Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ကျန်းမာရေးစစ်ဆေးခြင်းစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    လုပ်ငန်းခွင်ဆိုင်ရာအန္တရာယ်များအတွက်သီးခြားကျန်းမာရေးစစ်ဆေးခြင်း

    ကျန်းမာရေးစစ်ဆေးခြင်းအတွက်ပြင်ဆင်မှုများ

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဝန်ဆောင်မှုများရရှိနိုင်သည့် ကျန်းမာရေးစစ်ဆေးခြင်းစင်တာ

    နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းသည် သင့်ကျန်းမာရေးအတွက် အရေးကြီးလှပါသည်။ အဘယ်ကြောင့်‌ဆိုသော် ကျန်းမာရေးစစ်ဆေးခြင်းသည် ခန္ဓာကိုယ်၏လုပ်‌ဆောင်ခြင်းများ မှန်ကန်မှု ရှိ/မရှိ နှင့် ရောဂါလက္ခဏာမပြမီ စောစီးစွာ ကုသမှုခံယူနိုင်ရန် ရောဂါများကို ရှာဖွေဖော်ထုတ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ 

    အစားအသောက်၊ ကိုယ်လက်လေ့ကျင့်ခန်း စသည့် နေ့စဉ်လူနေမှုပုံစံပြောင်းလဲခြင်းနှင့် ရောဂါလက္ခဏာများကို မည်ကဲ့သို့ သတိထားသင့်သည်ကို စင်တာတွင် ဆေးဘက်ဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

    ကျွန်ုပ်တို့၏ အတွေ့အကြုံရင့်ကျက်သော သမားတော်ကြီးများသည် သင့်ကျန်းမာရေးပြဿနာများကို စောစီးစွာ စစ်ဆေးရှာဖွေသိရှိစေရန် ခေတ်မီဆေးဘက်‌ဆိုင်ရာနည်းပညာများဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။ သန်မာတက်ကြွပြီး ကျန်းမာကြံ့ခိုင်စေရန် နည်းလမ်းများကိုလည်း အကြံဉာဏ်ပေးပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်သည် သင့်အား ပိုမိုပြည့်စုံကျန်းမာသောဘ၀ရရှိစေဖို့ ကူညီစောင့်ရှောက်ပေးရန်ဖြစ်ပါသည်။

    ကျန်းမာရေးစစ်ဆေးခြင်းစင်တာသည်  Hospital Accreditation အသိအမှတ်ပြုလက်မှတ်၊ Joint Commission International မှ ဝန်ဆောင်မှုနှင့် အရည်အသွေး အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါသည်။  လုပ်ငန်းခွင်ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုကြောင့် လူသိများသော Oregon Health & Science University နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

    ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများတွင် 

    • တစ်ဦးချင်းကျန်းမာရေး စစ်ဆေးခြင်း
    • ကုမ္ပဏီ၀န်ထမ်းများအတွက် ကျန်းမာရေးစစ်ဆေးခြင်း
    • လေကြောင်း၀န်ထမ်းများအတွက် ကျန်းမာရေးစစ်ဆေးခြင်း
    • ယာဉ်မောင်းလိုင်စင်အတွက် ကျန်းမာရေးစစ်ဆေးခြင်း
    • ကျန်းမာရေးအာမခံအတွက် ကျန်းမာရေးစစ်ဆေးခြင်း
    • အလုပ်ပါမစ်နှင့် ဗီဇာလျှောက်ခြင်းအတွက် ကျန်းမာရေးစစ်ဆေးခြင်း
    • ရေငုပ်သင်တန်းများ (PADI courses)အတွက် ကျန်းမာရေးစစ်ဆေးခြင်း
    • သင်္ဘောသားများအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ပါ၀င်ပါသည်။

