Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    မည့်သည့်အရာများက နှလုံးခုန်ခြင်းကို ပုံမမှန်ဖြစ်စေပါသလဲ?

    5 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Thachyossaphat Ukkayagorn

    Bangkok Heart Hospital

    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025
    Dr. Thachyossaphat Ukkayagorn
    Dr. Thachyossaphat Ukkayagorn
    Bangkok Heart Hospital
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ
    မည့်သည့်အရာများက နှလုံးခုန်ခြင်းကို ပုံမမှန်ဖြစ်စေပါသလဲ?
    Bangkok Heart Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025

    ပုံမှန်မဟုတ်သောနှလုံးခုန်ခြင်း သို့မဟုတ် နှလုံးခုန်နှုန်းမမှန်ခြင်းသည် အသက်အရွယ်မရွေး လူတိုင်းတွင် ကြုံတွေ့နိုင်ပါသည်။ အဖြစ်များသောအစပျိုးမှုများသည် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ ကြောင့်သာမက လည်ပင်ကြီးရောဂါ(သိုင်းရွိက်ရောဂါ)၊ လူနေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်နှင့် မျိုးရိုးဗီဇအချက်အလက်များကြောင့်လဲ ဖြစ်ပေါ်နိုင်ပါသည်။ ပြင်းထန်နှလုံးရောဂါအခံရှိသူများတွင် အချို့သောနှလုံးခုန်နှုန်းမမှန်မှုများဖြစ်ပေါ်လာပါက ရုတ်တရက်နှလုံးဖောက်သေဆုံးမှုအထိ ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ နှလုံးခုန်နှုန်းမမှန်ခြင်းကို စောစီးစွားစစ်ဆေးတွေ့ရှိပါက တချို့သောသေဆုံးမှုများကို ရှောင်ကြဉ်ဟန့်တားနိုင်မည်ဖြစ်ပါသည်။

    ဘန်ကောက်ဆေးရုံကြီးမှ နှလုံးလျှပ်စီးလမ်းကြောင်းဇီဝကမ္မဗေဒဆိုင်ရာ အထူးပြု နှလုံးအထူးကုဆရာဝန် ဒေါက်တာ Yossavee Ukkayagorn မှ “နှလုံးသွေးကြောကျဉ်းရောဂါရှိသော လူနာများ၏ ၇၀ရာခိုင်နှုန်း မှာ နှလုံးခုန်မမှန်တာကို တွေ့ရပါသည်။ ၎င်းသည် တခြားရောဂါအခံရှိသော သို့မဟုတ် ဆေးဝါးတစ်ချို့သောက်သုံးနေရသောလူနာများတွင်လည်း အဖြစ်များပါသည်။ ထိုင်းနိုင်ငံတွင် လူအ‌ယောက်တစ်ထောင်လျှင် နှလုံးခုန်ချက်မမှန်သောလူနာ အယောက်လေးဆယ် တွေ့ရှိရပြီး အထူးသဖြင့် ထိုအရေအတွက်သည် အသက် ၆၅နှစ် အထက်လူကြီးများတွင် ပိုပြီးတိုးပွားလျှက်ရှိပါသည်။ ကလေးများ၊ ဆယ်ကျော်သက်များနှင့် အလုပ်လုပ်ကိုင်နေသော အသက်အရွယ်အုပ်စုများတွင်လည်း ထိုရောဂါအခြေအ‌နေအား တွေ့ရှိနိုင်ပါသည်” ဟုအဆိုပြုထားပါသည်။

     
    နှလုံးခုန်နှုန်းမမှန်ခြင်းဆိုတာ ဘာလဲ?

    နှလုံးခုန်နှုန်းမမှန်ခြင်းသည် သို့မဟုတ် ပုံမှန်မဟုတ်သောနှလုံးခုန်ခြင်း သည် သင်၏နှလုံးခုန်နှုန်းကို ထိန်းညှိပေးသော လျှပ်စီးတွန်းအားများ‌ကောင်းစွာအလုပ်မလုပ်သောအခါတွင် ဖြစ်ပေါ်လာပါသည်။ ၎င်းအရာသည် လျှပ်စစ်အချက်ပြမှုများပို့လွှတ်ခြင်း၊ အချက်ပြမှုများပိတ်ဆို့ခံရခြင်း သို့မဟုတ် အကြောင်းအရာနှစ်မျိုးစလုံး ဖြစ်နိုင်ပါသည်။ နှလုံးခုန်နှုန်းမမှန်ခြင်းကိုအောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။

