ဘန်ကောက်ကင်ဆာဆေးရုံ၏ ရောဂါဝေဒနာသက်သာစေရန်စောင့်ရှောက်မှုပေးသောစင်တာ (Supportive Care Center) သည် နာကျင်မှုခံစားနေရသော ကင်ဆာဝေဒနာသည်များအတွက် စောင့်ရှောက်မှုပေးသော ဌာနဖြစ်ပါသည်။
ခဏတာနာကျင်ခြင်း (acute pain)၊ နာတာရှည်နာကျင်ခြင်း (chronic pain) နှင့် အာရုံကြောများနာကျင်ခြင်း (neural pain) အစရှိသော အလုံးစုံနာကျင်မှုဝေဒနာများသက်သာအောင်ကုသမှုပေးသောဌာနဖြစ်ပါသည်။ လူနာများ နာကျင်မှုသက်သာစေရန်အတွက် အထူးကျွမ်းကျင်သူနာပြုများဖြင့် တိုင်ပင်ဆွေးနွေး စောင့်ရှောက်မှုများပေးလျက်ရှိပါသည်။ ကင်ဆာရောဂါသည်များအတွက် ရုပ်ပိုင်းဆိုင်ရာ နာကျင်ဝေဒနာများအပြင် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ သက်သာနိုင်ရင် အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါသည်။ ဆေးရုံ၏၀န်ဆောင်မှုများကို နာကျင်မှုဝေဒနာကုသရေးနှင့် ရောဂါဝေဒနာသက်သာအောင်စောင့်ရှောက်မှုပေးခြင်းဟူ၍ ၂ပိုင်းခွဲခြားထားပါသည်။