Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    သိုင်းရွိုက်ကင်ဆာကို ရေဒီယိုအိုင်အိုဒင်း (I-131) ဖြင့် ကုသခြင်း

    4 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 23 ဇန် 2026
    သိုင်းရွိုက်ကင်ဆာကို ရေဒီယိုအိုင်အိုဒင်း (I-131) ဖြင့် ကုသခြင်း
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 23 ဇန် 2026

    သိုင်းရွိုက်ကင်ဆာသည် အမျိုးသားများထက် အမျိုးသမီးများတွင် ဖြစ်သည့်အခါ ပိုမိုသိသာတတ်ပါသည်။ လည်ပင်းတွင် အကျိတ်စမ်းမိသောအခါ လူနာအနေနှင့် ရောဂါလက္ခဏာခံစားမိနိုင်ပါသည်။ သိုင်းရွိုက်ကင်ဆာရောဂါသည်အရမ်းပြင်းပြင်းထန်ထန်မခံစားရဘဲ ဆိုးရွားအဆင့်မြင့်လာသော်လည်း ပြန်ရည်ကျိတ်များ၊ အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်သော အဆုတ်နှင့် အရိုးတို့ကို ပျံ့နှံ့နိုင်ပါသည်။ အဓိကကုသမှုအနေဖြင့် သိုင်းရွိုက်ဂလင်းကို ပထမဦးဆုံး ခွဲစိတ်ဖယ်ရှားပါသည်။ ထို့နောက် ခွဲစိတ်ကုသပြီး ကျန်ရှိနိုင်သော ကင်ဆာဆဲလ်များကို လုံးဝကုန်စင်အောင် ပျက်စီးစေရန်အတွက် ရေဒီယိုအိုင်အိုဒင်း (I-131) ဖြင့် ကုသမှု ဆက်လက်လုပ်ဆောင်ရပါသည်။


    ရေဒီယိုအိုင်အိုဒင်း (I-131) ဖြင့် ကုသမှု

    Beta ဓာတ်ရောင်ခြည်ထုတ်လွှတ်မှုရှိသော ရေဒီယိုသတ္တိကြွပစ္စည်းဖြစ်သော အိုင်အိုဒင်း-131 ကို ဆေးပညာကုသမှုအတွက် အသုံးပြုပါသည်။ ရေဒီယိုအိုင်အိုဒင်းသည် သိုင်းရွိုက်ကင်ဆာဆဲလ်များကို တွဲဆက်ပြီးတဲ့အခါ Gamma ရောင်ခြည်ကိုလည်း ထုတ်လုပ်ပေးနိုင်ပြီး အဏုမြူဆေးပညာဆိုင်ရာ ပုံရိပ်ဖော်စက်များဖြင့် ကင်ဆာကို ရှာဖွေပေးနိုင်ပါသည်။ ယေဘူယျအားဖြင့် I-131 လူနာမျိုချနိုင်သော ဆေးတောင့်ပုံစံဖြင့် ကုသမှုပေးလေ့ရှိပါသည်။

    I-131 ကုသမှုသည် ခွဲစိတ်ကုသမှုပြီးစီးပြီးနောက် ထပ်မံလုပ်ဆောင်ရသော ကုသမှုဖြစ်ပါသည်။ ပုံမှန်အားဖြင့် ခွဲစိတ်ကုသမှုအပြီး ရက်သတ္တပတ် (၃)-(၄) ပတ်ခန့်တွင်စတင်လေ့ရှိပါသည်။ သို့သော် လူနာတိုင်းအတွက် မလိုအပ်တတ်ပါ။ အတွေ့အကြုံရင့် အထူးကုဆရာဝန်မှ စစ်ဆေးမှုများ ပြုလုပ်ပြီး ကင်ဆာပြန်ဖြစ်နိုင်ခြေများသော လူနာများအတွက်သာ ဤကုသမှုကို လုပ်ဆောင်ရန် လမ်းညွှန်ကြပါသည်။ ထို့အပြင် အဏုမြူဆေးဝါးဓာတ်မှန်ဆရာဝန်မှ လိုအပ်နိုင်သော ဆေးပမာဏကို စနစ်တကျတွက်ချက်ပေးပါသည်။

    ရေဒီယိုအိုင်အိုဒင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များတွင် လုံးဝ အသုံးမပြုရပါ။


    ရေဒီယိုအိုင်အိုဒင်း (I-131) ကုသမှုအတွက် ပြင်ဆင်ခြင်း

    ပြင်ဆင်ခြင်းတွင် အိုင်အိုဒင်းပါဝင်မှုနည်းသောအစားအသောက်များနှင့် သိုင်းရွိုက်ကို လှုံ့ဆော်သောဟော်မုန်း (TSH or TSH stimulation) ကုသမှုများ ပါဝင်ပါသည်။

