ်သားသော ပုံရိပ်များကိုမြင်နိုင်ပါသည်။ ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်မှုသည် အောင်မြင်သောကုသမှုနှင့် ပြီးပြည့်စုံစွာ ပြန်လည်ကောင်းမွန်လာရန် အခွင့်အလမ်းများစေပါသည်။

     

    Chat with Us


    အစောပိုင်းကာလများတွင် ရင်သားကင်ဆာခွဲစိတ်မှုသည် မည်သည့်အဆင့်တွင်မဆို ရင်သားတစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားပစ်ရသည့် Mastectomy ဟုခေါ်သောနည်းပညာဖြင့် ကုသခဲ့ပါသည်။ သို့သော် ရင်သားကင်ဆာ အစောပိုင်းအဆင့်တွင် ရင်သားဓာတ်ရောင်ခြည်ကုထုံးနင့် နောက်ဆုံးပေါ် ရင်သားထိန်းသိမ်းခြင်း ခွဲစိတ်မှုတို့ ပေါင်းစပ်ထားသော နည်းပညာဖြင့် ခွဲစိတ်ဆရာဝန်များသည် ကင်ဆာအကြိတ်ကိုသာဖယ်ထုတ်နိုင်ပြီး ရင်သားပုံသဏ္ဍာန်ကို ပြန်လည်တည်ဆောက်နိုင်သောကြောင့် လူနာများအပေါ် စိတ်ပိုင်းဆိုင်ရာခံစားမှုကို လျှော့ချပေးနိုင်သည်။

    ရင်သားထိန်းသိမ်းခြင်းကို မပြုလုပ်နိုင်သော အမျိုးသမီးအချို့သည် ရင်သားတစ်ခုလုံးဖယ်ရှားရန် လိုအပ်သည်။ ထိုအခြေအနေတွင် လူနာ၏အရေပြား၊ အဆီနှင့် ကြွက်သားသို့မဟုတ် အစားထိုးပစ္စည်းများကို အသုံးပြု၍ ရင်သားတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပုံဖော်ပါသည်။ ထို့အပြင် ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးကုထုံး၊ ဟော်မုန်းကုထုံးနှင့် targeted ကုထုံးများဖြင့်တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရန် လုပ်ဆောင်ပါသည်။

     

    Make an Appointment


    အသက် ၂၀ နှစ်အထက် အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် ရာသီသွေးပေါ်ပြီး ခုနစ်ရက်အကြာတွင် လစဉ်ရင်သားစစ်ဆေးခြင်းကို ပြုလုပ်သင့်ကြောင်းအကြံပြုထားသည်။

    ဥပမာအားဖြင့်သင့်ညာဖက်ရင်သားကိုစစ်ဆေးရန် သင်သည် ညာဘက်ပခုံးအောက်တွင် ခေါင်းအုံးတစ်လုံးကိုခံ၍ လှဲအိပ်ရန် လိုအပ်ပါသည်။ စက်ဝိုင်းပုံလှုပ်ရှားမှုတစ်ခုပြုလုပ်ရန် သင့်လက်ညိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ကို အသုံးပြု၍ လက်ချောင်းများကို ညီညာအောင်ထား၍ နို့သီးခေါင်း၏ အပြင်ဘက်အစွန်းသို့ ရောက်သည်အထိ စက်ဝိုင်းပုံသဏ္ဍန်ဖြင့် စမ်းသပ်ရပါမည်။ သင့်လက်ချောင်းများကို အပေါ်နှင့်အောက် သို့မဟုတ် ဘယ်မှညာသို့ ရွှေ့နိုင်သည်။ တူညီသောပုံစံဖြင့် ရင်သားတစ်ခုလုံးကို စမ်းသပ်ရပါမည်။ ထို့နောက် သင့်ဘယ်ဘက်ရင်သားကို ထိုတူညီသောနည်းလမ်းဖြင့်စမ်းသပ်ရပါမည်။

    ရင်သားအကျိတ် အစောဆုံးအဆင့်ကို သတိပြုသိရှိစေရန်အတွက် သင့်ပုခုံးကို တည့်တည့်ထားပြီး မှန်ရှေ့တွင် ရပ်ကာ လက်နှစ်ဖက်ကို တင်ပါးပေါ်တွင်တင်ပါ။ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရေပြားအရောင်တို့တွင် မူမမှန်မှုတစ်ခုခုကို ရှာဖွေပါ။ အရေပြားနီမြန်းခြင်း၊ နာကျင်ခြင်း၊ အဖုအပိမ့်များထွက်ခြင်း၊ ဖောင်းလာခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် နို့သီးခေါင်း နေရာ‌ရွေ့ခြင်း သို့မဟုတ် ချိုင့်ဝင်သွားခြင်းတို့ကို ရှာဖွေပါ။ ထို့နောက် လက်နှစ်ဖက်ကိုမြှောက်ပြီး ထိုပြောင်းလဲမှုများနှင့် နို့သီးခေါင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှ အရည်များထွက်သည့်လက္ခဏာများကို ရှာဖွေကြည့်ပါ။

