Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ကျန်းမာရေးမြှင့်တင်ရေးစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    ကျွန်ုပ်တို့သည် ကျား၊မ၊ အသက်အရွယ်နှင့် လုပ်ငန်းခွင်အလိုက် မတူညီသော ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

    သင့်ကျန်းမာရေးသည် ကျွန်ုပ်တို့၏ ဦးစားပေးအရေးကြီးသည့်ကိစ္စဖြစ်ပါသည်

    ကြိုတင်ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကျန်မာရေးပုံမှန်စစ်ဆေးမှုများမှစ၍ ကာကွယ်ဆေးထိုးခြင်းနှင့် စမ်းသပ်စစ်ဆေးမှုများအထိ၊ ကျွန်ုပ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုဆရာဝန်များသည် သင်နှင့် သင့်မိသားစုတစ်ခုလုံး ကျန်းမာသန်စွမ်းစေရန် ဆောင်ရွက်ပေးပါသည်။

    ကျန်းမာရေးမြှင့်တင်ရေးစင်တာရှိ အတွေ့အကြုံရင့်ကျက်သော ဆရာဝန်များသည် သင့်ကျန်းမာရေးကို စောင့်ကြည့်ရန် အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာများကို အသုံးပြုကာ ကျန်းမာရေးပြဿနာများကို စောစီးစွာသိရှိကုသနိုင်စေရန် ဆောင်ရွက်ပေးပါသည်။ ပိုမိုကျန်းမာသော ဘဝတစ်ခုရရှိစေရန် ကူညီပေးရန်အတွက် ကျန်းမာစွာနေထိုင်နည်းများ၊ ကိုယ်ကာယလှုပ်ရှားမှုများ ပြုလုပ်နည်းများအပါအဝင် ကျန်းမာရေးထိန်းသိမ်းနည်းလမ်းများကို ကျွန်ုပ်တို့ ပေးအပ်ပါသည်။

    ကျန်းမာရေးစစ်ဆေးမှု ဝန်ဆောင်မှုများ

    • ကျန်းမာရေးစစ်ဆေးမှုအပြည့်အစုံ
    • အလုပ်လျှောက်ထားခြင်း၊ အလုပ်ခွင့်ပြုမိန့်၊ ကားမောင်းလိုင်စင်နှင့် ကျန်းမာရေးအာမခံအတွက် ကျန်းမာရေးစစ်ဆေးမှု
    • ခရီးထွက်မည့်သူများအတွက် ကျန်းမာရေးစစ်ဆေးမှု
    • ဝန်ထမ်းများအတွက် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု
    • လုပ်ငန်းခွင်တွင်း ကျန်းမာရေးစစ်ဆေးမှု
    • ကာကွယ်ဆေးထိုးခြင်း

    ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များ

    ကျွန်ုပ်တို့သည် ကျား၊မ၊ အသက်အရွယ်နှင့် လုပ်ငန်းခွင်အလိုက် မတူညီသော ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များကို ပေးအပ်ပါသည်။ ဆရာဝန်မှ ရင်ဘတ်ဓာတ်မှန်၊ နှလုံးလျှပ်စစ်ဓာတ်မှန်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် BMI အပါအဝင် အခြေခံစစ်ဆေးမှုများစွာကို ပြုလုပ်သည့် စုံလင်သော ကိုယ်ခန္ဓာစစ်ဆေးမှုကို ဆောင်ရွက်ပေးပါမည်။ သွေးနှင့်ဆီးနမူနာများကို ယူပြီး သွေးနီဥ၊ သွေးဖြူဥ၊ သွေးချို၊ ကိုလက်စထရော၊ သိုင်းရွိုက်စသည့် စစ်ဆေးမှုများအပါအဝင် ထပ်မံခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ပါမည်။

    ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းစဉ်

    • နေထိုင်မှုပုံစံနှင့် မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးမှတ်တမ်းဆိုင်ရာ မေးခွန်းလွှာကို ရေးဖြည့်ပါ။
    • ကျွန်ုပ်တို့၏ ဝန်ထမ်းတစ်ဦး၏ အကူအညီဖြင့် သင့်လိုအပ်ချက်နှင့် ကိုက်ညီမည့် စစ်ဆေးမှုအစီအစဉ်ကို ရွေးချယ်ပါ။
    • ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကဲ့သို့သော အရေးကြီးသော လက္ခဏာများကို အရပ်နှင့် ကိုယ်အလေးချိန်နှင့်အတူ စစ်ဆေးပါမည်။
    • ရွေးချယ်ထားသော အစီအစဉ်ပေါ် မူတည်၍ မျက်စိစစ်ဆေးမှု ပြုလုပ်ပါမည်။
    • စမ်းသပ်ရန်အတွက် သွေးနမူနာယူပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပါမည်။
    • ရလဒ်များကို စောင့်ဆိုင်းနေစဉ် Gourmet Coffee Shop မှ အခမဲ့ သွားရေစာများ သုံးဆောင်နိုင်ပါသည်။
    • သင့်ဆရာဝန်နှင့် တွေ့ဆုံပြီး သင့်စစ်ဆေးမှုရလဒ်များနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများဆွေးနွေးနိုင်ပါသည်။
    • ရလဒ်များကို အင်္ဂလိပ်ဘာသာဖြင့် ပေးပါမည်။ သင့်မှတ်တမ်းအတွက် စာအုပ်ကလေးအဖြစ် ပုံနှိပ်ပေးပါမည်။
    • ဆရာဝန်က လိုအပ်သည်ဟု ယူဆသော အခြားစစ်ဆေးမှုများကို သင့်အား လုပ်ငန်းစဉ်တစ်လျှောက် လမ်းညွှန်ပေးမည့် သူနာပြုတစ်ဦး၏ အကူအညီဖြင့် ဆောင်ရွက်ပါမည်။

    ကျန်းမာရေးစစ်ဆေးမှု ပြင်ဆင်ခြင်း

    • စစ်ဆေးမှုမပြုလုပ်မီ ကြိုတင်ချိန်းဆိုထားပါ။
    • စစ်ဆေးမှုမတိုင်မီ အနည်းဆုံး ၆ မှ ၈ နာရီ အိပ်စက်အနားယူပါ။
    • ကျန်းမာရေးစစ်ဆေးမှုမတိုင်မီ ကော်ဖီမသောက်ပါနှင့်။
    • စစ်ဆေးမှုမတိုင်မီ အနည်းဆုံး ၁၀ မှ ၁၂ နာရီကြိုတင်၍ အစာနှင့်အရည် ရှောင်ကြဉ်ပါ၊ ကိုလက်စထရောများသော အစားအစာများကို ရှောင်ကြဉ်ပါ။
    • စစ်ဆေးမှုမတိုင်မီ အနည်းဆုံး ၂၄ နာရီကြိုတင်၍ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ပါ။
    • မစင်စစ်ဆေးမှုအတွက် မစင်ထည့်ခွက်ကို ကြိုတင်တောင်းခံပြီး စစ်ဆေးမှုနေ့တွင် ယူဆောင်လာပါ (မစင်နမူနာယူပြီး ၂၄ နာရီမကျော်သင့်ပါ)။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    Health Promotion Center

    ပထမထပ်၊ (ဘီ)ဆောင်

    နေ့စဉ် - မနက်(၇)နာရီ မှ ညနေ(၄)နာရီ အထိ

    +66 (0)52 089 817

    1719

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်