သွေးနှင့်ရိုးတွင်းခြင်ဆီ ပင်မဆဲလ်အစားထိုးကုသရေးစင်တာ
သွေးနှင့်ရိုးတွင်းခြင်ဆီ ပင်မဆဲလ်အစားထိုးကုသခြင်းစင်တာသည် ပြင်းထန်သောလက္ခဏာများဖြစ်သည့် aplastic anaemia နှင့် thalassemia ကဲ့သို့သော သွေးရောဂါများနှင့် ရိုးတွင်းချဥ်ဆီချို့ယွင်းမှုရှိသောလူနာများအတွက် အလုံးစုံစောင့်ရှောက်မှုပေးရန် ရည်ရွယ်ပါသည်။ နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကုသမှုအောင်မြင်မှုနှုန်း သိသိသာသာတိုးတက်လာပါသည်။ ကုသမှု မစတင်မှီ ရွေးချယ်စရာကုထုံးများကို လူနာနှင့် မိသားစုဝင်များအား သေချာစွာရှင်းပြပေးမည်ဖြစ်သည့်အတွက် လူနာ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအချက်အလက်များပေါ်မူတည်၍ ကုသမှုအစီအစဥ်များကို စိတ်ကြိုက် ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်နိုင်ပါသည်။
ကျွန်ုပ်တို့၏ အားသာချက်များ
- အဆင့်မြင့်ပိုးသတ်ထားသော positive pressure အခန်း – ကုသနေစဥ်အတွင်း ရောဂါပိုးကူးစက်နိုင်ခြေ လျော့နည်းရန်အတွက် လူနာများအား အထူးလေသန့်စက်များတပ်ဆင်ထားသော သီးသန့်ခန်းများတွင်ကုသပေးမည်ဖြစ်ပါသည်။
- Autologous transplant လူနာကိုယ်တိုင်၏ ကျန်းမာသောပင်မဆဲလ်များ သို့မဟုတ် ရိုးတွင်းခြင်ဆီများဖြင့်အစားထိုးကုသခြင်း၊ allogenic transplant ကိုက်ညီမှုရှိသောအလှူရှင်ထံမှ အစားထိုးကုသခြင်းနှင့် haploidentical transplant ကိုက်ညီမှုတစ်ဝက်ရှိသော အလှူရှင်ထံမှ အစားထိုးကုသခြင်းကဲ့သို့သော ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အမျိုးအစားအားလုံးတွင် အထူးလေ့ကျင့်သင်ကြားထားသော သွေးရောဂါအထူးကုဆရာဝန်များမှ ကုသပေးခြင်း။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
သွေးနှင့်ရိုးတွင်းခြင်ဆီပင်မဆဲလ်အစားထိုးကုသမှုစင်တာတွင်ပါဝင်သော ပြည့်စုံသောဝန်ဆောင်မှုများ
၁။ သွေးရောဂါဆိုင်ရာရောဂါများ
- သွေးကင်ဆာ
- ပြန်ရည်ကျိတ်ကင်ဆာ
- Multiple Myeloma ရိုးတွင်းခြင်ဆီကင်ဆာ
- Myelodysplastic syndrome ရိုးတွင်းခြင်ဆီရောဂါတစ်မျိုး
၂။ကင်ဆာမဟုတ်သောသွေးရောဂါများ
- သာလာဆီးမီးယားသွေးရောဂါ
- Aplastic anaemia သွေးအားနည်းရောဂါတစ်မျိုး
အဆင့်မြင့်နည်းပညာဖြင့် ကုသမှုများ
ရိုးတွင်းခြင်ဆီနှင့် ပင်မဆဲလ်အစားထိုးခြင်းများသည် သွေးရောဂါဆိုင်ရာကင်ဆာများကို (ဥပမာ leukemia သွေးကင်ဆာ၊ Multiple Myeloma ရိုးတွင်းခြင်ဆီကင်ဆာ နှင့် non-Hodgkin’s lymphoma ပြန်ရည်ကျိတ်ကင်ဆာတစ်မျိုး) ကုသရန်အတွက် ထိရောက်သောနည်းလမ်းများဖြစ်သည်။
