Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    မျက်စိလေဆာကုသမှုစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း

    အကျဉ်း

    လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း

    ခွဲစိတ်ပြီးနောက်

    မခွဲစိတ်မီ

    လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း လုပ်နိုင်သူများ

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    LASIK Center တွင် အတွေ့အကြုံ 15 နှစ်အထက်ရှိခြင်း။ ဘန်ကောက်ဆေးရုံ သင့်မျက်လုံးအတွက် အကောင်းဆုံးကို ရွေးချယ်ရန် ကျွန်ုပ်တို့သည် ဆေးဘက်ဆိုင်ရာနည်းပညာကို စဉ်ဆက်မပြတ် တီထွင်လျက်ရှိသည်။

    မျက်စိဆိုင်ရာ ခေတ်မီကုသမှု

    ဘန်ကောက်ဆေးရုံ၏ လေဆာကုသမှုစင်တာ (Lasik Center) သည် မျက်စိပိုင်းဆိုင်ရာကုသမှုများအတွက် ကျွမ်းကျင်မျက်စိအထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့မှ မျက်မှန်နှင့်မျက်ကပ်မှန်မှစပြီး နောက်ဆုံးပေါ်နည်းပညာစက်ပစ္စည်းများဖြင့် ရှုပ်ထွေးအနုစိတ်သော မျက်စိခွဲစိတ်မှုများအထိ တစ်နေရာထဲတွင် သက်တောင့်သက်သာ စိတ်အေးချမ်းသာစွာဖြင့် အကောင်းဆုံးစောင့်ရှောက်မှုများကိုပေးလျက်ရှိသောကြောင့် ထိုင်းနိုင်ငံတွင်မက နိုင်ငံတကာတွင်ပါ အသိအမှတ်ပြုခြင်းခံရသောဌာနဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာ့အဆင့်မီသမားတော်ကြီးများ၊ စက်ကိရိယာများ၊ နည်းပညာများနှင့် ကုသမှုဆိုင်ရာ ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် မျက်စိဆိုင်ရာစောင့်ရှောက်ကုသမှု အစီအစဉ်များသည် ကမ္ဘာ့အသိအမှတ်ပြု JCI မှ စံချိန်စံနှုန်းအတိုင်း အသိအမှတ်ပြုထားခြင်း ရှိထားပြီးဖြစ်ပါသည်။

    ကျွန်ုပ်တို့၏မျက်စိအထူးကုဆရာဝန်ကြီးများသည် လူနာများအတွက် ဆွေးနွေးတိုင်ပင်ခြင်းနှင့် လိုအပ်သောကုသမှုများအတွက် အသင့်ရှိနေပါသည်။ တစ်ဦးချင်းစီ၏ လိုအပ်ချက်မျာအလိုက် အသင့်လျော်ဆုံး အမြင်အာရုံခွဲစိတ်ပြုပြင်ခြင်းအတွက် ခေတ်မီသောကုသမှုနည်းလမ်းများကို ဆွေးနွေးနိုင်ပါသည်။

    အနည်းငယ်သောဘေးထွက်ဆိုးကျိုးများ

    မျက်စိအလင်းယိုင်ခွဲစိတ်မှု (Refractive surgery) သည် မိမိနေ့စဉ်ဘဝပြောင်းလဲစေနိုင်သော ဆုံးဖြတ်ချက်မျိုးဖြစ်သည့်အတွက် ရရှိနိုင်သောကောင်းကျိုးများနှင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကို သေချာစွာနားလည်သိရှိပြီးမှ ဆုံးဖြတ်ချက်ချရပါသည်။ 

    အမြင်အာရုံပြန်လည်ကောင်းမွန်စေရန် လေဆာနည်းဖြင့်ကုသခြင်းသည် စိတ်ချရပြီး ထိရောက်အကျိုးရှိသော နည်းပညာဖြစ်ပါသည်။ အတွေ့အကြုံရှိသော မျက်စိဆရာဝန်ကြီးများကိုယ်တိုင် စစ်ဆေးကုသပေးသည့်အတွက် ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ခွဲစိတ်ပြုပြင်ရန်လိုအပ်ခြင်း နှင့် အမြင်အာရုံဆုံးရှုံးခြင်း စသည်တို့ ဖြစ်နိုင်ချေ အလွန်နည်းပါးလှပါသည်။

    အနည်းငယ်သောပြဿနာများမှာ

    • ရောဂါပိုးဝင်နိုင်ခြင်း
    • မျက်ကြည်လွှာကို လိုသလောက်မပြုပြင်နိုင်ခြင်း သို့မဟုတ် လိုအပ်သည်ထပ်ပိုပုံသွင်းမိခြင်း
    • အမှောင်ထဲတွင် မြင်နိုင်စွမ်းလျော့နည်းခြင်း၊ အလင်းရောင်ကိုခံနိုင်ရည်မရှိခြင်းနှင့် အမြင်အာရုံမပြတ်သားခြင်း၊ အလင်းစက်များ၊ အလင်းရောင်အဝိုင်းများ နှင့် အလင်းရောင်နားတဝိုက်တွင် အလင်းစုများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခြင်းများကြောင့် ညဘက်ကားမောင်းရာတွင် အနှောင့်အယှက်အခက်အခဲများရှိနိုင်ခြင်း
    • အစပိုင်းတွင် အမြင်အာရုံမကြည်လင်ခြင်း
    • မျက်သားခြောက်ခြင်း တို့ဖြစ်တတ်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    မျက်စိလေဆာကုသမှုစင်တာ

    ပဥ္မမထပ်၊ ဘန်ကောက်ဆေးရုံကြီး

    တနလႅာနေ့ မှ စနေနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ

    တနင်္ဂနွေ မနက် ၈ နာရီ မှ ညနေ ၄ နာရီ

    (+66) 2755 1307

    (+66) 2310 3307

    1719 (local mobile calls only)

    [email protected]

    @bangkoklasikcenter

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်