ကျုပ်တို့ဆေးရုံအကြောင်း

ကင်ဆာရောဂါအတွက်ပြီးပြည့်စုံသောစောင့်ရှောက်မှု

ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကကင်ဆာရောဂါကုသရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်လုပ်ကိုင်လာခြင်း 10 နှစ်တာအတွေ့အကြုံတို့ဖြင့် Wattanosoth ကင်ဆာအထူးကုဆေးရုံကြီးသည် “Concept of Total Cancer Care” အောက်တွင် ကင်ဆာရောဂါလူနာများအား ရောဂါဖြစ်ပွားမှုမှကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာများအတွက် အရည်အသွေးပြည့်မီသောဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန်ရည်ရွယ်ပါသည်။

 

ပြီးပြည့်စုံသောကုသရေးဝန်ဆောင်မှု

လူနာများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ထည့်သွင်းစဉ်းစားရာတွင် အဆင့်မြင့် ဆေးဘက်ဆိုင်ရာနည်းပညာနှင့် ကုသမှုနည်းပညာများကိုအသုံးပြုကာ ဆေးဘက်ဆိုင်ရာအထူးပြုဝန်ထမ်းများထံမှ ပြီးပြည့်စုံသောကုသဝန်ဆောင်မှုများကို လူနာများသည်လက်ခံရရှိမှာဖြစ်ပါသည်။

 

အဆင့်မြင့်နည်းပညာအ

လူနာများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ထည့်သွင်းစဉ်းစားရာတွင် အဆင့်မြင့် ဆေးဘက်ဆိုင်ရာနည်းပညာနှင့် ကုသမှုနည်းပညာများကိုအသုံးပြုကာ ဆေးဘက်ဆိုင်ရာအထူးပြုဝန်ထမ်းများထံမှ ပြီးပြည့်စုံသောကုသဝန်ဆောင်မှုများကို လူနာများသည်လက်ခံရရှိမှာဖြစ်ပါသည်။

 

သင့်လျော်သောကုသမှုဆိုင်ရာထောက်ပံ့မှု

ကင်ဆာရောဂါစောင့်ရှောက်မှုတွင် ဘက်ပေါင်းစုံမှတစ်နေရာတည်းတွင်ပြီးပြည့်စုံသောဝန်ဆောင်မှုကြောင့် Wattanosoth ဆေးရုံအောက်ရှိ ကင်ဆာရောဂါဝေဒနာရှင်အရေအတွက်သည် တဖြည်းဖြည်းတိုးများလာပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် လူနာများအားရောဂါဖြစ်ပွားမှုမှအမြန်ဆုံးသက်သာလာပြီး သေဆုံးမှုနှုန်းကိုထိရောက်စွာ လျှော့ချပေးနိုင်ပါသည်။ ထို့ကြောင့်လူနာများသည် သင့်လျော်ပြီးအချိန်မီကုသမှုများကိုခံယူရန်အတွက် ကျွန်ုပ်တို့ကို စိတ်ချယုံကြည်နိုင်ပါသည်။

 

ကြိုတင်ကာကွယ်မှု

ကင်ဆာရောဂါကိုကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ကင်ဆာရောဂါဖြစ်စေမည့်အန္တရာယ်များကို လျှော့ချရန်ဖြစ်ပါသည်။ ထိုကဲ့သို့အတွက် Wattanosoth ဆေးရုံသည် လူနာတစ်ဦးချင်းစီနှင့် ကိုက်ညီမည့် အန္တရာယ်ရှိသောအချက်များကို ကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါရှာဖွေခြင်းများအတွက် ရည်ရွယ်၍ Wattanosoth ကင်ဆာရောဂါကြိုတင်ကာကွယ်ရေးစင်တာကို တည်ထောင်ထားပါသည်။ တစ်ဦးချင်းအလိုက် ကင်ဆာရောဂါစစ်ဆေးခြင်းနှင့် အန္တရာယ်ရှိသောအချက်များကိုစစ်ဆေးအကဲဖြတ်ခြင်းများသည် ရောဂါရှာဖွေခြင်းနှင့် စောစီးစွာကုသမှုများအတွက် ထိရောက်သောနည်းလမ်းအမျိုးမျိုးကိုရရှိနိုင်ပါသည်။