ကုသမှုမျှော်လင့်ချက်အသစ်တစ်မျိုးအဖြစ် သတ်မှတ်ထားသောအစားထိုးကုသခြင်းသည် ဆေးပမာဏမြင့်ဓာတုကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ပြီးပြည့်စုံသောကုသခြင်းခံယူပြီးနောက် ခန္ဓာကိုယ်မှ သွေးဆဲလ်အသစ်များ ပြန်လည်ထုတ်လုပ်နိုင်စွမ်းကို ကူညီပေးသည်။ အကောင်းဆုံးကုသမှုရလဒ်များရရှိစေသည့်အပြင် ကျွန်ုပ်တို့၏ အတွေ့အကြုံရင့်ကျက်သည့် သွေးရောဂါအထူးကုဆရာဝန်ကြီးများသည် အလှူရှင်နှင့် လက်ခံသူတို့ ခုခံအားအပြန်အလှန်တုန့်ပြန်မှုကြောင့် ဖြစ်သည့်ရောဂါအခြေအနေကို စောင့်ကြည့်စီမံရာတွင် အထူးကျွမ်းကျင်ပါသည်။ ထိရောက်သောစီမံခန့်ခွဲမှုသည် ကုသမှုမအောင်မြင်ခြင်းနှင့်သေဆုံးမှုနှုန်းကို သိသိသာသာ လျော့နည်းစေပါသည်။ ရလဒ်အနေဖြင့် အချိန်မှီ စောလျင်စွာ ကုသမှုခံယူသောလူနာများတွင် သွေးကင်ဆာရောဂါ ပျောက်ကင်းရန် အခွင့်အလမ်း သိသိသာသာ မြင့်မားလာပါသည်။
ကုသမှု မစတင်မီ
ရိုးတွင်းခြင်ဆီနှင့် ပင်မဆဲလ်အစားထိုးမကုသမီ လူနာများသည် အစားထိုးကုသမှုအတွက် ရုပ်ပိုင်းဆိုင်ရာပြင်ဆင်ထားကြောင်း သေချာစေရန်အတွက် ၎င်းတို့၏အထွေထွေကျန်းမာရေးနှင့် အခြေအနေများကိုအကဲဖြတ်ရန် စစ်ဆေးမှုများ ပြုလုပ်ပါသည်။ ပို၍အရေးကြီးသည်မှာ လူနာများသည် အစားထိုးကုသမှုအတွက် ကုသမှုလုပ်ငန်းစဥ်အားလုံးနှင့် မျှော်လင့်ထားသည့်ရလဒ်များအပြင် ၎င်းတို့၏လိုအပ်ချက်များကိုလည်း နားလည်ရန်လိုအပ်ပါသည်။ အစားထိုးကုသမှုကြောင့်ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြဿနာများသည် ကုသမှုကာလအတွင်း အချိန်မရွေးဖြစ်ပေါ်နိုင်ပါသည်။ ကိုယ်ခံအားလျှော့ချထားခြင်းကြောင့် ရောဂါပိုးဝင်ခြင်း၊ ပမာဏများသောဓာတုကုထုံး၏နောက်ဆက်တွဲဆိုးကျိုးများ သို့မဟုတ် ပြင်းထန်သောဆေးဝါးတုန့်ပြန်မှုများနှင့် တခြားသူထံမှပင်မဆဲလ် သို့မဟုတ် ရိုးတွင်းခြင်ဆီအစားထိုးကုသမှုကို လက်ခံရရှိခြင်းကြောင့် ဖြစ်ပေါ်နိုင်သောနောက်ဆက်တွဲဆိုးကျိုးတို့ကို သိရှိထားရပါမည်။ ထို့ကြောင့် မလိုလားအပ်သော ပြဿနာများအတွက် အနီးကပ်ကြီးကြပ်မှုနှင့် သင့်လျော်သောစီမံခန့်ခွဲမှုတို့သည် အလွန်အရေးကြီးပါသည်။
အရေးကြီးသောအချက်များ
လူနာများသည် ထိခိုက်မှုအနည်းဆုံးအစားထိုးကုသမှု၏ တစိတ်တပိုင်းဖြစ်သည့် ဆေးပမာဏမြင့်သောဓာတုကုထုံးကို လက်ခံရန်အတွက် ရုပ်ပိုင်းဆိုင်ရာအရည်အချင်းပြည့်မှီကြောင်းသေချာစေရန် ကုသမှုခံယူနေစဥ်အတွင်း ဓာတ်ခွဲစမ်းသပ်မှုများနှင့် လုပ်ထုံးလုပ်နည်းများစွာ လုပ်ဆောင်ရပါမည်။ လူနာ၏အခြေအနေသည် ကုသမှုဆက်လက်ခံယူရန် ပိုးသတ်ခန်းထဲတွင် တစ်လ သို့မဟုတ် အချို့တွင် တစ်လထပ်ပို၍ကြာကြာနေရပါမည်။