    • နှလုံးခုန်‌နှေးခြင်း သို့မဟုတ် bradycardia – နားနေစဥ်နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၆၀ ထက်နည်းသည်။
    • နှလုံးခုန်မြန်ခြင်း သို့မဟုတ် tachycardia – နားနေစဥ်နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀၀ ထက်များသည်။
    • ပုံမှန်မဟုတ်သောနှလုံးခုန်ခြင်း – ရင်တုန်ခြင်း သို့မဟုတ် တလှပ်လှပ်ဖြစ်ခြင်း။

    ဖြစ်စေသောအကြောင်းအရာများ

    နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်စေသောအကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

    • နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ – နှလုံးသွေးကြောကျဉ်းရောဂါ၊ ကြွက်သားထူနှလုံးအားနည်းရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် နှလုံးအဆို့ရှင်ရောဂါ
    • တခြားရောဂါအခံများ – လည်ပင်ကြီးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါ နှင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း 
    • Pseudoephedrine ပါဝင်သော အအေးမိဖျားနာပျောက်ဆေး သည် နှလုံးခုန်နှုန်းကိုမြန်စေပါသည်။
    • ကဖင်းဓာတ်ပါဝင်သောသောက်စရာများ – လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်များ၊ အားဖြည့်အချိုရည်များ နှင့် အရက်ပါဝင်သောသောက်စရာများ။
    • မူးယစ်ဆေးဝါးအလွှဲသုံးစားပြုလုပ်ခြင်း – အန်ဖက်တမင်း (amphetamine)
    • ကိုယ်အလေးချိန်ကျစေသောဆေးဝါး – sibutramine ပါဝင်သောဆေး
    • မျိုးရိုးဗီဇ

    หัวใจทำไมเต้นผิดจังหวะ
     
    လက္ခဏာများ

    ဤလက္ခဏာများအနက်မှ တစ်ခုခုကို ရုတ်တရက် သို့မဟုတ် မကြာခဏ သင်ခံစားရပါက အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ရှာဖွေပါ။

    • ရင်ဘတ်ထဲတွင်တလှပ်လှပ်တုန်ခြင်း
    • မူးမေ့လဲခြင်း သို့မဟုတ် မိုက်ကနဲဖြစ်ဖြစ်သွားခြင်း
    • ခေါင်းနောက်ကျိလာြခင်း သို့မဟုတ် မူးဝေလာြခင်း
    • အသက်ရှုမဝခြင်း
    • ရင်ဘတ်အောင့်ခြင်း
    • အလွန်အမင်းပင်ပန်းနွမ်းလျခြင်း
    • ပတ်လက်လှန်လှဲလောင်းလို့မရခြင်း

    หัวใจทำไมเต้นผิดจังหวะ
    ရောဂါရှာဖွေအမည်တပ်ခြင်း

    နှလုံးခုန်နှုန်းမမှန်ခြင်းအား ရောဂါရှာဖွေအမည်တပ်ရန်အတွက် အထူးကုဆရာဝန်မှ ရောဂါရာဇဝင် နှင့် ရောဂါလက္ခဏာများအား ပြန်လည်စမ်းစစ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုများအပြင် နှလုံးလုပ်ဆောင်ချက်စောင့်ကြည့်စစ်ဆေးမှု များအား ပြုလုပ်နိုင်ပါသည်။

