Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဌာန

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ဘန်ကောက်ဆေးရုံကြီး၏ အဆုတ်နှင့်ရင်ခေါင်းအထူးကုစင်တာသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ရောဂါရှာဖွေခြင်း၊ ကုသခြင်း ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ဤအဆုတ်စင်တာသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ကုသမှုပေးနိုင်ရန် အတွေ့အကြုံရင့်ကျက်သော အထူးကုဆရာဝန်ကြီးများ၏ ဦးဆောင်မှုအောက်တွင် အသက်ရှူလမ်းကြောင်းရောဂါများကို ထိရောက်စွာကုသမှုပေးနိုင်သော ဆေးဘက်ဆိုင်ရာဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားပါသည်။ ထို့အပြင် ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် နောက်ဆုံးပေါ် ဆေးကုသမှုလမ်းညွှန်ချက်များကိုပေးနိုင်ရန် အဆုတ် နှင့်ရင်ခေါင်းအထူးကုစင်တာမှ စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။

    အဆုတ်စင်တာရှိ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းသမားတော်ကြီးများသည် တီဘီရောဂါ၊ နာတာရှည်လေပြွန်ကျဉ်းရောဂါ၊ အဆုတ်လေအိတ်ရောင်ရောဂါ နှင့် ပန်းနာရင်ကျပ်ရောဂါကဲ့သို့သော နာတာရှည်အဆုတ်ရောဂါအမျိုးမျိုးအတွက် ကုသမှုနည်းလမ်းအမျိုးမျိုးဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

    ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသော ရောဂါများ

    • အဆုတ်ရောဂါ နှင့် ဓာတ်မတည့်ရောဂါများ
    • နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ
    • အဆုတ်လေအိတ်များပျက်စီးခြင်း
    • အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ လေပြွန်ပြည်တည်နာဖြစ်ခြင်း
    • အရေးပေါ်နှင့် အထူးကြပ်မတ်ကုသမှုခံယူရန် လိုအပ်သည့်အခြေအနေများ
    • ရက်ရှည်ချောင်းဆိုးခြင်း
    • အဆုတ်ကင်ဆာ
    • ပန်းနာရင်ကြပ်ရောဂါ

    ရောဂါရှာဖွေသည့်နည်းပညာများ

    • အသက်ရှူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
    • အဆုတ်အသားစယူစစ်ဆေးခြင်း
    • အဆုတ်လုပ်ဆောင်ချက်စစ်ဆေးခြင်း
    • ရင်ခေါင်းအတွင်းမှန်ပြောင်းကြည့်၍ရောဂါရှာဖွေကုသခြင်း
    • ဝမ်းဗိုက်မှအပေါက်ဖောက်၍မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်း

    အဆုတ်စင်တာတွင်ကုသမှုပေးလျက်ရှိသော အထူးကုဆရာဝန်များ

    • ခွဲစိတ်ကုသမှုလိုအပ်သောရောဂါအခြေအနေများအတွက် အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်ဆရာဝန်များ
    • ကင်ဆာရောဂါများအတွက် ရောဂါရှာဖွေကုသမှုပေးရန် ကင်ဆာအထူးကုဆရာဝန်များ၊ ဓာတ်မှန်ဆရာဝန်ကြီးများ
    • အဆုတ်လုပ်ဆောင်ချက် ပြန်လည်အားကောင်းလာစေရေးအတွက် ဆွေးနွေးလေ့ကျင့်ပေးရန် ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီးများ 
    • ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော အဆုတ်ရောဂါဝေဒနာများကို ကုသမှုပေးနိုင်ရန် ကိုယ်ခံအားဆိုင်ရာရောဂါနှင့် ဓာတ်မတည့်ရောဂါဆိုင်ရာအထူးကုများ

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ရင်ခေါင်းနှင့်အသက်ရှူလမ်းကြောင်း

    ပဥမထပ်၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၈ နာရီ မှ ည‌နေ ၄ နာရီ

    (+66) 2310 3008

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်