ကင်ဆာဆေးပညာစင်တာသည် ကင်ဆာရောဂါနှင့်ပတ်သက်သော ဆေးဝါးဆိုင်ရာကုသမှုများအတွက် ပြင်ပလူနာအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုများကိုပေးရန် ရည်ရွယ်ပါသည်။ ကင်ဆာရောဂါဆေးပညာဆိုသည်မှာ ကင်ဆာဆဲလ်များ ကြီးထွားခြင်း၊ ပြန့်ပွားခြင်းကို ဖျက်ဆီးခြင်း၊ ရပ်တန့်စေရန် ရည်ရွယ်၍ ဓာတုကုထုံးကဲ့သို့သော ဆေးဝါးများဖြင့် ကုသခြင်းဖြစ်ပါသည်။ လူနာ၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးပြီး ပြန်ဖြစ်နိုင်ခြေကို တားဆီးပေးသည့် ကုသမှုများကို အဓိကထားဆောင်ရွက်ပေးပါသည်။ လူနာများနှင့် မိသားစုဝင်များကို ကုသနည်းလမ်းများ ရွေးချယ်နိုင်စေရန်အတွက် ပြည့်စုံစွာရှင်းပြမည်ဖြစ်ပြီး လိုအပ်သောအဆင့်တိုင်းတွင် ကိုယ်တိုင်ပါဝင် ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ ကင်ဆာအထူးကုဆရာဝန်များနှင့်တကွ နယ်ပယ်ပေါင်းစုံမှ အထူးကုဆရာဝန်များဖြင့်ဖွဲ့စည်းထားသော ဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့၏ စောင့်ရှောက်မှုအောက်တွင် လူနာတစ်ဦးချင်းစီနှင့် ကိုက်ညီသော ကုသမှုအစီအစဉ်နှင့် ဝန်ဆောင်မှုများအား ပြုလုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် သိရှိလိုသောမေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပါက ဖြေကြားပေးရန်အတွက် တိုင်ပင်ဆွေးနွေးမှုကို အလွယ်တကူ ရရှိနိုင်ပါသည်။
