Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    သက်ကြီးပိုင်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    အကျဉ်း

    အရွယ်ရောက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆေးပညာစင်တာနှင့် ပတ်သက်သည့် အမေးများသော မေးခွန်းများ

    ဆေးဝါးနှင့် အာဟာရဆိုင်ရာ အကြံဉာဏ်ပေးခြင်း

    သက်ကြီးရွယ်အို ကျန်းမာရေး အကဲဖြတ်ခြင်း။

    သက်ကြီးရွယ်အို ပြန်လည်ထူထောင်ရေး စောင့်ရှောက်မှုယူနစ် (Subacute care)၊

    သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာန (MACE)

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    သက်ကြီးပိုင်းလူကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ

    ဘန်ကောက်ဆေးရုံကြီး၏ သက်ကြီးပိုင်းကျန်းမာရေးစောင့်ရှောက်မှုစင်တာသည် သက်ကြီးပိုင်းလူကြီးများအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်သည့် စင်တာတစ်ခုဖြစ်ပါသည်။ 

    ယင်းဌာန၏ရည်ရွယ်ချက်မှာ အသက်အရွယ်ရလာသည့်အခါ ဖြစ်တတ်သောရောဂါများ၊ စွမ်းဆောင်ရည်လျော့နည်းမှုများအား ကြိုတင်ကာကွယ်ရန်နှင့် ကုသရန်တို့ကို ရှေးရှု၍ သက်ကြီးပိုင်းလူကြီးများတွင် ကောင်းမွန်သောကျန်းမာရေးရရှိစေရန် ဖြစ်ပါသည် ။

    သက်ကြီးပိုင်းလူကြီးများတွင် အသက်အရွယ်အရ ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းစဉ်များသည်  အသက်အရွယ်ငယ်သူများနှင့်မတူညီနိုင်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုံမှန်ကုသမှုပေးသော ဆေးပညာနှင့် မတူကွဲပြားမှုများရှိပါသည်။ 

    တစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် ခံစားနေရသည့်လက္ခဏာများဖြစ်သည့် သွားလာလှုပ်ရှားရာတွင်ခက်ခဲခြင်း၊ မှတ်ဥာဏ်ချွတ်ယွင်းခြင်း နှင့်သူငယ်ပြန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားငယ်ခြင်း၊ အလုပ်လုပ်နိုင်စွမ်းလျော့နည်းလာခြင်း စသည့် လက္ခဏာများပေါ် မူတည်၍ အထူးစစ်ဆေးမှုများပြုလုပ်ပေးပြီး ရောဂါကို တိကျမှန်ကန်စွာ ရှာဖွေပေးနိုင်သည့်အတွက် မှန်ကန်သောကုသမှုများကို စိတ်အေးသက်သာစွာဖြင့် ခံယူနိုင်ပါသည်။

    ဝန်ဆောင်မှုများ

    • သက်ကြီးပိုင်းများအတွက် ပြီးပြည့်စုံသော ရောဂါရှာဖွေစစ်ဆေးပေးခြင်း
    • ကျန်းမာသောသက်ကြီးပိုင်းများတွင် ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်း
    • ရောဂါအမျိုးမျိုးခံစားနေရသော သက်ကြီးပိုင်းများအတွက် နှစ်သိမ့်ဆွေးနွေးကုသခြင်း
    • သက်ကြီးပိုင်းများအတွက် အဓိကကျ‌သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း
    • အသက်အရွယ်အရ ဖြစ်သော အရိုးပွရောဂါ၊ မှတ်ဉာဏ်များဆုံးရှုံးခြင်း စသည့်ရောဂါများကို စစ်ဆေးကုသခြင်း
    • လိုအပ်သော ကာကွယ်ဆေးများ ထိုး‌နှံပေးခြင်း

    သက်ကြီးပိုင်းများကို အသေးစိတ်လေ့လာစစ်ဆေးခြင်း

    ကျန်းမာရေးစစ်ဆေးမှုများတွင် သက်ကြီးပိုင်းများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာများကို ဘက်ပေါင်းစုံမှ စစ်ဆေးပေးလျက်ရှိပါသည်။ လူကြီးများ၏ အာဟာရဓါတ်၊ သုံးစွဲနေရသည့်ဆေးဝါးများ၊ အမြင်အာရုံ၊ အကြားအာရုံ၊ မှတ်ဥာဏ်စွမ်းအား၊ လမ်းလျှောက်နိုင်ခြင်းနှင့် ဟန်ချက်ညီညီထိန်းနိုင်ခြင်း စသည့်အသေးစိတ်စစ်ဆေးမှုများ ပါဝင်ပါသည်။ သက်ကြီးရွယ်အိုများကို စစ်ဆေးအကဲဖြတ်ခြင်းသည် အမျိုးမျိုးသောရောဂါများကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရုံသာမက ကုသမှုအစီအစဉ်တစ်ခုရေးဆွဲရန်နှင့် လူနာ၏ရေရှည်လိုအပ်ချက်များကို အကဲဖြတ်ရန် အထောက်အပံ့ဖြစ်စေပါသည်။

