Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အတက်ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ကလေးအထူးကုစင်တာ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ရောဂါများနှင့်ကုသမှု

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ဘန်ကောက်ဆေးရုံကြီး၏ အတက်ရောဂါ (သို့) ဝက်ရူးပြန်ရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကလေးအထူးကုစင်တာသည် အဆိုပါရောဂါများ၊ အထူးသဖြင့် ရှုပ်ထွေးသောရောဂါဖြစ်စဉ်ရှိသော ကလေးငယ်များအတွက် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကလေးအထူးကုများမှ ကုသမှုပေးရန် အသင့်ရှိနေပါသည်။ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)၊ ဦးနှောက်လျှပ်စစ်လှိုင်းပုံဖော်ခြင်း (Long Term Video EEG Monitoring)၊ မျိုးရိုးဗီဇစစ်ဆေးခြင်း (Genetic Testing) စသည့်ခေတ်မှီနည်းပညာများဖြင့် နယ်ပယ်အသီးသီးမှ အထူးကုဆရာဝန်များနှင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကလေးအထူးကုများ အတူပူးပေါင်းဆောင်ရွက်ကုသခြင်း ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ဘန်ကောက်ဆေးရုံကြီးမှ အတက်ရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကလေးအထူးကုစင်တာသည် ဆေးယဉ်ပါးအတက်ရောဂါ (သို့) ဝက်ရူးပြန်ရောဂါရှိသော ကလေးငယ်များအတွက် ကုသ‌ရေးပိုင်းတွင် အဆင်ပြေလွယ်ကူစေရန် နှင့် ကျန်းမာပျော်ရွှင်သောဘဝတို့ကို အမြန်ဆုံးပြန်လည်ရရှိစေရန် စနစ်တကျ ကုသဝန်ဆောင်မှုပေးလျက် ရှိပါသည်။

    စက်ပစ္စည်းနှင့် ကုသနည်းများ

    • ဦးနှောက်လျှပ်စစ်လှိုင်းပုံဖော်ခြင်း
    • ဓာတ်မှန်ရိုက်ခြင်း
    • မျိုးရိုးဗီဇစစ်ဆေးခြင်း
    • အတက်ကျဆေးများဖြင့် ကုသခြင်း
    • အဆင့်မြင့်ကုသမှုအနေဖြင့် ခွဲစိတ်မှုပြုလုပ်ရန်သော လူနာများအတွက် ခွဲစိတ်မှုမလုပ်မီ သေချာစွာ စစ်ဆေးဆွေးနွေးခြင်း၊ လိုအပ်ပါက ခွဲစိတ်မှုပြုလုပ်ခြင်း၊ Vagus အာရုံကြောကို လှုံ့ဆော်မှုပြုလုပ်ခြင်း နှင့် ကီတိုစားသောက်နည်း စားခြင်း (Ketogenic Diet) တို့ပါဝင်ပါသည်။

    ဝန်ဆောင်မှုများ

    1. မိမိအဆင်ပြေသော ဆေးကုသမည့်ရက်ကို ရွေးချယ်နိုင်ခြင်း
    2. ရောဂါလက္ခဏာများကို ကြိုတင်အကြောင်းကြားထားနိုင်ခြင်း
    3. ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ရမည့် မိမိရက်ချိန်းနေ့ရက်နှင့် အချိန်တွင် ဆေးရုံသို့ လာရောက်ခြင်း
    4. ဆရာဝန်သည် လူနာ၏ရောဂါလက္ခဏာများအရ ရောဂါဖြစ်စဉ်မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးမှု၊ ရောဂါရှာဖွေမှုများ ပြုလုပ်ပါမည်။
    5. အထူးကုဆရာဝန်ကြီးများထံမှ ကုသမှုနှင့် အကြံဉာဏ်များ ရယူနိုင်ပါသည်။
    6. လိုအပ်ပါက အထူးကုဆရာဝန်ကြီးမှ ထပ်မံစစ်ဆေးမည့်ရက်ကို ညွှန်ကြားမှာဖြစ်ပါသည်။

    အထူးကုဆရာဝန်ကြီးများမှာ 

    • Dr. Suchawadee Horsuwan
    • Dr. Kullasate Sakpichaisakul
    • Dr. Sorawit Viravan
    • Dr. Apimid Rojanawatsirivej
    • Dr. Montri Saengpattrachai

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    အတက်ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ကလေးအထူးကုစင်တာ

    ဘန်ကောက်ဆေးရုံကြီး

    (+66) 2310 3006

    (+66) 2755 1006

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်