သွေးရောဂါအထူးကုစင်တာသည် ပင်မဆဲလ်အစားထိုးကုထုံးခံယူနေသောလူနာများ သို့မဟုတ် ရိုးတွင်းချဥ်ဆီ အစားထိုးကုထုံးခံယူနေသောလူနာများအပါအဝင် သွေးနှင့်ပတ်သတ်သောကင်ဆာနှင့် အခြားရောဂါများအတွက် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ စင်တာသည် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာပူးတွဲကော်မရှင် (JCI) အသိအမှတ်ပြုဆေးရုံ လက်မှတ် Hospital Accreditation (HA) ရရှိထားပြီး နိုင်ငံတကာစံချိန်စံညွှန်းပြည့်မှီသော ဘက်စုံဆေးဘက်ဆိုင်ရာဝန်ထမ်းများ ခန့်အပ်ထားပါသည်။သွေးရောဂါအထူးကုစင်တာသည် လူနာများအတွက် အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာဖြင့် အချိန်တိုအတွင်း ရောဂါရှာဖွေခြင်းနှင့် အချိန်မှီကုသပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။ ပုံမှန်မဟုတ်သော ဆဲလ်များလျော့နည်းစေရန် ရောဂါဖြစ်စဥ်အကြောင်းရင်းရှာဖွေခြင်းနှင့် ကုသခြင်းအနေဖြင့် ပင်မဆဲလ်ကုထုံး၊ ရိုးတွင်းချဥ်ဆီအစားထိုးကုထုံးနှင့် ကင်ဆာဆဲလ်ကို ပစ်မှတ်ထားသောကုထုံး (Targeted therapy) တို့ဖြင့် အထူးဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အဓိကရည်ရွယ်ချက်မှာ လူနာကုန်ကျစရိတ်သက်သာပြီး ကောင်းမွန်သောရလဒ်များနှင့် ထိရောက်သောကုသမှုများပေးဆောင်နိုင်ရန်၊ ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းမှကာကွယ်ရန် ဖြစ်ပါသည်။ ဘန်ကောက်ကင်ဆာဆေးရုံကြီးသည် ၂၀၀၈ ခုနှစ်မှစတင်၍ ပင်မဆဲလ်ကုထုံးနှင့် ရိုးတွင်းချဥ်ဆီအစားထိုးကုထုံး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ဤကုထုံးများသည် အဆင်မြင့်ကျန်းမာရေးစောင့်ရှောက်ခြင်းဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခုအခါ ၎င်းကုသမှုကို ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်သောအကောင်းဆုံးကင်ဆာကုသမှုတစ်ခုအဖြစ်သတ်မှတ်ထားပါသည်။
ဝန်ဆောင်မှုများ
ကျွန်ုပ်တို့၏ ဘန်ကောက်ကင်ဆာဆေးရုံကြီး၏ သွေးရောဂါအထူးကုစင်တာတွင် အောက်ဖော်ပြပါ ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
၁။ သွေးကင်ဆာအမျိုးမျိုး
- သွေးကင်ဆာ
- ပြန်ရည်ကျိတ်ကင်ဆာ
- ရိုးတွင်းချဥ်ဆီကင်ဆာ
၂။ သွေးရောဂါ
- သွေးအားနည်းရောဂါ
- သာလာဆီးမီးယားသွေးရောဂါ
- Aplastic anaemia သွေးအားနည်းရောဂါတစ်မျိုး
၃။ သွေးနှင့်ပတ်သက်သောတခြားရောဂါများ
- ကျောက်ကပ်ပျက်ဆီးခြင်းကဲ့သို့သော တခြားအကြောင်းများကြောင့် ဖြစ်ပေါ်သောသွေးအားနည်းရောဂါ
- သွေးဥမွှားနည်းသောရောဂါ
- ပုံမှန်မဟုတ်သော သွေးအခြေအနေများ ဥပမာ – သွေးထွက်မရပ်ဘဲ သွေးထွက်များလွန်းခြင်း
ဘာကြောင့် ကျွန်ုပ်တို့သွေးရောဂါအထူးကုစင်တာကို ရွေးချယ်သင့်ပါသလဲ။
သွေးရောဂါအထူးကုစင်တာတွင် ကင်ဆာကုသမှု ထိရောက်အောင်မြင်စေရန် အဓိကကျသော ဆေးဘက်ဆိုင်ရာအဖွဲ့မှ ထိရောက်သောကုသမှုနည်းလမ်းများဖြင့် လူနာများအား မိသားစုသဖွယ် ကုသပေးလျက်ရှိပါသည်။ ဆရာဝန်များနှင့်သူနာပြုများသည် လူနာနှင့် မိသားစုဝင်များအား ရောဂါကုသမှုအဆင့်ဆင့်အကြောင်း ကောင်းစွာရှင်းပြပေးပါသည်။ လူနာသည် ဘန်ကောက်ကင်ဆာဆေးရုံကြီးတွင် စာရင်းသွင်းပြီးချိန်မှစ၍ လူနာ၏လိုအပ်ချက်များ ကူညီဖြေရှင်းပေးရန်အတွက် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ၏ လမ်းညွှန်ချက်များဖြင့် ၂၄ နာရီ ၇ ရက်ပတ်လုံး ပြီးပြည့်စုံသောဝန်ဆောင်မှုပေးလျက်ရှိပါသည်။