Bangkok Hospital၊ BDMS Wellness Clinic နှင့် ZIWALAN Medical Travel တို့မှ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသားများအတွက် ပူးပေါင်းကျင်းပသည့် “Beauty & Beyond” အထူးအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်၊ တနင်္ဂနွေနေ့တွင် Bangkok Hospital Headquarters ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
“အလှအပထက် ပိုမိုနက်ရှိုင်းတဲ့ စစ်မှန်သော အလှတရားဆီသို့” ဆိုသည့်အတိုင်း စစ်မှန်သောအလှတရားဆိုသည်မှာ အပေါ်ယံ အသွင်အပြင် အလှအပတစ်ခုတည်းသာမဟုတ်ဘဲ ကျန်းမာခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းနှင့် တက်ကြွလန်းဆန်းမှု တို့ ပေါင်းစပ်တည်ရှိနေခြင်းဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် အကြံပြုချက်များကို မျှဝေဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစီအစဉ်တွင် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ အထူးကုဆရာဝန်များက တက်ရောက်လာသူများကို ကျန်းမာရေးဗဟုသုတများမျှဝေပေးပြီးအပြန်အလှန် အမေးအဖြေကဏ္ဍများနှင့် သိလိုသည်များကို ဆွေးနွေးပေးခဲ့ကြပါသည်။
သဘာဝကျပြီး ယုံကြည်မှုရှိသော အပြုံးအတွက် သွားနှင့်ခံတွင်းကျန်းမာရေး
Bangkok Hospital Headquarters, Dental Center မှ Operative Dentistry နှင့် Esthetics အထူးပြု သွားဘက်ဆိုင်ရာဆရာဝန် Dr. Palika Luangruangrong က လှပပြီး သဘာဝကျသောအပြုံးသည် ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပုံနှင့် သွားနှင့်ခံတွင်းကျန်းမာရေး၏ အရေးပါမှုတို့ကို မျှဝေဆွေးနွေးပေးခဲ့ပါသည်။
ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
Bangkok Hospital Headquarters, Diabetes, Thyroid and Endocrine Center မှ Weight Management အထူးပြု ဟော်မုန်းအထူးကုဆရာဝန် Dr. Somchodok Chakriyarat က ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ရန် လိုအပ်သည့် အချက်များနှင့် ကျန်းမာသောလူနေမှုပုံစံ၏ အရေးပါမှုတို့ကို ရှင်းလင်းမျှဝေပေးခဲ့ပါသည်။
အသက်အရွယ်နှင့်အညီ ကျန်းမာတက်ကြွစွာ နေထိုင်ခြင်း
BDMS Wellness Clinic, Soonvijai ၏ Director of Preventive Medicine ဖြစ်သူ Dr. Soipetch Prathuangset က အသက်အရွယ်ကြီးရင့်လာမှုကို တားဆီးခြင်းမဟုတ်သည့် မိမိ၏အသက်အရွယ်နှင့်အညီ ကျန်းမာတက်ကြွပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစွာ နေထိုင်နိုင်ရန် အရေးကြီးကြောင်း စိတ်ဝင်စားဖွယ်ရာ အပြန်အလှန်ဆွေးနွေးမှုများမှတစ်ဆင့် မျှဝေပေးခဲ့ပါသည်။
ထို့အပြင် တက်ရောက်လာသူများအတွက် Bangkok Hospital ၏အလှအပဆိုင်ရာ စစ်ဆေးခြင်းအစီအစဉ်များကို ခံစားခွင့်ရရှိနိုင်မည့် ကံစမ်းမဲဆုလက်ဆောင်များကိုလည်း ပေးအပ်ခဲ့ပါသည်။
ရေရှည်လက်တွဲလာခဲ့သော မိတ်ဖက် ZIWALAN Medical Travel (ယခင် Sea Lion Medical Travel) နှင့်အတူ Bangkok Hospital သည် လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် လူနေမှုဘဝအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။
ကျန်းမာခြင်း၊ ယုံကြည်မှုနှင့် တက်ကြွလန်းဆန်းမှုတို့ကို တစ်ပြိုင်နက်တည်း မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့သည့် “Beauty & Beyond” အစီအစဉ်သို့ ပါဝင်တက်ရောက်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။








