ကိန်းဂဏန်းများအရ ရင်သားကင်ဆာဖြစ်ပွားမှုသည် ထိုင်းနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် တဖြည်းဖြည်း မြင့်တက်လာနေကြောင်း သိရှိရပါသည်။ ဤအချက်ကြောင့် ဘန်ကောက်ကင်ဆာအထူးကုဆေးရုံ (Wattanosoth Cancer Hospital) သည် အသက်အရွယ်မရွေး အမျိုးသမီးများကို ပြုစုစောင့်ရှောက်ပေးရန်အတွက် ရင်သားအထူးကုစင်တာကို တည်ထောင်ခဲ့ပါသည်။ ရင်သားကင်ဆာစင်တာသည် ခွဲစိတ်ဆရာဝန်များ၊ ဓာတ်မှန်ဆရာဝန်များ၊ မေ့ဆေးဆရာဝန်များနှင့် ကင်ဆာအထူးကုဆရာဝန်များပါ၀င်သည့် နယ်ပယ်ပေါင်းစုံမှ အထူးကုဆရာဝန်များအဖွဲ့မှ ရင်သားကင်ဆာအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် တိုင်ပင်ဆွေးနွေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများသည် အမေရိကန်ပြည်ထောင်စုမှ JCI အသိအမှတ်ပြုခြင်းရရှိထားပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပါသည်။
ရင်သားကင်ဆာကို စောစီးစွာ ရောဂါရှာဖွေတွေ့ရှိပါက ပျောက်ကင်းအောင်ကုသနိုင်ပြီး လူနာများအား ရောဂါလက္ခဏာမပြမီတွင်ပင် ဆေးစစ်မှုပြုလုပ်ရန် အကြံပြုပါသည်။ ထိုသို့စောစီးတွေ့ရှိပါက ကုသမှုကုထုံးများ ရွေးချယ်နိုင်ရန် အခွင့်အလမ်းပိုများခြင်းနှင့် အောင်မြင်သောကုသမှုရရှိရန် အခွင့်အလမ်းကို ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။
သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
ရင်သားအထူးကုစင်တာ
တတိယထပ်၊ ဘန်ကောက်ကင်ဆာဆေးရုံကြီး
တနလႅာ၊ အင်္ဂါ၊ သောကြာ၊ စနေ မနက် ၈ နာရီ မှ ညနေ ၄ နာရီ