ကျောရိုးအထူးကုစင်တာ

Google AI Translate
Translated by AI

ကျောရိုးစင်တာသည် လည်ပင်းနှင့်ခါးနာခြင်းဆိုင်ရာများအပြင် ကျောရိုးကင်ဆာအကျိတ်များ၏ အဆင့်အားလုံးကို နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာများဖြင့် ကျောရိုးကျန်းမာရေးတွင် စောင့်ရှောက်မှုပေးနေပါသည်။ ရောဂါရှာဖွေခြင်းမှကုသခြင်းအထိ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များ၊ အရိုးခွဲစိတ်ဆရာဝန်များ၊ ပြန်လည်သန်စွမ်းကျန်းမာရေးအထူးကုများ၊ ကင်ဆာအထူးကုဆရာ၀◌န်ကြီးများ၊ ဓာတ်မှန်ဗေဒပညာရှင်များနှင့် မေ့ဆေးဆရာဝန်များပါဝင်သော ကျွန်ုပ်တို့၏ဘက်ပေါင်းစုံထူးချွန်အဖွဲ့သည် လူနာများအား ၎င်းတို့၏တက်ကြွသောလူနေမှုဘဝပုံစံသို့ လျင်မြန်ဘေးကင်းစွာဖြင့် ပြန်လည်ရရှိလာစေရန် ကူညီဆောင်ရွက်ပေးပါသည်။

ခွဲစိတ်ရန်မလိုသောကုသမှု

ကျောရိုးစင်တာသည် နယ်ပယ်ပေါင်းစုံမှထူးချွန်သောဆေးပညာရှင်များဖြင့် အလုံးစုံကုသမှုပေးနေပါသည်။ ဆရာဝန်များသည် နာကျင်မှု၏ အကြောင်းရင်းကို ရောဂါရာဇ၀င်မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း အပြင် ရောင်ရမ်းမှုသက်သာစေသောသောက်ဆေး၊ ထိုးဆေးများ အပါအဝင် အနားယူခြင်းအစရှိသည့် နာကျင်မှုကို အထိရောက်ဆုံးနည်းလမ်းများကိုသေချာစေရန် သံလိုက်ဓာတ်မှန် (MRI)ရိုက်ခြင်း ဖြင့်စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ လူနာတစ်ဦးချင်းစီ၏ အခြေအနေနှင့် ရောဂါအခြေအနေပြင်းထန်မှုပေါ်မူတည်၍ ကုသမှုများကို ရွေးချယ်နိုင်ပါသည်။ သင့်လျော်သောခွဲစိတ်ရန်   မလိုသည့်ကုသမှုကိုရွေးချယ်ခြင်းဖြင့် လူနာသည် မလိုအပ်ဘဲခွဲစိတ်မှုခံယူရန် မလိုအပ်ပါ။

  • သောက်သုံးရန်ဆေးဝါးများ
  • လုပ်ငန်းခွင်ကုထုံး
  • ကျောရိုးနာကျင်မှုများအားစီမံခန့်ခွဲမှု
  • ကျောရိုးကုသမှု နည်းလမ်းများ (Vertebroplasty kyphoplasty stentoplasty)
  • နာကျင်ရောင်ရမ်းမှုလျော့ကျစေသောဆေးထိုးခြင်းနှင့် ကျောရိုးအမြှေးပါးအားစတီးရွိုက်ဆေးထိုးခြင်း

ခွဲစိတ်ကုသမှု

အသေးစားကျောရိုးခွဲစိတ်မှု (MISS) သည် ပိုမိုမြန်ဆန်လုံခြုံပြီး ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ်သာ လိုအပ်ပါသည်။ ကြွက်သားများ၊ပျော့ပျောင်းသောတစ်ရှူးများနှင့် အရိုးဖွဲ့စည်းပုံ ထိခိုက်ဒဏ်ရာရမှုနည်းပါးခြင်းတို့ကြောင့် သမားရိုးကျခွဲစိတ်မှုများနှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများမှာ သွေးဆုံးရှုံးမှုနည်းခြင်း၊ ကျောရိုးဖွဲ့စည်းပုံများတွင် ထိခိုက်ဒဏ်ရာရမှုနည်းပါးခြင်း၊ ရောဂါပိုးကူးစက်၀◌င်ရောက်မှုနှုန်းနည်းပါးခြင်း၊ လျင်မြန်စွာပြန်လည်ကောင်းမွန်လာခြင်းနှင့် Microdisectomy (ကျောရိုးဆစ်နှစ်ခုကြားကျွံထွက်လာသော ချပ်ပြားလေးကို ဖယ်ရှားခြင်းဖြင့် ကျောရိုးနှင့်အာရုံကြောများပေါ်ကျရောက်နေသောဖိအားကိုသက်သာစေသည့်ကုသနည်း)  ခွဲစိတ်ကုသမှုတွင် ပြန်လည်သန်စွမ်းရေး လိုအပ်မှုနည်းပါးခြင်း စသောအကျိုးကျေးဇူးများရရှိစေပါသည်။

  • လည်ပင်းအရှေ့ဖက်မှ လည်ပင်းကျောရိုးဆစ်ကိုခွဲစိတ်ပြုပြင်ခြင်း (Anterior cervical discectomy and fusion)
  • လည်ပင်းကျောရိုးဆစ်ကြားကျွံလာသောချပ်ပြားအားခွဲစိတ်ကုသခြင်း
  • အဏုကြည့်မှန်ဘီလူးဖြင့် ကျောရိုးခွဲစိတ်ခြင်း

ကျောရိုးခွဲစိတ်ကုသမှုနည်းလမ်းများ

  • Posterior Lumbar Interbody Fusion (PLIF)
  • Open Transforaminal Lumbar Interbody Fusion (Open-TLIF)
  • Minimally Invasive Transforaminal Lumbar Interbody Fusion (MIS-TLIF)
  • Oblique Lumbar Interbody Fusion (OLIF)
  • Anterior Lumbar Interbody Fusion (ALIF)
  • ခါးရိုးစောင်းခြင်းနှင့် ကျောရိုးနှစ်ခုကြားကျွံနေသောချပ်ပြားကိုကုသရန်အတွက် Direct Lateral Interbody Fusion (DLIF)  နည်းလမ်းသည် ကြွက်သားများ ထိခိုက်မှုနည်းခြင်း၊ သွေးဆုံးရှုံးမှုနည်းပါးခြင်း၊ သေးငယ်သောခွဲစိတ်မှုနှင့် လျင်မြန်စွာပြန်လည်ကောင်းမွန်စေခြင်း
  • မှန်ပြောင်းကြည့်၍ခွဲစိတ်ခြင်း (Endoscopic discectomy)
  • spinal canal stenosis နှင့် foraminal stenosis ကိုကုသရန်အတွက် မှန်ပြောင်းအသုံးပြု၍ခွဲစိတ်ခြင်း                                                                         
  • ကျောရိုးပေါင်းစပ်ခွဲစိတ်ခြင်း

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ကျောရိုးအထူးကုစင်တာ

ဒုတိယထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

နေ့စဥ် မနက် ၇ နာရီ မှ ည‌ ၈ နာရီ