Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ကူးစက်ရောဂါကုဆေးခန်း

    ဝန်ဆောင်မှုများ
    ရောဂါများနှင့်ကုသမှု

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ကူးစက်ရောဂါကုသမှုဆေးခန်း

    ဘန်ကောက်ဆေးရုံကြီး၏ ကူးစက်ရောဂါကုသမှုဆေးခန်းသည် ရောဂါအမျိုးမျိုးကိုကာကွယ်ရန် တိုင်ပင်ဆွေးနွေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကာကွယ်ဆေးများသည် ယခင်က အဖြစ်များသော ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်ပေးပါသည်။ ဥပမာအားဖြင့် မေးခိုင်၊ ဆုံဆို့နာ၊ ပါးချိတ်ရောင်၊ ဝက်သက်၊ ကြက်ညှာ ချောင်းဆိုး၊ ဦးနှောက်အမြှေးရောင်နှင့် ပိုလီယို စသည်တို့အတွက် ကြိုတင်ကာကွယ်ဆေးထိုးထားသင့်ပါသည်။ ဤရောဂါပိုးများသည် ပြင်းထန်သော သို့မဟုတ် အသက်အန္တရာယ်ရှိသော နာမကျန်းမှုများကို ဖြစ်စေနိုင်ပြီး တစ်သက်တာကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခံစားရသည်အထိ ဖြစ်စေနိုင်ပါသည်။ ယခုအခါ ၎င်းကာကွယ်ဆေးများထိုးထားခြင်းကြောင့် ထိုရောဂါများဖြင့် ဖျားနာမှု နည်းလာပြီ ဖြစ်ပါသည်။ 

    အဆိုပါကာကွယ်ဆေးများကြောင့် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားကဲ့သို့သော ရောဂါပိုးမွှားများ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသောအခါတွင် ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ၎င်းတို့ကို ပြန်လည်တိုက်ခိုက်ပြီး နာမကျန်းမှု မဖြစ်စေရန်ကာကွယ်ပေးပါသည်။ 

    • ကာကွယ်ဆေးထိုးခြင်းသည် ကျွန်ုပ်တို့ကို ပမာဏအလွန်နည်းပြီး အားပျော့သော ဗိုင်းရပ်စ်/ ဘက်တီးရီးယားပိုး သို့မဟုတ် ဗိုင်းရပ်စ်/ ဘက်တီးရီးယားပိုးအသေများဖြင့် ခန္ဓာကိုယ်တွင်း ထိတွေ့စေခြင်းဖြစ်ပါသည်။ 
    • တစ်ချိန်တွင် ရောဂါပိုးကူးစက်ခံရသောအခါ ကျွန်ုပ်တို့၏ကိုယ်ခံအားစနစ်မှာ ထိုရောဂါပိုးများကို တိုက်ထုတ်နိုင်ရန် အသင့်ရှိနေပြီဖြစ်ပါသည်။ 
    • အကျိုးကျေးဇူးအနေဖြင့် ရောဂါပိုးကူးစက်ခံရသော်လည်း နာမကျန်းမဖြစ်ခြင်း သို့မဟုတ် ရောဂါလက္ခဏာအပျော့စားသာ ခံစားရမည်ဖြစ်ပါသည်။ ဤကာကွယ်ဆေးထိုးခြင်းအားဖြင့် ကူးစက်ရောဂါများအန္တရာယ်မှ ကာကွယ်ကြပါသည်။

    ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်းကို အလေးအနက်ထား ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းတွင် ကာကွယ်ဆေးထိုးမှုနှုန်းများ ယခုထက်ပို၍ မြင့်တက်လာလျှင် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သောရောဂါများဖြစ်နှုန်းကို လျှော့ချနိုင်မည် ဖြစ်ပါသည်။

    ဘန်ကောက်ဆေးရုံကြီး၏ ကူးစက်ရောဂါကုသမှုဆေးခန်းတွင်

    • တစ်ဦးချင်း တိုင်ပင်ဆွေးနွေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းအတွက် အကြံပေးခြင်း 
    • အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကာကွယ်ဆေးထိုးခြင်းဝန်ဆောင်မှုများ
    • ကာကွယ်ဆေးထိုးမှတ်တမ်းထုတ်ပေးခြင်း
    • နိုင်ငံရပ်ခြား ခရီးမထွက်မီနှင့် ခရီးမှပြန်လာပြီးနောက် လိုအပ်သော ကာကွယ်ဆေးထိုးခြင်းဝန်ဆောင်မှု

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကူးစက်ရောဂါကုသမှုဆေးခန်း

    နေ့စဉ် မနက် ၈ နာရီ မှ ည ၈ နာရီ

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်