    • နှလုံးလျှပ်စစ်လုပ်ဆောင်မှုမှုတ်တမ်း(အီးစီဂျီ) – ရောဂါလက္ခဏများအမြဲရှိနေသော လူနာများအတွက် သင့်လျော်သည်။
    • ၂၄ နာရီ မှ ၂၈ နာရီ အတွင်း Holter စက်ဖြင့် စောင့်ကြည့်လေ့လာခြင်း – အချိန်အပိုင်းခြား အတိုလေးတစ်ခုအတွင်း သို့မဟုတ် တစ်နေ့တာ၏ တိကျသောအချိန်တွင်သာ ရောဂါလက္ခဏာများ ရှိသောလူနာများအတွက်သင့်တော်သည်။
    • လျှပ်စစ်အဖြစ်အပျက်များ မှတ်တမ်းယူသောစက်(Event Recorder) – သင့်တွင်ရောဂါလက္ခဏာများ မကြာခဏဖြစ်ပေါ်ခြင်းမရှိပါက ဆရာဝန်မှ ယခုကဲ့သို့သော စက်တစ်မျိုးမျိုးအား ပုံမှန်အားဖြင့်တစ်လနီးပါး တပ်ဆပ်ရန် အကြုံပြုနိုင်သည်။ ၎င်းသည် သင့်နှလုံး၏ လျှပ်စီးလှုပ်ရှားမှုများကို ခလုတ်တစ်ခုကိုနှိပ်လိုက်သည့်အခါ မိနစ်အနည်းငယ်ကြာ မှတ်တမ်းတင်သိမ်းဆည်းပေးနိုင်သော စက်ကိရိယာတစ်မျိုးဖြစ်ပါသည်။
    • ခန္ဓာကိုယ်ထဲတပ်ဆင်ရသောလျှပ်စစ်မှတ်တမ်းသိမ်းယူသောစက် (Implantable Loop Recorder )- မူမမှန်သောနှလုံးခုန်ချက်များကို ထောက်လှမ်းသိရှိနိုင်ပြီး ရင်ဘတ်တဝိုက်အရေပြား‌အောက်တွင် စိုက်ထည့်ထားရပါသည်။
    • နှလုံးလျှပ်စီးပတ်လမ်းကြောင်းလေ့လာရှာဖွေခြင်း(EP Study) – အခြားစစ်ဆေးမှုများသည် ပုံမှန်မဟုတ်သော နှလုံးလျှပ်စီးလှုပ်ရှားမှုများကို မရှာဖွေနိုင်ပါက ဆရာဝန်မှဤစမ်းသပ်စစ်ဆေးမှုအား အသုံးပြုသည်။

    ကုသမှု

    ကုသမှုသည် လူနာတွင်ရှိသော နှလုံးခုန်နှုန်းမမှန်ခြင်း အမျိုးအစားအပေါ်မူတည်ပါသည်။ ကုသမှု အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

    • နှလုံးခုန်နှုန်းထိန်းညှိပေးသောဆေးများ
    • နှလုံးခုန်ချက်ရှော့သွင်းထိန်းညှိခြင်း (Cardioversion) – ဤလုပ်ထုံးလုပ်နည်းတွင် သင့်ရင်ဘတ်ပေါ်ရှိ လျှပ်ကူပစ္စည်း အပြား သို့မဟုတ် အချပ်လေးများမှတဆင့် သင်၏နှလုံးကို လျှပ်စစ်တုန်ခါမှုများပေးပို့ပေးပါသည်။ လျှပ်စီးကြောင်းသည် သင့်နှလုံးအတွင်းရှိ လျှပ်စစ်လှုံ့ဆော်မှုအပေါ်သက်ရောက်မှုရှိစေပြီး ပုံမှန်စည်းချက် ပြန်လည် ရရှိစေပါသည်။
    • လျှပ်စီးပတ်လမ်းဖြတ်တောက်ကုသခြင်း (Catheter ablation) – သေးငယ်သောပြွန်များကို ပေါင်ခြံမှတဆင့် ထည့်သွင်းပြီး ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို ဖြစ်စေသည့် နှလုံးအတွင်းပိုင်းရှိ သေးငယ်သော ဧရိယာဆီသို့ ကြိမ်နှုန်းမြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်လွှင့်ခြင်းဖြစ်သည်။
    • နှလုံးခုန်နှုန်းညှိစက်ကိရိယာ (pacemaker) တပ်ဆင်ခြင်း – ခွဲစိတ်မှုအသေးစားဖြင့် ညှပ်ရိုးအနီးအရေပြားအောက်တွင် တပ်ဆင်ထားမည့် ကိရိယာငယ်တစ်ခု ဖြစ်ပါသည်။ ထိုကိရိယာမှ လျှပ်ကာဝိုင်ယာကြိုးဖြင့် နှလုံးကိုချိတ်တန်းထားမည်။ ၎င်းသည် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို ထောက်လှမ်းမိပါက၊ သင့်နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် လှုံ့ဆော်ပေးသည့် လျှပ်စစ်တွန်းအားများကို ထုတ်လွှတ်ပေးသည်။
    • အလိုအလျှောက် နှလုံးတပ်ရှော့ရိုက်နှိုးကုသစက် (AICD)- သင်၏ နှလုံးအောက်ပိုင်းအခန်းများတွင် အသက်အန္တရာယ် ထိခိုက်နိုင်သော နှလုံးခုန်နှုန်းမြန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းများ ဖြစ်ပေါ်နိုင်ခြေ မြင့်မားစွာရှိပါက ဤကိရိယာကို တပ်ဆင်ရန် သင့်ဆရာဝန်မှ အကြုံပြုပါမည်။ AICD သည် သင့်နှလုံးခုန်နှုန်းကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေမည် ဖြစ်ပါသည်။ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို တွေ့ရှိပါက စွမ်းအင်လှိုင်းများထုတ်လွှတ်၍ နှလုံးအား ပုံမှန်စည်းချက်အတိုင်း ပြန်လည်ရရှိစေရန် စွမ်းဆောင်ပေးပါသည်။

