သားအိမ်ခေါင်းကင်ဆာ
အသက် ၂၁ နှစ်မှ ၆၅ နှစ်ကြား အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ၏ ရှေ့ပြေးနိမိတ်များကို ၃–၅ နှစ်လတွင် တစ်ကြိမ် စစ်ဆေးခြင်းသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းကို လျော့နည်းစေကြောင်း လုံလောက်သော အထောက်အထားများရှိပါသည်။ အမေရိကန်ကင်ဆာအဖွဲ့အစည်း (The American Cancer Society) ၏အဆိုအရ သားအိမ်ခေါင်းကာကွယ်ဆေး (HPV vaccine) ထိုးပြီးသည့်အမျိုးသမီးများအားလုံးသည် ကာကွယ်ဆေးမထိုးရသေးသော အမျိုးသမီးများအလားတူ ၎င်းတို့၏အသက်အုပ်စုများအတွက် စစ်ဆေးမှုအကြံပြုထားသည်များကို လိုက်နာသင့်ပါသည်။
အကိုးအကား– အမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ
အဆုတ်ကင်ဆာ
အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society) မှ အကြံပြုသည်မှာ ဆေးလိပ်အလွန်အကျွံသောက်သူများ (တစ်နှစ်ကို တစ်နေ့ပျမ်းမျှစီးကရက်အလိပ် ၂၀ နှုန်းဖြင့် အနည်းဆုံး နှစ် ၃၀ သောက်ခဲ့ပါက)နှင့် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ဆေးလိပ်သောက်နေသူ သို့မဟုတ် ဆေးလိပ်ဖြတ်ထားသူများသည် အဆုတ်ကင်ဆာအတွက် နှစ်စဉ် အထူးသဖြင့် ရင်ဘတ်ဆေးပမာဏနည်း စီတီစကင်န် (low-dose CT chest scan) စစ်ဆေးသင့်သည်ဟု အကြံပြုထားသည်။
*Pack-year သည် လူတစ်ဦး နေ့စဉ် ဆေးလိပ်သောက်သည့် အရေအတွက်ကို ဆေးလိပ်သောက်သည့်နှစ်အရေအတွက်နှင့် မြှောက်ကာတွက်ချက်ခြင်း ဖြစ်သည်။
အကိုးအကား– အမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ
ဆီးကျိတ်ကင်ဆာ
အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society) မှ အသက် ၆၅ နှစ်မတိုင်မီ ဆီးကျိတ်ကင်ဆာဖြစ်ပွားသော ဖခင် သို့မဟုတ် ညီအစ်ကိုများရှိသည့်အမျိုးသားများသည် အသက် ၄၅ နှစ်မှစတင်၍ ဆရာဝန်နှင့် တိုင်ပင်၍ (စအိုလမ်းကြောင်း စစ်ဆေးခြင်းအပါအ၀င် သို့မဟုတ် မပါဘဲ) PSA သွေးစစ်ခြင်း ပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။
အကိုးအကား– အမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ
အသည်းကင်ဆာ
အသည်းရောင်အသားဝါ ဘီပိုး (HBV) နှင့် အသည်းရောင်အသားဝါ စီပိုး (HCV) တို့သည် အသည်းကင်ဆာ ဖြစ်ပွားမှုအတွက် ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ကြောင်း ကူးစက်ပျံ့နှံ့မှုဆိုင်ရာသက်သေ အထောက်အထားများမှ ဖော်ပြထားသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ B ပိုးပရိုဖိုင် (HBsAg၊ Anti-HBs နှင့် Anti-HBc) နှင့် အသည်းရောင်အသားဝါစီပိုး (anti-HCV) တို့ကို သီအိုရီအရ အခြေခံစစ်ဆေးခြင်းနှင့် အသည်းကင်ဆာကို အနီးကပ်စောင့်ကြည့်ခြင်းအတွက် အသုံးပြုပါသည်။
အူမကြီးနှင့် စအိုကင်ဆာ
အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society) နှင့် အမျိုးသားကင်ဆာဌာန (National Cancer Institute) မှ အကြံပြုချက်များအရ အသက် ၅၀ မှစတင်ပြီး အမျိုးသားရော အမျိုးသမီးများပါ အူမကြီးနှင့် စအိုကင်ဆာစစ်ဆေးခြင်းကို sigmoidoscopy သို့မဟုတ် colonoscopy အနည်းဆုံး ၅–၁၀ နှစ်ခြား ပြုလုပ်သင့်ပါသည်။
အကိုးအကား– အမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) နှင့် အမျိုးသားကင်ဆာဌာန ၂၀၁၅ (National Cancer Institute 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ
သားဥအိမ်ကင်ဆာ
မကြာသေးမီက CA 12-5 နှင့် HE4 ကို သားဥအိမ်ကင်ဆာ၏အစောပိုင်းရောဂါရှာဖွေတွေ့ရှိမှုအတွက် အကျိတ်အမှတ်အသားများအဖြစ် တွင်ကျယ်စွာအသုံးပြုကြသည်။ သားဥအိမ်ကင်ဆာရှိသော ၈၀–၈၅ ရာခိုင်နှုန်းခန့် အမျိုးသမီးများသည် သားဥအိမ်ကင်ဆာမရှိသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ဤအကျိတ်အမှတ်အသားများကို မြင့်တက်နေတတ်သောကြောင့် ဖြစ်ပါသည်။
အကိုးအကား– UK ကင်ဆာသုတေသန၊ ROMA Algorithm ဖြင့် သားဥအိမ်ကင်ဆာကို အကဲဖြတ်ခြင်း (2014)