    အိုင်အိုဒင်းပါဝင်မှုနည်းသော အစားအသောက်ဆိုသည်မှာ တစ်ရက်လျှင် အိုင်အိုဒင်းပမာဏ (၅၀) မိုက်ခရိုဂရမ်ထက်နည်းသော အစားအသောက်များကို ကုသမှုမတိုင်ခင် ရက်သတ္တပတ် (၁)-(၂) ပတ်ကတည်းက ကြိုတင်စားသောက်ရပါသည်။ သို့မှာသာ သိုင်းရွိုက်ကင်ဆာဆဲလ်များသည် I-131 ကို ပိုမိုစုပ်ယူနိုင်ပြီး ကုသမှုအောင်မြင်နိုင်ခြေကို မြင့်တက်စေနိုင်မှာ ဖြစ်ပါသည်။ အိုင်အိုဒင်းပမာဏမြင့်မားသော အစားအစာများဖြစ်သော ပင်လယ်စား (သို့) ပင်လယ်စာဖြင့် ပြုလုပ်ထားသော အစားအစာများ (သို့) ရေညှိ (သို့) ငံပြာရည် အပြင် အိုင်အိုဒင်းထည့်ထားသော အစားအစာများနှင့် အိုင်အိုဒင်းပါဝင်သော အားဆေးများကိုပါ လူနာအနေနှင့် ရှောင်ကျဉ်သင့်ပါသည်။ အိုင်အိုဒင်းမပါဝင်သောဆားကို စားသုံးနိုင်ပါသည်။ ဆားဓာတ်မလုံလောက်ပါက သွေးတွင်းဆိုဒီယမ်ပမာဏ ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါသည်။

    TSH ဟော်မုန်းပမာဏကို (30) mU/L အထက်ရောက်ရှိနေရန် TSH Stimulation အဓိကနည်းလမ်း (၂) ခုရှိပါသည်။ ၎င်းတို့မှာ

    1. ၁။ သိုင်းရွိုက်ဟော်မုန်းကုသမှုကို ခွဲစိတ်အပြီး ရက်သတ္တပတ် (၃)-(၆)ပတ် ရပ်နားခြင်း(သို့) ခွဲစိတ်ကုသမှုအပြီးတွင် ဟော်မုန်းကုသမှု စတင်ခြင်းကို နောက်ဆုတ်ခြင်း

    2. ၂။ I-131 ကုသမှုမတိုင်မီ Recombinant Human Thyrotropin (rhTSH) ပေးခြင်း


    I–131 กลืนแร่รักษามะเร็งไทรอยด์ให้อยู่หมัด

    I-131 ကုသမှု၏ ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ

    ရေဒီယိုအိုင်အိုဒင်းကုသမှုကြောင့် ဖြစ်လေ့ရှိသော နောက်ဆက်တွဲဆိုးကျိုးများကို ကနဦးဖြစ်ခြင်းနှင့် နောက်ကျမှဖြစ်ခြင်း ဟူ၍ ခွဲခြားနိုင်ပါသည်။ ဖြစ်လေ့ရှိသော ကနဦးနောက်ဆက်တွဲဆိုးကျိုးများမှာ

    • ဓာတ်ရောင်ခြည်ကြောင့် အားနည်းခြင်း – ဥပမာ ပျို့ခြင်း၊ အန်ခြင်း၊ နုံးခြင်း နှင့် ခေါင်းကိုက်ခြင်း
    • ဓာတ်ရောင်ခြည်ကြောင့် သိုင်းရွိက်ဂလင်းရောင်ခြင်း – လည်ပင်ရှေ့ဖက်တဝိုက်တွင် ရောင်ခြင်း (သို့) နာခြင်းကို ကုသမှုစတင်ပြီး ပထမ (၄၈) နာရီအတွင်းတွင် ၁၀-၂၀ ရာခိုင်နှုန်းခန့် ဖြစ်ပွားတတ်ပါသည်။
    • ပြန်ရည်ကြောရောင်ခြင်း – ကင်ဆာဆဲလ်များ ဦးနှောက်ကို ပျံ့နှံထားပါက ဦးနှောက်အတွင်းမှာ ရောင်ခြင်းနှင့် သွေးယိုခြင်းများ ဖြစ်စေနိုင်ပါသည်။
    • တံတွေးဂလင်းများ ရောင်ခြင်း – နားအောက်နှင့် မေးရိုးနှစ်ဖက်လုံးတွင် ရောင်ရမ်းခြင်း ဖြစ်စေနိုင်ပါသည်။
    • အရသာခံမှု ပြောင်းသွားခြင်း – ဒီအခြေအနေကတော့ ခဏတာမျှသာ ဖြစ်ပါသည်။

    အချိန်ကြာမှ ဖြစ်ပွားတတ်သော နောက်ဆက်တွဲပြဿနာများအနေနှင့် တံတွေးဂလင်းများရောင်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ တံတွေးများ ပျစ်ချွဲခြင်းနှင့် အရွယ်မတိုင်မီ သွေးဆုံးခြင်းများ ဖြစ်နိုင်ပါသည်။


    I-131 ကုသမှုအပြီးတွင် ဘာတွေလုပ်ဆောင်ရမလဲ?