    ကင်ဆာရောဂါရဲ့ အဆင့်ပေါ်မူတည်ပြီး အမြစ်ပျက်ကုသပြီးစီးသော်လည်း ကင်ဆာဆဲလ်များ ပြန်ပေါ်လာနိုင်ချေရှိပါသည်။ ရင်သားကင်ဆာကို ထိရောက်စွာကာကွယ်ခြင်းအတွက် နည်းလမ်းမရှိသော်လည်း စောစီးစွာသိရှိနိုင်မှုသည် ပို၍ဆိုးရွားသောရောဂါမဖြစ်လာစေရန် တားဆီးမှုအတွက်  အထိရောက်ဆုံးနည်းလမ်း တစ်ခုဖြစ်သည်။

    လစဉ်ရင်သားကို ကိုယ်တိုင်စစ်ဆေးခြင်းအပြင် အသက် ၄၀ နှစ်အထက် အမျိုးသမီးများသည် နှစ်စဉ် ရင်သားကင်ဆာစစ်ဆေးမှုကို ပြုလုပ်သင့်ပြီး ရင်သားဓာတ်မှန်နှင့် အာထရာဆောင်းရိုက်ခြင်းတို့ကို ပြုလုပ်သင့်သည်။ ရင်သားဓာတ်မှန်နှင့် အာထရာဆောင်းကို အသုံးပြုခြင်းဖြင့် အရွယ်အစားသေးငယ်သောအကြိတ်ကို ကိုယ်တိုင်စစ်ဆေးခြင်းထက် စောစီးစွာသိရှိနိုင်ပါသည်။ ရင်သားကင်ဆာမျိုးရိုးရှိဖူးသော အမျိုးသမီးများသည် အသက် ၃၅ နှစ်မှစတင်၍ နှစ်စဉ် ရင်သားကင်ဆာစစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။ ကင်ဆာရောဂါလုံးဝပျောက်ကင်းပြီးသောသူများသည် ၆ လတစ်ကြိမ် ဆရာဝန်များဖြင့် စစ်ဆေးသင့်ပါသည်။ သင့်ကိုယ်သင် ဂရုစိုက်မှုဖြင့် ကင်ဆာရောဂါကို အစောပိုင်းအဆင့်တွင် သိရှိပါက ရောဂါကိုပျောက်ကင်းအောင် ကုသနိုင်ပြီး ရင်သားကို ဆုံးရှုံးမှုမှကာကွယ်နိုင် ပါသည်။

     

    Chat with Us

    သတင်းရင်းမြစ်

    Doctor Image

    Dr. Supakorn Rojananin

    Surgery

    Surgical Oncology

    Dr. Supakorn Rojananin

    Surgery

    Surgical Oncology
    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ရင်သားအထူးကုစင်တာ

    တတိယထပ်၊ ဘန်ကောက်ကင်ဆာဆေးရုံကြီး

    တနလႅာ၊ အင်္ဂါ၊ သောကြာ၊‌ စနေ မနက် ၈ နာရီ မှ ညနေ ၄ နာရီ

    (+66) 2755 1188 (Cancer Hotline 8:00 AM - 8:00 PM)

    (+66) 2310 3000 (After 8:00 PM)

    (+66) 2310 3016

    1719 (Local Calls Only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    တစ်ရှူးများဖြင့် ရင်သားကို မြှင့်တင်ခြင်း။ ကင်ဆာခွဲစိတ်မှုအပြီးတွင် သင်၏ယုံကြည်မှုကို မြှင့်တင်ပါ။ Image
    AI
    တစ်ရှူးများဖြင့် ရင်သားကို မြှင့်တင်ခြင်း။ ကင်ဆာခွဲစိတ်မှုအပြီးတွင် သင်၏ယုံကြည်မှုကို မြှင့်တင်ပါ။
    ရင်သားကင်ဆာအတွက် စောင့်ရှောက်မှုအသံ "ရင်သားကင်ဆာလူနာများအတွက် စောင့်ရှောက်မှုမှ အသံ" Image
    AI
    ရင်သားကင်ဆာအတွက် စောင့်ရှောက်မှုအသံ "ရင်သားကင်ဆာလူနာများအတွက် စောင့်ရှောက်မှုမှ အသံ"
    CEM သည် ဆန့်ကျင်ဘက်ပစ္စည်း ထိုးသွင်းခြင်းနှင့်အတူ ရင်သားဓာတ်မှန်ရိုက်ခြင်းအား မက်မ်မိုဂရမ်ဖြင့် စစ်ဆေးသည်။ Image
    AI
    CEM သည် ဆန့်ကျင်ဘက်ပစ္စည်း ထိုးသွင်းခြင်းနှင့်အတူ ရင်သားဓာတ်မှန်ရိုက်ခြင်းအား မက်မ်မိုဂရမ်ဖြင့် စစ်ဆေးသည်။
    ကျန်းမာ