    သက်ကြီးရွယ်အိုများတွင် ကိုယ်ခန္ဓာလုပ်ဆောင်ချက်များနှင့် လူနေမှုဘဝအရည်အသွေးကို အလေးထားဆန်းစစ်ရသောကြောင့် သက်ကြီးပိုင်းအရွယ်များကို စစ်ဆေးခြင်းသည် အခြားဆန်းစစ်မှုများနှင့် ကွဲပြားပါသည်။ ဘန်ကောက်ဆေးရုံကြီး၏ အထူးကုဆရာဝန်များအဖွဲ့သည် လူနာများကို မှန်ကန်ထိရောက်စွာ ကုသပေးရန် လူနာများ၏ ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ အချက်အလက်များကို မေးမြန်းပြီး အသေးစိတ်ဆွေးနွေးပေးလျက်ရှိပါသည်။ 

    နှင့် အာဟာရဆိုင်ရာ ဆွေးနွေးပေးခြင်း

    သုံးစွဲနေရသည့်ဆေးဝါးများနှင့်ပတ်သက်၍ အကြံဥာဏ်ပေးခြင်း

    အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရောဂါမျိုးစုံအတွက် ကောင်းကျိုးနှင့်ဆိုးကျိုး ဒွန်တွဲနေသည့် ဆေးဝါးများ မှီဝဲသောက်သုံးရသည်များ ရှိနိုင်ပါသည်။ လူနာ၏သောက်သုံးနေရသည့် ဆေးအားလုံးကို သိရှိခြင်းသည် နောက်ထပ်လိုအပ်သောဆေးဝါးများကို ရွေးချယ်ပေးနိုင်ဖို့အတွက် များစွာအထောက်အကူဖြစ်စေပါသည်။ ထို့ပြင် ဆေးဝါးပညာရှင်များသည် မလိုအပ်ဘဲ ဆေးများစွာ သောက်သုံးနေရသည့်လူနာများကို မှန်ကန်ထိရောက်သောဆေးများသာ သောက်သုံးရန် ရွေးချယ်ပေးခြင်းနှင့် နောက်ဆက်တွဲခံစားရမည့် ဆိုးကျိုးများလျော့နည်းစေရန် အကြံဥာဏ်ပေးပါသည်။

    အာဟာရနှင့်ပတ်သက်၍ အကြံဥာဏ်ပေးခြင်း

    အာဟာရပညာရှင်သည် လူတစ်ယောက်၏ စားသောက်မှုအလေ့အကျင့်ပုံစံ၊ ဖျားနာမှုရာဇဝင်၊ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု စသည်တို့နှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးပါသည်။ ထိုသို့ဆွေးနွေးပြီးနောက် ဆိုးကျိုးပေးနိုင်ပြီး ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများကို ရှောင်ရှားနိုင်ရန်၊ ကောင်းမွန်သောဘဝနေထိုင်မှုဘဝပုံစံတည်ဆောက်နိုင်ရန်အတွက် လိုအပ်သောအာဟာရအစီအစဉ်များကို အာဟာရပညာရှင်မှ စီစဥ် ညွှန်ကြားပေးပါသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ လိုအပ်ချက်များအလိုက် အထူးဂရုပြု၍ အသေးစိတ်ရေးဆွဲပေးခြင်းဖြစ်ပါသည်။ 

    သွားလာရန်ခက်ခဲသည့် လူကြီးများအတွက် ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Mobile Acute Care for the Elderly or MACE)

    သက်ကြီးပိုင်းလူကြီးများတွင် ဆေးရုံတက်ရောက်ကုသရနိုင်သော ကြိုတင်မမြင်နိုင်သော ရုတ်တရက်ဖြစ်သော အခြေအနေအကြောင်းအရင်းများစွာရှိပါသည်။ ထိုအခြေအနေများတွင် MACE သည် အကောင်းဆုံးလေ့ကျင့်မှုများဖြင့် သက်ကြီးပိုင်းအတွက် အထူးဖွဲ့စည်းထားသော ဝန်ဆောင်မှုအသစ်ဖြစ်ပါသည်။

    ဤ MACE တွင် ခေတ်မီကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် သက်ကြီးပိုင်းဆိုင်ရာအထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးပညာရှင်များ၊ အာဟာရပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ MACE ၏ ရည်ရွယ်ချက်မှာ နာတာရှည်မလှုပ်ရှားနိုင်သောအခြေအနေများတွင် ဖြစ်လာမည့် ကြွက်သားအားနည်းခြင်း၊ နာလန်ထရန် ကြန့်ကြာနေခြင်း တို့မဖြစ်စေရန် အထူးစောင့်ရှောက်မှုပေးနိုင်ရန် ဖြစ်ပါသည်။

    ကျွန်ုပ်တို့၏ ဘက်ပေါင်းစုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် အသက်အရွယ်ကြီးရင့်သူများတွင် အဖြစ်များသောရောဂါလက္ခဏာများကို ကာကွယ်ကုသနိုင်ရန်နှင့် သက်ရှည်ကျန်းမာပြီး ပျော်ရွှင်သောဘဝကို ပြန်လည်ရရှိစေရန် ကူညီပံ့ပိုးပေးပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    သက်ကြီးပိုင်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာ

    စတုတ္ထထပ်၊ R Building

    နေ့စဥ် မနက် ၈ နာရီ မှ ည‌နေ ၃ နာရီ

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    သက်ကြီးပိုင်းကျန်းမာရေးစစ်ဆေးခြင်းသက်ကြီးပိုင်းကျန်းမာရေးစစ်ဆေးခြင်း
    သက်ကြီးပိုင်းကျန်းမာရေးစစ်ဆေးခြင်း

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်