    1. ကုသမှုအပြီး ပထမအပတ်အတွင်း ဓာတ်ရောင်ခြည်အခြားသူများ ထိရောက်မှုနည်းစေရန် အနည်းဆုံး (၂) မီတာခန့် ခွာ၍ နေထိုင်သင့်ပါသည်။ လိုအပ်ပါက တစ်ဦးတည်း နေထိုင်သင့်ပါသည်။ လူထူထပ်သောနေရာများကို ရှောင်ကျဉ်သင့်ပါသည်။ တစ်ဦးတည်း အိပ်စက်သင့်ပါသည်။ မဖြစ်မနေအနေအထားတွင် ကုတင်အကွာအဝေးကို (၂)မီတာခန့် ခြား၍ တခြားသူကို အိပ်စက်စေသင့်ပါသည်။
    2. ဆီး၊ ချွေးနှင့် တံတွေးများတွင် ရေဒီယိုသတ္တိကြွဓာတ်များ ပါဝင်နိုင်သည်ကို သတိပြုရပါမည်။ ဥပမာ – အိမ်သာအသုံးပြုပြီးသည့်အခါ ရေ(၂)ကြိမ်လောင်းခြင်း၊ လက်ခဏခဏဆေးပေးခြင်း နှင့် တခြားသူများနှင့် ပန်းကန်တူတူစားခြင်း၊ ရေခွက်တူတူသောက်ခြင်းများ မပြုလုပ်ရပါ။ အဝတ်များကို သီးသန့်လျှော်ဖွတ်ရပါမည်။
    3. အနည်းဆုံး ၆ – ၁၂ လခန့်အထိ ကိုယ်ဝန်မရစေရန် သန္ဓေတားဆေးသောက်သုံးရပါမည်။
    4. သိုင်းရွိုက်ဟော်မုန်းကို ဆရာဝန်ညွှန်ကြားချက်အတိုင်း မှန်မှန်သောက်ပါ။ ဆရာဝန်နှင့် ပြသရန် ရက်ချိန်းများကိုလည်း အချိန်မှန်ပြသပါ။

    သိုင်းရွိုက်ကင်ဆာကုသမှုအတွက် ရေဒီယိုအိုင်အိုဒင်း (I-131) ကုထုံးကျွမ်းကျင် အထူးကုဆရာဝန်

    Asst. Prof. Dr. Usanee Techavijit, Nuclear Radiologists, Wattanosoth Cancer Hospital

    Click here for self-appointment


    ရေဒီယိုအိုင်အိုဒင်း (I-131) ကုသမှုအတွက် အထူးသီးသန့်ဆေးရုံ

    Wattanosoth ကင်ဆာဆေးရုံကြီးသည် ခေတ်မီဆေးကုသမှု ကိရိယာများရှိသကဲ့သို့ အတွေ့အကြုံရင့် ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့် ဘက်ပေါင်းစုံဆေးပညာရှင်များ ပူးပေါင်းပါဝင်သောအဖွဲ့နှင့်အတူ သိုင်းရွိုက်ကင်ဆာကုသရန်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားပါသည်။ လူနာများ၏ လူမှုဘဝ ပြန်လည် ပျော်ရွှင်ချမ်းမြေ့နိုင်စေဖို့ ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။


    References:

    1. Haugen B, Alexander E, Bible K, et al.2015 American thyroid associate management guideline for adult patients with thyroid nodules and differentiated thyroid cancer. Thyroid. 2016.26(1): 1-133.
    2. Avram A, Giovanella L, Greenspan B, et al. SNMMI procedure standard/EANM practice guideline for nuclear medicine evaluation and therapy of differentiated thyroid cancer: Abbreviated version. JNM.2022. 63(6):15N-35N.
    3. Luster M, Clarke S.E., Dietlein M, et al. Guidelines for radioiodine therapy of differentiated thyroid cancer. EJNMMI. 2008. 35:1941-1959.
    4. Dauer L.T., Hurley J. R, Brierley J. d. et al. radiation safety in the treatment of patients with thyroid disease by radioiodine I-131: practice recommendation of the American thyroid association.

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နူကလီးယားဆေးပညာဌာန

    မြေအောက်ထပ် (B1)

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၅ နာရီ

    (+66) 2755 1188 (Cancer Hotline 8:00 AM - 8:00 PM)

    (+66) 2310 3000 (After 8:00 PM)

    1719 (local calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    Lutetium-177 PSMA ရေဒီယိုဆေးဝါးသည် ဆီးကျိတ်ကင်ဆာကို ကုသရန် အခွင့်အလမ်းကို တိုးစေသည်။ Image
    AI
    Lutetium-177 PSMA ရေဒီယိုဆေးဝါးသည် ဆီးကျိတ်ကင်ဆာကို ကုသရန် အခွင့်အလမ်းကို တိုးစေသည်။
    ကျန်းမာ