    ကျန်းမာရေးစစ်ဆေးရာတွင် လွယ်ကူချောမွေ့ လျင်မြန်စေရန် စနစ်တကျစီစဉ်ထားပါသည်။

    စင်တာသို့ ရောက်ရှိလာလျှင် ပထမဆုံး အောက်ပါတို့ကို ပြုလုပ်ရမည်ဖြစ်ပါသည်။

    • စာရင်းသွင်းခြင်း – ပထမဦးဆုံးအကြိမ်လာသူများသည် စာရင်းသွင်းကောင်တာသို့ မှတ်ပုံတင်ကတ် သို့မဟုတ် ပတ်စပို့ဖြင့် ဆက်သွယ်ပါ။
    • ကျန်းမားရေးစစ်ဆေးခြင်းစင်တာသို့ ဆက်သွယ်ပါ။
      • တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးသူများအနေဖြင့် အဆောက်အဦး (R)၊ ၅ လွှာသို့ ဆက်သွယ်ပေးပါ။
      • လုပ်ငန်းခွင်ဆိုင်ရာပုဂ္ဂိုလ်များ(သို့) corporate ဖောက်သည်များအနေဖြင့် ၅ လွှာ၊ အဆောက်အဦး (R) သို့ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။
    • လူနေမှုပုံစံ၊ ယခင်နှင့် ယခုလက်ရှိခံစားနေရသော ရောဂါအခြေနေများ၊ မျိုးရိုးလိုက်သောရောဂါများနှင့် ပတ်သက်သော မေးခွန်းများကို ဖြည့်စွက်ပေးရပါမည်။
    • ကျွန်ုပ်တို့၏ကျွမ်းကျင်သော ၀န်ထမ်းတစ်ဦးမှလည်း ကျန်းမာရေးစစ်ဆေးရာတွင် လိုအပ်သည်များကို အကောင်းဆုံးဖြစ်စေရန် ကူညီပေးပါသည်။
    • ကိုယ်အလးချိန်၊ အရပ်အမြင့်နှင့် အမြင်အာရုံများကို စစ်ဆေးရပါလိမ့်မည်။
    • ဓါတ်ခွဲစမ်းသပ်မှုများအတွက် သွေးဖောက်ယူပြီး ဓါတ်ခွဲခန်းသို့ ပို့ဆောင်ရပါလိမ့်မည်။
    • အခြားလိုအပ်သော စစ်ဆေးရသည်များကိုလည်း လုပ်ဆောင်ရပါလိမ့်မည်။ အဆင့်တစ်ဆင့်ချင်းစီအတွက်သူနာပြုတစ်ယောက်မှ လမ်းညွှန်ပေးပါမည်။
    • စစ်ဆေးမှုအဖြေရလဒ်များကို စောင့်ဆိုင်းနေချိန်တွင် ကျွန်ုပ်တို့၏ ကော်ဖီကောင်တာမှ အဆာပြေမုန့်များကို အခမဲ့ယူဆောင် သုံးဆောင်နိုင်ပါသည်။
    • စစ်ဆေးမှုအဖြေရလဒ်များအရ သမားတော်နှင့် တွေ့ဆုံပြီး သိရှိချင်သည်များကို မေးခွန်းမေးခွင့်၊ ဆွေးနွေးခွင့်ကိုလည်း ရရှိမှာ ဖြစ်ပါသည်။စစ်ဆေးမှု အဖြေများကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေးပြီး နောက်တစ်ကြိမ်လာရောက်ပြသရာတွင် အသုံးပြုရန် HPC စာအုပ်ဖြင့် ပုံနှိပ်ပေးပါသည်။

    အရေးကြီးသည်များ : ပိုကောင်းသော အဖြေရလဒ်များ ရရှိစေရန် ဆေးမစစ်ခင် ကြိုတင် ပြင်ဆင်ခြင်း

    • ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်မီ အနည်းဆုံး 6-8နာရီကြာအစာမစား၊ ရေမသောက်ရန် လိုအပ်ပါသည်။ကင်မရာအသုံးပြုသောစစ်ဆေးမှုများ (သို့)အစာအိမ်မှန်ပြောင်းကြည့်ခြင်းကဲ့သို့သော ထူးခြားသော စစ်ဆေးမှုများနှင့် ကွန်ပျူတာဓါတ်မှန်ရိုက်ရာတွင် ရေသောက်၍ရပါသည်။
    • ဆေးဝါးများကို ယူဆောင်လာပါ။ လက်ရှိ မှီဝဲသောက်သုံးနေသော ဆေးများကို သမားတော်အား အသိပေးပါ။
    • အမျိုးသမီးများအတွက် : မှတ်သားထားရန်အရေးကြီးသည်မှာ ဓမ္မတာလာနေစဉ် ‌ဆီးစစ်ဆေးခြင်းကို မလုပ်ဆောင်နိုင်ပါ။ ဓမ္မတာလာပြီး (၇)ရက်ပြီးမှသာ ကျန်းမာရေးစစ်ဆေးခြင်းများကို လုပ်ဆောင်သင့်ပါသည်။
    • ဆက်သွယ်ရန်ဌာနတွင် ရက်ချိန်းယူပါ။ ရက်ချိန်းယူ၍ မရလျှင် (သို့) ရက်ချိန်းပြောင်းလိုလျှင် ကျေးဇူးပြု၍ဆက်သွယ်ရန် ဌာနသို့ အကြောင်းကြားပေးပါ။
    • ဘန်ကောက်ဆေးရုံကြီးမှ အခါအားလျော်စွာစျေးနှုန်းများကို  ကြိုတင်အသိပေးခြင်းမရှိဘဲပြောင်းလဲပိုင်ခွင့်ရှိပါသည်။

    Health Design Center

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကျန်းမာရေးစစ်ဆေးခြင်းစင်တာ

    ပဥ္မမထပ်၊ R Building

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၃ နာရီ

    (+66) 2755 1591

    (+66) 2310 3284

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်းWellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်း
    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်း

    38,000 ဘတ်

    63,085 ဘတ်

    အသေးစိတ်
    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသားကျန်းမာရေးစစ်ဆေးခြင်းWellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသားကျန်းမာရေးစစ်ဆေးခြင်း
    Wellness Signature Check-up (Non EST) package – အသက် (၅၀) နှင့် (၆၀) ကြားအမျိုးသားကျန်းမာရေးစစ်ဆေးခြင်း

    31,900 ဘတ်

    56,095 ဘတ်

    အသေးစိတ်
    Superior Check-up package – အသက် (၃၀) နှင့် (၄၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်းSuperior Check-up package – အသက် (၃၀) နှင့် (၄၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်း
    Superior Check-up package – အသက် (၃၀) နှင့် (၄၀) ကြားအမျိုးသမီးကျန်းမာရေးစစ်ဆေးခြင်း

    13,500 ဘတ်

    24,655 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်