Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ကျောက်ကပ်ဆေးဌာန

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    လူနာမှတ်တမ်း
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ပြင်းထန်ပြီး နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသော လူနာများအတွက် အကြွင်းမဲ့ကုသပေးနိုင်သော အရည်အချင်းပြည့်မီပြီး အတွေ့အကြုံရှိသောဆေးဘက်ဆိုင်ရာအဖွဲ့ကို ခေတ်မီဆေးဘက်ဆိုင်ရာကိရိယာများ နှင့်အတူ ပံ့ပိုးပေးထားပါသည်။ စင်တာသည် ခေတ်မီဆန်းသစ်သောနည်းပညာများကို အသုံးပြု၍ လူနာများနှင့် ၎င်းတို့၏မိသားစုများအတွက် ဘေးကင်းလုံခြုံသန့်ရှင်းပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် ကုသမှုများနှင့် ရောဂါရှာဖွေခြင်းအမျိုးမျိုးကို ဆောင်ရွက်ပေးပါသည်။ ကျောက်ကပ်သွေးသန့်စင်ပေးသော စင်တာတွင် ကျောက်ကပ်အထူးကုသမားတော်များ နှင့် ကျောက်ကပ်သွေးသန့်စင်ပေးသော သူနာပြုများကို 24/7 ခေါ်ဆိုနိုင်ပါသည်။ 

    ကျောက်ကပ်ပျက်စီးခြင်းဆိုတာဘာလဲ။

     ကျောက်ကပ်ပျက်စီးခြင်းသည် ကျောက်ကပ်လုပ်ငန်းဆောင်တာများချို့ယွင်းခြင်းကြောင့် သတ္တုဓာတ်အမျိုးမျိုးအပါအဝင် ဇီဝစွန့်ပစ်ပစ္စည်းများကို ကောင်းမွန်စွာစစ်ထုတ်ရန် ချို့ယွင်းခြင်းဖြစ်ပါသည်။ အဆိုပါစွန့်ပစ်ပစ္စည်းများသည် ပုံမှန်ကျောက်ကပ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးသောကြောင့် ခန္ဓာကိုယ်အတွင်း ဆိုးရွားသောသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။ 

    ရုတ်တရက်ကျောက်ကပ်ထိခိုက်ခြင်း

    ၎င်းသည် ပုံမှန်ကျောက်ကပ်လုပ်ငန်းဆောင်တာများကျဆင်းသွားပြီး သွေးအတွင်းရှိ စွန့်ပစ်ပစ္စည်းများကို ကောင်းစွာမစစ်ထုတ်နိုင်သော အခြေအနေတစ်ခုဖြစ်ပါသည်။ ဤရောဂါသည် နောက်ဆုံးတွင် ကျောက်ကပ်အားနည်းခြင်း သို့မဟုတ် ချို့ယွင်းမှုအထိ ဖြစ်စေနိုင်ပါသည်။

    နာတာရှည်ကျောက်ကပ်ရောဂါ

    ၎င်းသည် ကျောက်ကပ်လုပ်ငန်းဆောင်တာမူမမှန်ခြင်းလက္ခဏာရပ်များ ၃လကျော်ကြာသည်ထိခံစားရပြီး ကျောက်ကပ်ဆိုင်ရာလုပ်ဆောင်မှုများအားနည်းခြင်းမှ ကျောက်ကပ်ပျက်စီးခြင်းအထိဖြစ်စေနိုင်သောအခြေအနေတစ်ခုဖြစ်ပါတယ်။

    ทีมแพทย์ศูนย์โรคไต

    ကျောက်ကပ်ပျက်စီးစေသော အကြောင်းအရင်းများ 

    • ဆေးလိပ်သောက်သုံးခြင်း
    • အ၀လွန်ခြင်း
    • ခန္ဓာကိုယ်တွင်းပိုး၀င်ခြင်း
    • သွေးတိုးခြင်း
    • ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း
    • နှလုံးသွေးကြောရောဂါ
    • ဆီးချိုရောဂါ
    • မွေးရာပါရောဂါများ
    • အသက်၆၀ ကျော် လူကြီးများ
    • ကိုယ်ခံအားစနစ်ဖောက်ပြန်မှားယွင်းစေသောရောဂါများ

    ဆေးဘက်ဆိုင်ရာအကြံပြုချက်

    ကျောက်ကပ်ပျက်စီးခြင်းဆိုးရွားမှုကို နှောင့်နှေးစေမည့် မရှိမဖြစ်လိုအပ်သော ကျောက်ကပ်အထူးကုသမားတော်များ၏ ဆေးဘက်ဆိုင်ရာအကြံဉာဏ်များကို တိကျစွာလိုက်နာရန် လူနာများအား အထူးအကြံပြုအပ်ပါသည်။