    หัวใจทำไมเต้นผิดจังหวะ

    ကာကွယ်ခြင်း

    • လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ – တစ်ရက်လျှင် ၄၅မိနစ်၊ တစ်ပတ်လျှင် ၃ရက် မှ ၅ရက်
    • နှလုံးကိုကျန်းမာစေသော အစားအစာများစားပါ – အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ကြွယ်ဝသောအစားအစာ
    • အချိုဓာတ်နည်းသော၊ ဆားပါဝင်မှုနည်းသော နှင့် အဆီဓာတ်နည်းသော ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားပါ။
    • အိပ်ရေးဝဝအိပ်ပါ – တစ်နေ့လျှင် ၆ နာရီ မှ ၈ နာရီ
    • နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုခံယူပါ
    • သင့်တွင် ရောဂါအခံတစ်ခုခုရှိပါက သင်၏ဆရာဝန်နှင့် ပုံမှန်ပြသပါ။

     
    ထို့အပြင်၊ ဒေါက်တာ Yossavee က “နှလုံးခုန်နှုန်းမမှန်သောလူနာများအတွက် အခြေအနေကို ထိထိရောက်ရောက်စစ်ဆေးကုသနိုင်ရန် ၁လ မှ ၂လအတွင်း တစ်ကြိမ် ပုံမှန်ရက်ချိန်းပြသရန် အရေးကြီးပါသည်။ နှလုံးခုန်နှုန်းညှိကိရိယာတပ်ဆင်ထားရသည့် လူနာများအတွက် ဘက်ထရီနှင့် တပ်ဆင်ထားသောကိရိယာ၏ ယေဘူယျစွမ်းဆောင်ရည်ကို ပုံမှန်စစ်ဆေးရန် အရေးကြီးပါသည်။ သင့်တွင် အထက်ဖော်ပြပါ လက္ခဏာများ ကြုံတွေ့ခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူပါ။ စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းသည် အလွန်အရေးကြီးပါသည်။ နှလုံးဟာ ခန္ဓာကိုယ်တွင် အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်သည့်အတွက်ကြောင့် ဂရုစိုက်ဖို့ သတိရှိသင့်ပါသည်။” ဟု ဆရာမှ မျှဝေထားပါသည်။

    သတင်းရင်းမြစ်

    Doctor Image

    Dr. Thachyossaphat Ukkayagorn

    Internal Medicine

    Cardiology

    Dr. Thachyossaphat Ukkayagorn

    Internal Medicine

    Cardiology
    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးစည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း

    ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး

    (+66) 2755 1487

    (+66) 2755 1488

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များနှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ
    နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းအတွက် ရေဒီယိုကြိမ်နှုန်းဖြတ်တောက်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ခြင်း ပက်ကေ့ဂျ်များ

    264,500 - 1,037,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    နှလုံး ablation အတွက် PFA နည်းပညာ- AF ပုံမမှန်ခြင်းကို ကုသရန် အစားထိုးအသစ် Image
    AI
    နှလုံး ablation အတွက် PFA နည်းပညာ- AF ပုံမမှန်ခြင်းကို ကုသရန် အစားထိုးအသစ်
    နှလုံးခုန်နှုန်း ဘယ်လောက်နှေးနေလဲ ဆရာဝန်ပြဖို့ လိုပါတယ်။ Image
    AI
    နှလုံးခုန်နှုန်း ဘယ်လောက်နှေးနေလဲ ဆရာဝန်ပြဖို့ လိုပါတယ်။
    နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမမှန်ခြင်း။ Image
    AI
    နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမမှန်ခြင်း။
    ကျန်းမာ