Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ကျောရိုးအထူးကုစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ
    အကဲဖြတ်မှု

    အကျဉ်း

    ဆောင်ရွက်မှုလုပ်ငန်းစဥ်များ

    ရောဂါလက္ခဏာများနှင့်အခြေအနေများ

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    တင်ပါး၊ ခြေထောက်နှင့်ခြေဖဝါးများ ထုံကျင်ကိုက်ခဲနာကျင်ခြင်းသည် သွက်ချာပါဒ (paralysis) ကို ဖြစ်စေနိုင်ပါသလား?
    ခါးနာခြင်းနှင့်လည်ပင်းနာခြင်းမှပြန်လည်ကောင်းမွန်အောင်ဘယ်လိုပြုလုပ်နိုင်မလဲ?
    ကျောရိုးဆင့်နှစ်ခုကြားရှိချပ်ပြားလေးကျွံ့ နေခဲ့လျှင်ခွဲစိတ်ကုသမှုခံယူရန်လိုအပ်ပါသလား
    ?

    ကျောရိုးစင်တာသည် နယ်ပယ်ပေါင်းစုံမှဆေးပညာရှင်များအဖွဲ့ဖြင့် ကျောဘက်နှင့်လည်ပင်းနာကျင်မှုများအတွက် ခေတ်မီပြည့်စုံကောင်းမွန်သောကုသမှုများကို ပေးစွမ်းနိုင်သည့် ထူးချွန်စင်တာတစ်ခုဖြစ်ပါသည်။ အဆိုပါဘက်စုံထူးချွန်အဖွဲ့တွင် အရိုးခွဲစိတ်ဆရာဝန်များ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များ၊ ပြန်လည်ကျန်းမာသန်စွမ်းရေးအသင်း၊ နာကျင်မှုဆိုင်ရာစီမံခန့်ခွဲမှုအထူးကုဆရာဝန်များ၊ ကျောရိုးဆိုင်ရာအထူးပြုသူနာပြုများ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ကျောနှင့်လည်ပင်းနာကျင်မှုအတွက် နောက်ဆုံးပေါ် ခွဲစိတ်မှုများနှင့် ခွဲစိတ်စရာမလိုသောကုသမှုများ (conservative treatments) ကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ “လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံးကုသမှုများကို ဝန်ဆောင်မှု‌‌‌ပေးရန်” ဖြစ်သောကြောင့် လူနာတစ်ဦးစီ၏ အခြေအနေများအလိုက် ကုသမှုလုပ်ငန်းစဉ်တစ်ခုစီကို ဂရုတစိုက်ရွေးချယ်ပေးပါသည်။

    ကျောရိုးစင်တာသည် လူနာများအတွက် အကောင်းဆုံးသောအကျိုးကျေးဇူးများရရှိစေရန်အလို့ဌာ မလိုအပ်သောခွဲစိတ်ကုသမှုများကို လျှော့ချရန်ရည်ရွယ်၍ အလုံးစုံသောစောင့်ရှောက်မှုများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ ထို့ပြင် ဘန်ကောက်ကျောရိုးကုစင်တာသည် ကမ္ဘာတစ်ဝှမ်းမှ ခွဲစိတ်ဆရာဝန်များအတွက် အသိပညာနှင့်ဆန်းသစ်တီထွင်မှုများ ဖလှယ်ရာနေရာအဖြစ် လူသိများပြီး လည်ပင်းနှင့် ခါးနာခြင်းများအတွက် နောက်ဆုံးပေါ်ခွဲစိတ်မှုနည်းပညာများဖြင့်ကုသမှုများကို ရယူနိုင်သည့်နေရာလည်းဖြစ်ပါသည်။

