ရောဂါဝေဒနာသက်သာစေရန်စောင့်ရှောက်မှုပေးသောစင်တာ (Supportive Care Center) သည် ကင်ဆာစောင့်ရှောက်မှုတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုများသာမက ဘာသာရေးဆိုင်ရာ ယုံကြည်သက်ဝင်မှု ကဏ္ဍများကိုပါ ထည့်သွင်းစဥ်းစား၍ စောင့်ရှောက်မှုများပေးလျက်ရှိပါသည်။ စင်တာတွင် ကင်ဆာအမျိုးမျိုးတို့အတွက် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများနှင့် နောက်ဆုံးပေါ် နည်းပညာသုံးစက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးထားပါသည်။ ထို့ကြောင့် လူနာများအနေဖြင့် နာကျင်မှုအမျိုးမျိုးတို့အတွက် ပြီးပြည့်စုံသော စီမံခန့်ခွဲမှု ဝန်ဆောင်မှုများကို ရရှိနိုင်ပါလိမ့်မည်။