Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ရေယုံကာကွယ်ဆေးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရနိုင်ခြေကို လျော့ချနိုင်ပါသည်

    3 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Chayapon Cheetanom

    Bangkok Hospital Headquarter

    အပ်ဒိတ်လုပ်သောနေ့: 23 ဇန် 2026
    Dr. Chayapon Cheetanom
    Dr. Chayapon Cheetanom
    Bangkok Hospital Headquarter
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်း
    ရေယုံကာကွယ်ဆေးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရနိုင်ခြေကို လျော့ချနိုင်ပါသည်
    Bangkok Hospital Headquarter
    အပ်ဒိတ်လုပ်သောနေ့: 23 ဇန် 2026

    ရေယုံသည် အာရုံကြောစနစ်ကို ရောင်ရမ်းစေပြီး အရေပြားတွင် အလွန်နာကျင်သော အနာများဖြစ်စေပါသည်။ ပူစပ်ပူလောင်ဝေဒနာကို ခံစားရနိုင်ပြီး လူတစ်ယောက်၏ မိမိကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေနိုင်ပါသည်။ အသက် (၅၀)ကျော်လူနာများတွင် ဖြစ်ပွားလေ့ရှိပြီး နောက်ဆက်တွဲဆိုးကျိုးများဖြင့် ဒုက္ခပေးလေ့ရှိပါသည်။ အာရုံကြောစနစ်တစ်လျှောက် နာကျင်ရုံသာမက ဦးနှောက်နှင့် အဆုတ်များကို အလွန်အမင်းရောင်ရမ်း စေနိုင်ပါသည်။ ဒါကြောင့် ရေယုံကာကွယ်ဆေးကို ရောဂါမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်သည့်အနေဖြင့် သော်လည်းကောင်း၊ ဖြစ်ပွားလာခဲ့ပါက ကြီးကြီးမားမားမဖြစ်စေရန်အတွက်သော်လည်းကောင်း ကြိုတင်ထိုးနှံထားသင့်ပါသည်။


    ရေယုံကာကွယ်ဆေးဆိုသည်မှာ

    ရေယုံကာကွယ်ဆေးသည် သက်ရှိဗိုင်းရပ်စ်ကို အသုံးပြုသောကာကွယ်ဆေးအမျိုးအစားမဟုတ်ပါ။ Glycoprotein E ဟုခေါ်သော ပရိုတင်းဓာတ်တစ်မျိုးကို အသုံးပြုပြီး ဖော်စပ်ထားသော ကာကွယ်ဆေးဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ခံအားစနစ်အားနည်းသူလူနာများအတွက် သင့်တော်ပါသည်။ အသက် (၅၀)နှစ်အထက် လူနာများတွင် ကာကွယ်ဆေးထိရောက်မှုနှုန်း (၉၇.၂%) ရှိပြီး အသက် (၇၀)နှစ်အထက်လူနာများတွင် ကာကွယ်ဆေးထိရောက်မှု နှုန်း (၉၁.၃%) ထိရှိပါသည်။ ရေယုံပေါက်ပြီး အာရုံကြောနာကျင်မှုပြဿနာဖြစ်ပွားနိုင်ခြေကို အသက် (၅၀) အထက်လူနာများတွင် (၉၁.၂%)၊ အသက် (၇၀)အထက် လူနာများတွင် (၈၈.၂%) ထိ ကာကွယ်ပေးနိုင်ပါသည်။


    ရေယုံကာကွယ်ဆေးကို ဘယ်နှစ်ကြိမ်ထိုးရမှာလဲ?

    ရေယုံကာကွယ်ဆေးကို လက်မောင်းကြွက်သားအတွင်းသို့ နှစ်ကြိမ်ထိုးရန် လိုအပ်ပါသည်။ 

    • အသက် (၅၀)နှစ်အထက်လူကြီးများတွင် တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် (၂)လမှ (၆)လခြား၍ ထိုးနှံနိုင်ပါသည်။ 
    • အသက် (၁၈)နှစ်အထက် ကိုယ်ခံအားစနစ်မကောင်းသူများ (သို့) စတီးရွိုက်ဆေးသောက်နေရသူများ (သို့) ကင်ဆာဆေးသွင်းနေသူများအနေဖြင့် (၁)လ (သို့) (၂)လ ခြား၍ ထိုးနှံသင့်ပါသည်။ 

    ရေယုံကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်ပါသလဲ?

    • အသက် (၅၀)အထက် လူကြီးများ 
    • အသက် (၁၈)နှစ်အထက် ကိုယ်ခံအားစနစ်အားနည်းသူများ (သို့) ကိုယ်ခံအားစနစ် အားနည်းနိုင်ခြေရှိသူများ 

    ရေယုံကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ

    • ဆေးထိုးနေရာတွင် ယားယံခြင်း၊ ကိုက်ခြင်း၊ ရောင်ခြင်း
    • ခေါင်းကိုက်ခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ဖျားခြင်း
    • ဗိုက်နာခြင်း၊ ပျို့ခြင်း
    • အနီကွက်များပေါ်လာခြင်း၊ မျက်နှာနှင့် လည်ပင်းအမ်းရောင်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ ခေါင်းမူးဝေခြင်း၊ အားနည်းခြင်း (သို့) အသက်ရှုရခက်ခဲခြင်း စသည့် လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်း ပြသသင့်ပါသည်။ 