    ဝန်ဆောင်မှုနှင့်ကိရိယာပစ္စည်းများ

    • ကျွန်ုပ်တို့၏ဆေးကုသမှုအဖွဲ့သည် လူနာများ၏ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကို ဂရုစိုက်ပေးနိုင်သော ကောင်းစွာလေ့ကျင့်ထားသော၊ အသိအမှတ်ပြုလက်မှတ်ရ ကျောက်ကပ်အထူးကုသမားတော်များ နှင့် မှတ်ပုံတင်ထားသော ကျောက်ကပ်သွေးသန့်စင်ပေးခြင်းဆိုင်ရာသူနာပြုများဖြင့် ဖွဲ့စည်းထားပါတယ်။
    • ကျွန်ုပ်တို့၏စက်များသည် လူနာများအတွက် လိုအပ်သော dialysis နည်းပညာအားလုံးကို ကိုင်တွယ်ဆောင်ရွက်နိုင်သော ဥရောပနှင့် ဂျပန်နိုင်ငံတို့မှ ခေတ်မီသော ကျောက်ကပ်သွေးသန့်စင်ပေးသောစက်များဖြစ်သည်။
    • ကျောက်ကပ်သွေးသန့်စင်ရန်အတွက် ရေစနစ်သည် ဥရောပနှင့် အမေရိကန်နိုင်ငံ၏ အရည်အသွေးမြင့်စံနှုန်းများနှင့် ကိုက်ညီပါသည်။
    • အရေးပေါ်ခေါ်ဆိုမှုခလုတ်များပါရှိသော သီးသန့်အခန်း Deluxe အခန်း ၁၅ ခန်း
    • ရောဂါပိုးကူးစက်ခံရသောလူနာများအတွက် အထူးသီးသန့်အခန်း
    • မိသားစုနေရာနှင့် အဆင်ပြေသာယာသောအဆောက်အအုံများ
    • အင်္ဂလိပ်၊ ဂျပန်၊ ထိုင်း၊ ပြင်သစ်၊ မြန်မာနှင့် အာရဗီချန်နယ်များကို ပံ့ပိုးပေးသည့် ဂြိုလ်တုတီဗီပါရှိသော 42 လက်မ LED မျက်နှာပြင်
    • စက်ဖြင့် ချိန်ညှိနိုင်သော ဆေးရုံကုတင်များသည် လူနာများအတွက် အမြင့်ဆုံး သက်တောင့်သက်သာဖြစ်စေသည်။

    နာတာရှည်ကျောက်ကပ်ရောဂါများဖြစ်ပွားမှုအတွက် ကုသမှုဝန်ဆောင်မှုများ

    • နာတာရှည် ကျောက်ကပ်ရောဂါများ ဖြစ်ပွားမှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာခြင်းတို့ကို ကာကွယ်ရန် တိုင်ပင်ဆွေးနွေးခြင်းနှင့် ပညာပေးခြင်းများ ပြုလုပ်ပေးခြင်း
    • ကျောက်ကပ်သွေးသန့်စင်ပေးခြင်း
    • ကျောက်ကပ်အစားထိုးကုသခြင်းများ

    ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

    • ပုံမှန် ကျောက်ကပ်သွေးသန့်စင်ပေးခြင်း
    • အထူးကြပ်မတ်ကုသဆောင်၊ နှလုံးအထူးကြပ်မတ်ကုသဆောင်ရှိလူနာများအတွက် ရွေ့လျားစနစ်ဖြင့်ကျောက်ကပ်သွေးသန့်စင်ပေးခြင်း
    • ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်ပလူနာများအတွက် ကျောက်ကပ်ဆေးခြင်း ဝန်ဆောင်မှုများ
    • စဉ်ဆက်မပြတ် ကျောက်ကပ်အစားထိုးကုထုံး၂၄ နာရီကျောက်ကပ်သွေးသန့်စင်ပေးခြင်း
    • ကျောက်ကပ်အစားထိုးကုသခြင်းများ
    • အွန်လိုင်း Hemodiafiltration

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကျောက်ကပ်သွေးသန့်စင်ပေးသောစင်တာ

    ဆဌမထပ် A Building ဘန်ကောက်ဆေးရုံကြီး

    တနလာ်မှသောကြာ မနက် ၇နာရီ မှ ညနေ ၆နာရီ

    စနေ၊တနဂ်နွေ မနက် ၇နာရီ ညနေ ၅ နာရီ

    (+66) 2310 3277

    (+66) 2310 1277

    1719

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်