    ကျောရိုးစင်တာသည် JCI (Joint Commission International) စံနှုန်းများနှင့်အညီ ပြီးပြည့်စုံသောစောင့်ရှောက်မှုအစီအစဉ်ဖြင့် ခါးနာဝေဒနာရှင်များကို ပံ့ပိုးကူညီပေးပါသည်။ ကျွန်ုပ်တို့အဖွဲ့တွင် ကျောရိုးခွဲစိတ်ဆရာဝန်များ၊ ပြန်လည်ကျန်းမာသန်စွမ်းရေးဆိုင်ရာ အထူးကုများ၊ ကာယကုထုံးဆရာများ၊ သူနာပြုများ၊ ဆေးဝါးပညာရှင်များနှင့် အာဟာရပညာရှင်များပါဝင်ပါသည့်အတွက် ကျောရိုးခွဲစိတ်မှုခံယူသော လူနာများအနေဖြင့် ကောင်းမွန်သောအကျိုးကျေးဇူးများရရှိစေမှာ သေချာပါသည်။

    ခါးနာဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ခြင်း (Low back pain pathway) ကျောရိုးစင်တာသည် DLIF/OLIF၊ ALIF နှင့် Bone Morphogenic Proteins (BMP) အပါအဝင် ခွဲစိတ်မှုနည်းပညာအသစ်များဖြင့် ပံ့ပိုးကူညီပေးပါသည်။ BMP သည် အရိုးဖွဲ့စည်းမှုကို လှုံ့ဆော်ပေးသည့် ဓာတုပရိုတင်းတစ်မျိုး (rhBMP-2) ဖြစ်ပါသည်။ ၎င်းကို၂၀၀၁ ခုနှစ်မှစ၍ ကျောရိုးတွင်းပေါင်းစပ်မှုအတွက် အသုံးပြုခဲ့ပြီး ယခုအခါ ကျောရိုးခွဲစိတ်မှုတွင် တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်ပါသည်။

    ယခုလက်ရှိတွင် ဘန်ကောက်စင်တာသည် O-Arm စက်ဖြင့်နောက်ဆုံးပေါ်အသေးစားကျောရိုးခွဲစိတ်မှုချဉ်းကပ်နည်းလမ်းကို အသုံးပြုထားပါသည်။ ၎င်းသည် ခွဲစိတ်နေစဉ်အတွင်း အာရုံကြောထိခိုက်ပျက်စီးမှုများမှ ကာကွယ်ရန်အတွက် ခွဲစိတ်မှုစောင့်ကြည့်ခြင်း (IOM) နှင့်အတူ ခွဲစိတ်ဆရာဝန်အား အချိန်နှင့်တပြေးညီ သုံးဖက်မြင်3D ပုံရိပ်များကိုပါ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

    ကျောရိုးပိုင်းဆိုင်ရာနောက်ဆက်တွဲရှုပ်ထွေးမှုများတွင် စင်တာ၏အားသာချက်မှာ အဆိုပါကျောရိုးဆိုင်ရာကိစ္စရပ်များကို အလုံးစုံသိရှိခြင်းဖြစ်သည်။ 

    • ထူးချွန်မှု – ခွဲစိတ်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းမဟုတ်သော နောက်ဆုံးပေါ်နည်းပညာများဖြင့် ပြီးပြည့်စုံသောစောင့်ရှောက်မှု
    • အာရုံစူးစိုက်မှု – လူနာတစ်ဦးစီအတွက် အကောင်းဆုံးကုသမှုကိုဆောင်ရွက်ခြင်း
    • အတွေ့အကြုံ – အမျိုးမျိုးသောကျောရိုးပိုင်းဆိုင်ရာရှုပ်ထွေးမှုများအတွက် ပြည့်စုံကောင်းမွန်သော ကုသမှုများကို ပေးဆောင်နေသည့် အတွေ့အကြုံရှိသောနယ်ပယ်ပေါင်းစုံမှထူးချွန်သည့်ဆေးပညာရှင်များအဖွဲ့
    • ကြိုတင်ပြင်ဆင်ထားရှိမှု – ကမ္ဘာတစ်ဝှမ်းရှိ ခွဲစိတ်ဆရာဝန်များထံမှ နောက်ဆုံးရကျန်းမာ‌ရေး ဗဟုသုတများမျှဝေခြင်း နှင့် ထူးချွန်စင်တာတစ်ခုဖြစ်ခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကျောရိုးအထူးကုစင်တာ

    ဒုတိယထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    နေ့စဥ် မနက် ၇ နာရီ မှ ည‌ ၈ နာရီ

    (+66) 2755 1549

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ

    42,000 - 621,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်