    วัคซีนป้องกันงูสวัด ลดเสี่ยงรุนแรงถึงชีวิต

    ရေယုံကာကွယ်ဆေးထိုးထားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ

    • ရောဂါဖြစ်နိုင်ခြေနှင့် ရောဂါဖြစ်သောအခါ ဆိုးဝါးနိုင်ခြေကို လျော့ချပေးခြင်း နှင့် ရောဂါကြောင့် နာကျင်မှုဝေဒနာခံစားရမှုနည်းပါးခြင်း
    • ကာကွယ်ဆေးထိုးနှံပြီး ဆေးအောင်/မအောင် စစ်ဆေးရန်မလိုအပ်ခြင်း
    • အခြားသောကာကွယ်ဆေးများဖြစ်သည့် အဆုတ်ရောင်ကာကွယ်ဆေးနှင့် တုပ်ကွေးကာကွယ်ဆေးများနှင့်လည်း တွဲ၍ထိုးနှံနိုင်ပါသည်။ 

    ယခုလက်ရှိအနေဖြင့် (၁၀)နှစ်ကျော်ကြာ လေ့လာချက်များအရ ကာကွယ်ဆေး၏ အကျိုးအာနိသင်သည် (၈၉%) ထိ ထိရောက်မှုရှိနေသည်ကို တွေ့ရှိရပြီး နှစ်ပေါင်း (၂၀)ကျော်သည်အထိ အကျိုးအာနိသင် ထိရောက်မှု ရှိနေနိုင်သည်ဟု မျှော်လင့်ထားကြပါသည်။ လက်ရှိအချိန်ထိ ကာကွယ်ဆေး (Booster dose) ထိုးနှံရန်အတွက် လမ်းညွှန်မှု မရှိသေးပါ။


    ရေယုံကာကွယ်ဆေး၏ သတိထားရမည့်အချက်များ

    • အသက် (၁၈)နှစ်အောက် ကလေးများတွင် မထိုးရပါ။
    • ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များတွင် မထိုးသင့်ပါ။
    • ရေကျောက်ရောဂါ ကာကွယ်ရန်အတွက် မထိုးသင့်ပါ။

    ရေယုံဖြစ်ထားဖူးရင် ရေယုံကာကွယ်ဆေး ဘယ်ချိန်ထိုးရမလဲ။

    ရေယုံရောဂါသည် ထပ်ဖန်တလဲလဲ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ရေယုံဖြစ်ပြီး (၆)လအကြာမှ စတင်ပြီး ကာကွယ်ဆေးထိုးကာ ရောဂါကို ကာကွယ်နိုင်ပါသည်။


    ရေယုံရောဂါ ကူးစက်တတ်သလား?

    ရေယုံရောဂါသည် ထိတွေ့မှုကနေ ကူးစက်တတ်ပါသည်။ ဗိုင်းရပ်စ်ပါဝင်သော အရည်ကြည်ဖုမှ ထွက်သော အရည်များမှ တစ်ဆင့် အခြားသူများကို ကူးစက်နိုင်ပါသည်။


    ရေယုံရောဂါကို အထူးကုသော ဆရာဝန်ကြီး

    Dr. Chayapon Cheetanom, သမားတော်၊ ဘန်ကောက်ဆေးရုံကြီး

    ရက်ချိန်းယူရန် နှိပ်ပါ


    ရေယုံကာကွယ်ဆေးအသင့်ရှိသော ဆေးရုံ

    ဘန်ကောက်ဆေးရုံကြီးရှိ ကာကွယ်ဆေးထိုး ဆေးခန်းတွင် ရေယုံရောဂါဖြစ်နိုင်ခြေနှင့် ရောဂါဆိုးရွားမှုကို လျော့ချစေနိုင်ရန်အတွက် ရေယုံကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။ ကျွန်ုပ်တို့၏ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် အခြားသော ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူများပါဝင်သော ကျွန်ုပ်တို့အဖွဲ့အနေဖြင့် အကောင်းမွန်ဆုံး ဂရုစိုက်မှုပေးနိုင်ရန်အတွက် အမြဲအသင့်ရှိနေပါသည်။ 

    သတင်းရင်းမြစ်

    Doctor Image

    Dr. Chayapon Cheetanom

    Internal Medicine

    Dr. Chayapon Cheetanom

    Internal Medicine

    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကာကွယ်ဆေးထိုးဆေးခန်း

    ပထမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဥ် မနက် ၆ နာရီ မှ ည‌‌ ၈ နာရီ

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်းWellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်း
    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်း

    38,000 ဘတ်

    63,085 ဘတ်

    အသေးစိတ်
    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသားကျန်းမာရေးစစ်ဆေးခြင်းWellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသားကျန်းမာရေးစစ်ဆေးခြင်း
    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသားကျန်းမာရေးစစ်ဆေးခြင်း

    31,900 ဘတ်

    56,095 ဘတ်

    အသေးစိတ်
    အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းဆိုင်ရာ ပက်ကေ့ချ်အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းဆိုင်ရာ ပက်ကေ့ချ်
    အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းဆိုင်ရာ ပက်ကေ့ချ်

    19,500 - 39,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    Nasal spray flu vaccine- ထိုးစရာမလိုဘဲ ကာကွယ်သည်။ Image
    AI
    Nasal spray flu vaccine- ထိုးစရာမလိုဘဲ ကာကွယ်သည်။
    သက်ကြီးရွယ်အိုများအတွက် RSV ကာကွယ်ဆေးသည် ကုသခြင်းထက် ကာကွယ်ရန် ပိုကောင်းသည်။ Image
    AI
    သက်ကြီးရွယ်အိုများအတွက် RSV ကာကွယ်ဆေးသည် ကုသခြင်းထက် ကာကွယ်ရန် ပိုကောင်းသည်။
    ကာကွယ်ဆေးထိုးပြီးချိန်မှာ ဘာကြောင့်တုပ်ကွေးဖြစ်သေးတာလဲ။ Image
    AI
    ကာကွယ်ဆေးထိုးပြီးချိန်မှာ ဘာကြောင့်တုပ်ကွေးဖြစ်သေးတာလဲ။
    ကျန်းမာ