​သွေး​​​ရောဂါအထူးကုစင်တာ

Google AI Translate
Translated by AI

သွေးရောဂါအထူးကုစင်တာသည် ပင်မဆဲလ်အစားထိုးကုထုံးခံယူနေသောလူနာများ သို့မဟုတ် ရိုးတွင်းချဥ်ဆီ အစားထိုးကုထုံးခံယူနေသောလူနာများအပါအဝင် သွေးနှင့်ပတ်သတ်သောကင်ဆာနှင့် အခြားရောဂါများအတွက် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ စင်တာသည် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာပူးတွဲကော်မရှင် (JCI) အသိအမှတ်ပြုဆေးရုံ လက်မှတ် Hospital Accreditation (HA) ရရှိထားပြီး နိုင်ငံတကာစံချိန်စံညွှန်းပြည့်မှီသော ဘက်စုံဆေးဘက်ဆိုင်ရာဝန်ထမ်းများ ခန့်အပ်ထားပါသည်။ သွေးရောဂါအထူးကုစင်တာသည် လူနာများအတွက် အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာဖြင့် အချိန်တိုအတွင်း ရောဂါရှာဖွေခြင်းနှင့် အချိန်မှီကုသပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။ ပုံမှန်မဟုတ်သော ဆဲလ်များလျော့နည်းစေရန် ရောဂါဖြစ်စဥ်အကြောင်းရင်းရှာဖွေခြင်းနှင့် ကုသခြင်းအနေဖြင့် ပင်မဆဲလ်ကုထုံး၊ ရိုးတွင်းချဥ်ဆီအစားထိုးကုထုံးနှင့် ကင်ဆာဆဲလ်ကို ပစ်မှတ်ထားသောကုထုံး (Targeted therapy) တို့ဖြင့် အထူးဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အဓိကရည်ရွယ်ချက်မှာ လူနာကုန်ကျစရိတ်သက်သာပြီး ကောင်းမွန်သောရလဒ်များနှင့် ထိရောက်သောကုသမှုများပေးဆောင်နိုင်ရန်၊ ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းမှကာကွယ်ရန် ဖြစ်ပါသည်။ ဘန်ကောက်ကင်ဆာဆေးရုံကြီးသည် ၂၀၀၈ ခုနှစ်မှစတင်၍ ပင်မဆဲလ်ကုထုံးနှင့် ရိုးတွင်းချဥ်ဆီအစားထိုးကုထုံး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ဤကုထုံးများသည် အဆင်မြင့်ကျန်းမာရေးစောင့်ရှောက်ခြင်းဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခုအခါ ၎င်းကုသမှုကို ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်သောအကောင်းဆုံးကင်ဆာကုသမှုတစ်ခုအဖြစ်သတ်မှတ်ထားပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ရောဂါများနှင့်ကုသမှု

အားလုံးကြည့်မည်

လူနာမှတ်တမ်း

အားလုံးကြည့်မည်