ရင်သားအထူးကုစင်တာ၏ ကောင်းမွန်သောကုသမှုအစီအစဉ်များ
- ကျွန်ုပ်တို့သည် အရည်အသွေးပိုင်းဆိုင်ရာအတွက် နိုင်ငံတကာစံနှုန်းများဖြင့် တစ်နေရာတည်းတွင် ပြည့်စုံသောဝန်ဆောင်မှုကို ပေးလျက်ရှိပါသည်။
- စဉ်ဆက်မပြတ်အကဲဖြတ်ခြင်းအတွက် ကုသမှုတွင်ပါ၀င်သော ဆေးဘက်ဆိုင်ရာကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်စည်းဝေးသော Tumor Conference ရှိပါသည်။
- ဆေးစစ်ကုသရာတွင် လူနာဘေးကင်းလုံခြုံစေရန်အတွက် လူနာနှင့်မိသားစုသည် စစ်ဆေးကုသရန် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တိုင်းတွင် ပါဝင်စေပါသည်။
- JCI အသိအမှတ်ပြု ရင်သားခွဲစိတ်မှုနှင့် ရင်သားနှစ်ဖက်ညီညာစေရန် ပြန်လည်ပြုပြင်မှုသည် ဘဝအရည်အသွေးနှင့် အလှအပဆိုင်ရာအတွက် အထောက်အကူဖြစ်စေပါသည်။
- ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံးများဖြင့် ကုသပြီးနောက် လူနာများအတွက် နောက်ဆက်တွဲစောင့်ကြည့်ရေးအစီအစဉ်အပြင် တိုင်ပင်ဆွေးနွေးမှုကို ၂၄ နာရီ/ ၇ ရက် လိုအပ်သလိုပေးနိုင်ရန် ကျန်းမာရေးအဖွဲ့ရှိပါသည်။