 

ရောဂါရှာဖွေစစ်ဆေးခြင်း

ကင်ဆာရောဂါရှာဖွေစစ်ဆေးခြင်းကို ကင်ဆာရောဂါအထူးကုဆရာဝန်များ၊ ဓာတ်ရောင်ခြည်အထူးကုများနှင့် သူနာပြုများက လူနာများ၏ဘေးကင်းမှုနှင့် သက်တောင့်သက်သာရှိမှုတို့ကို အလေးထားဆောင်ရွက်ပါသည်။ Wattanosoth ကင်ဆာအထူးကုဆေးရုံကြီးသည် လူနာများနှင့် ဆွေမျိုးသားချင်းများစိတ်ကျေနပ်မှုရရှိစေရန်အတွက် တိကျမြန်ဆန်ပြီး ထိရောက်မှုရှိသောကင်ဆာရောဂါရှာဖွေမှုများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။ ကင်ဆာရောဂါရှာဖွေရေး ဝန်ဆောင်မှုများတွင် ဓါတ်မှန်ရိုက်ခြင်း၊ CT စကင်န်၊ ဓာတ်ရောင်ခြည်ဆေးပညာ၊ ဇီဝကမ္မဆိုင်ရာရောဂါဗေဒ စစ်ဆေးခြင်းများ၊ စစ်ဆေးအကဲဖြတ်နိုင်ရန်အတွက် ခန္ဓာကိုယ်မှနမူနာဆဲလ်တစ်ရှူး အချို့ကိုဖယ်ထုတ်ခြင်း၊ အူမကြီးကြည့်မှန်ပြောင်းခြင်းနှင့် မှန်ပြောင်းကြည့်ခြင်း ကဲ့သို့သော ရောဂါအထူးပြုရှာဖွေရေးလုပ်ငန်းစဉ်များ ပါဝင်ပါသည်။
– ကင်ဆာရောဂါပုံရိပ်ဖော်စင်တာ
– PET/CT စကင်န်စင်တာ
– ဓာတ်ရောင်ခြည်ဆေးခန်း
– ဓာတ်ရောင်ခြည်ဆေးပညာဆေးခန်း

 

ကုသမှု

Wattanosoth ကင်ဆာအထူးကုဆေးရုံကြီးသည် ထိုင်းနိုင်ငံတွင် ကင်ဆာရောဂါကုသမှုအတွက် အဆင့်မြင့်ဆေးဘက်ဆိုင်ရာ နည်းပညာများကို အသုံးပြုမှုတွင်ဦးဆောင်သူဖြစ်ပြီး ကင်ဆာရောဂါကုသခြင်းဆိုင်ရာ ကုသမှုနည်းလမ်းပေါင်းစုံ ဖြင့်ကုသဆောင်ရွက်ပေးနေပါသည်။ လူနာများသည် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာရောဂါ ဆိုင်ရာခွဲစိတ်မှု နယ်ပယ်တွင် ကျွမ်းကျင်သောဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ကြီးကြပ်မှုအောက်တွင် သင့်လျော်ပြီး ထိရောက်သောရောဂါကာကွယ်စောင့်ရှောက်မှုများကိုခံယူရန် စိတ်ချယုံကြည်နိုင်ပါသည်။

 

ပြန်လည်ကျန်းမာကြံ့ခိုင်ရေး

ကုသမှုလုပ်ထုံးလုပ်နည်းများဆောင်ရွက်ပြီးနောက် လူနာများပြန်လည်ကျန်းမာရေးအတွက် Wattanosoth ကင်ဆာအထူးကုဆေးရုံကြီးသည် ကင်ဆာရောဂါကုသရေးအထူးပြုဆေးဝါးပညာရှင်များ၊ သူနာပြုနှင့် အာဟာရဗေဒပညာရှင်များနှင့် စဉ်ဆက်မပြတ်ဝန်ဆောင်မှုပေးပါသည်။
– နာကျင်မှုဆိုင်ရာစောင့်ရှောက်မှုဆေးခန်း
– ပံ့ပိုးကူညီစောင့်ရှောက်ရေးစင်တာ
– ပြုစုစောင့်ရှောက်ရေးဆေးခန်း