ရေဒီယိုအသံလှိုင်းသုံး၍ အပူပေးကုသခြင်း (Radiofrequency Ablation RFA) ကဲ့သို့သော ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်နည်းပညာကိုအသုံးပြု၍ ရောဂါရှာဖွေကုသခြင်း (Interventional Radiology) သည် ခွဲစိတ်မှုနှင့်တူညီသော ကုသမှုရလဒ်ကို ရရှိနိုင်သည့် အသေးငယ်ဆုံးသော ခွဲစိတ်ရာဖြင့် ကုသခြင်းတစ်ခုဖြစ်သည်။ ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အရေပြားမှတဆင့် အပ်သွားရမည့်လမ်းကြောင်းကို အာထရာဆောင်း သို့မဟုတ် ကွန်ပြူတာဓာတ်မှန်ကဲ့သို့ ပုံရိပ်ဖော်စက်ဖြင့် လမ်းကြောင်းကြည့်ပြီး ကုသပေးခြင်းဖြစ်သည်။
