Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    အကျဉ်း

    အထူးကုဆေးခန်းခွဲများ

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    ဘန်ကောက်ဆေးရုံကြီး၏ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုစင်တာသည် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

    ‌ကျွန်ုပ်တို့၏ နွေးထွေးသော ဝန်ဆောင်မှု၊ ကျန်းမာရေးတိုင်ပင်‌ဆွေးနွေးမှုများနှင့်အတူ အဆင်မြင့်ဆုံး ဆေးပစ္စည်းကိရိယာများဖြင့် နား နှာခေါင်း လည်ချောင်းအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အ‌ကောင်းဆုံး ကုသမှုပေးလျက်ရှိပါသည်။

    ဝန်ဆောင်မှုများ

    • နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများအတွက် သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာအထူးပြုပညာရှင်များမှ စောင့်ရှောက်ကုသပေးခြင်း
    • လူနာများ ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် မိမိတို့၏ကျန်းမာရေးကိစ္စရပ်များကို ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ရရှိနိုင်ခြင်း
    • ရောဂါရှာဖွေခြင်း၊ ကုသမှုများစီစဉ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် ရက်ချိန်းပြန်ပြခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ခြင်း
    • ကုသမှုနည်းလမ်းနှင့် ဝန်ဆောင်မှုအရည်အသွေး အကောင်းဆုံးဖြစ်စေရန်အတွက် အဖွဲ့လိုက်တိုင်ပင်ဆွေးနွေးခြင်းများကို ပုံမှန်ပြုလုပ်ခြင်း
    • အတွေ့အကြုံရင့်ကျက်သောအထူးကုဆရာဝန်များမှ ကျန်းမာရေးဆိုင်ရာအကြံဉာဏ်များပေးခြင်း

    အကြံဉာဏ်ပေးခြင်း

    ဘန်ကောက်ဆေးရုံကြီး၏ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုစင်တာသည် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းပိုင်းဆိုင်ရာရောဂါများကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

    ကျွန်ုပ်တို့၏ နား နှာခေါင်း လည်ချောင်းအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် အတွင်းကြည့်မှန်ပြောင်း (fiber optic scopes)နှင့် နားမှန်ပြောင်း (otomicroscopy) ကဲ့သို့သော အဆင့်မြင့်ဆုံး ဆေးဘက်ဆိုင်ရာပစ္စည်းများကို အသုံးပြု၍ ထိရောက်သောကုသမှုများပေးလျက်ရှိပါသည်။

    အောက်ပါကျန်းမာရေးပြဿနာများအတွက် အကောင်းဆုံးသော ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများကို ရရှိနိုင်ပါသည်။

    နား

    • နားထဲသို့ပိုးဝင်ခြင်း
    • အကြားအာရုံပြန်လည်ကောင်းမွန်စေရန် စစ်ဆေးကုသခြင်း၊ အကြားအာရုံဆုံးရှုံးခြင်းအတွက် ကုသမှုနှင့် နားကြားကိရိယာများ တပ်ဆင်ပေးခြင်း
    • နားစည်ပေါက်ခြင်း
    • နားအတွင်းမှ အရာဝတ္ထုများကို ဖယ်ရှားခြင်း
    • နားအူခြင်း၊ နားတွင်းဆူညံသံကြားနေခြင်း

    နှာခေါင်း

    • ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်ခြင်း နှင့် ပန်းဝတ်မှုန်ကြောင့်ဖြစ်သော ဓာတ်မတည့်ခြင်း
    • နှာခေါင်းသွေးယိုခြင်း
    • နှာခေါင်းမှ အရာဝတ္ထုများကို ဖယ်ရှားခြင်း
    • နှာခေါင်းလေအိတ်ဆိုင်ရာ ပြဿနာများ၊ ထိပ်ကပ်နာရောဂါ 
    • အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း
    • အိပ်ပျော်နေစဥ် ဟောက်ခြင်း

    လည်ချောင်း

    • တံတွေးအိတ်အတွင်းသို့ ပိုးဝင်ခြင်း
    • ဦးခေါင်း၊ လည်ချောင်း၊ နှာခေါင်း၊ ပါးစပ်နှင့် အသံအိုးတို့တွင် အကျိတ်များထွက်လာခြင်း
    • အာသီးရောင်ခြင်း
    • အစာရေမျိုပြွန် မူမမှန်ခြင်း
    • လည်ချောင်းနာခြင်း
    • အသံပိုင်းဆိုင်ရာချို့ယွင်းခြင်း 

    အခြား

    • ချာချာလည်မူးခြင်း၊ မူးဝေခြင်း
    • သိုင်းရွိုက်ရောဂါ
    • ကျွန်ုပ်တို့စင်တာတွင် အောက်ပါ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ စစ်ဆေးခွဲစိတ်မှုများ ပြုလုပ်နိုင်ပါသည်။
    • အကြားအာရုံစစ်ဆေးခြင်း၊ နားစည်နှင့် အလယ်နားအခြေအနေစစ်ဆေးခြင်း (Audiometry and Tympanometry)
    • အတွင်းနားမှ ဦးနှောက်ထိ နားအကြားအာရုံစစ်ဆေးခြင်း (Auditory Brainstem Response)
    • နားတွင်းပိုင်းသို့မှန်ပြောင်းကြည့်ခြင်း (Ear Microscope)
    • လည်ချောင်းကို မှန်ပြောင်းဖြင့်စစ်ဆေးခြင်း (Fiberoptic Laryngoscope)
    • အတွင်းကြည့်မှန်ပြောင်းဖြင့် နှာခေါင်းလေအိတ်ခွဲစိတ်ခြင်း (Endoscopic Sinus Surgery)
    • မျက်နှာနှင့်မေးရိုးဆိုင်ရာခွဲစိတ်ခြင်း (Maxillofacial Surgery)
    • နားကိုအဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Microscopic Ear)
    • နာတာရှည်ထိပ်ကပ်နာအတွက် အသေးစားခွဲစိတ်ခြင်း (Balloon Sinuplasty)
    • Radiofrequency Tissue Volume Reduction
    • သိုင်းရွိုက်ခွဲစိတ်မှု
    • ဦးခေါင်းနှင့် လည်ပင်းပိုင်းဆိုင်ရာ ခွဲစိတ်မှု
    • နှာခေါင်းအတွင်းမှန်ပြောင်းကြည့်ခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုစင်တာ

    ၂လွှာ B အဆောက်အဦ၊ ဘန်ကောက်ဆေးရုံကြီး

    (+66) 2310 3010

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာခွဲစိတ်မှုအမျိုးမျိုးနား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာခွဲစိတ်မှုအမျိုးမျိုး
    နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာခွဲစိတ်မှုအမျိုးမျိုး

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်