Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ကင်ဆာရောဂါကာကွယ်ရန် လေ့ကျင့်ခန်းများ စတင်ဖို့ နည်းလမ်း(၇)သွယ်

    3 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025
    ကင်ဆာရောဂါကာကွယ်ရန် လေ့ကျင့်ခန်းများ စတင်ဖို့ နည်းလမ်း(၇)သွယ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025

    ကင်ဆာရောဂါကာကွယ်ရန် လေ့ကျင့်ခန်းများ စတင်ဖို့ နည်းလမ်း(၇)သွယ်

    ၁) စိတ်ထဲမှ အရင် စတင်ပါ။ “အချိန်မရှိဘူး။ ဒီနေ့တော့ ပင်ပန်းနေပြီ” စသည့်တို့သည် လေ့ကျင့်ခန်းလုပ်ရန် စတင်မည့်အခါတွင် ပေးလေ့ရှိတတ်သော ဆင်ခြေများဖြစ်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းက လန်းဆန်းတက်ကြွစေပြီး ကျန်းမာရွှင်လန်းမှုကို ဖြစ်ပေါ်စေနိုင်သည်ဆိုသော စိတ်ပိုင်းဖြတ်မှုက ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရန်အတွက် အဓိကအချက်ဖြစ်ပါသည်။ လေ့ကျင့်ခန်း ကိုယ်လက်လှုပ်ရှားမှုများသည် အသက်အရွယ်မရွေး သင့်တော်ပါသည်။ ထို့ကြောင့် အဝတ်အစားဟောင်းများ ပြန်ဝတ်နိုင်ရန် (သို့) ကမ်းခြေမှာ ခန္ဓာကိုယ်အချိုးအစားလှလှဖြင့် ဓာတ်ပုံရိုက်မည် စသော စိတ်လှုံ့ဆော်မှုများဖြင့် ကြိုးစားစတင်လိုက်ပါ။ 

    ၂) အချိန်မရွေး၊ နေရာမရွေး။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများသည် အချိန်နှင့် နေရာ သတ်မှတ်ထားပြီး လုပ်ဆောင်ရခြင်းမျိုး မဟုတ်ပါ။ ကားပိတ်နေစဉ် ဝမ်းဗိုက်ကြွက်သား ညှစ်လေ့ကျင့်ခြင်း၊ ခါးနှင့် တင်ပါးရှိ ကြွက်သားများ ညှစ်ပြီး လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်ပါသည်။ (၅) စက္ကန့်ခန့် ကြွက်သားများ ညှစ်ထားပြီး ပြန်ဖြေလျော့ခြင်းကို အလွယ်တကူလုပ်ဆောင်နိုင်ပါသည်။ ဒီလေ့ကျင့်ခန်းက ကြွက်သားများကို သန်မာလာစေနိုင်ပါသည်။ ဖုန်းပြောရသည့်အခါတွင်လည်း ထိုင်ခုံပေါ် ထိုင်ပြီး ပြောမည့်အစား လမ်းလျှောက်ပြီး ပြောနိုင်ပါသည်။ တစ်ခြားအနေနှင့် လုပ်ဆောင်နိုင်သည်များမှာ ဓာတ်လှေကားအစား လှေကားကို ပိုမိုအသုံးပြုခြင်း၊ သစ်ပင်ပန်းမန် ပြုစုခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ မီးပူတိုက်ခြင်း၊ ပန်းပင်များ ရေလောင်းခြင်း နှင့် အိမ်အလုပ်များလုပ်ခြင်းတို့ပဲ ဖြစ်ပါသည်။ 

    ၃) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက် ဝတ်စုံအပြည့်၊ ကိရိယာအပြည့်ရှိမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ပစ္စည်းကိရိယာများ အထောက်အကူပစ္စည်းများ မလိုအပ်ဘဲ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အေရိုးဗစ်ကစားခြင်း၊ အပေါ့စားကိုယ်လက်လှုပ်ရှားမှုများကို အိမ်မှာတင် လုပ်ဆောင်နိုင်ပါသည်။ Gym, Yoga သင်တန်းများသွားမှ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်နိုင်သည်မဟုတ်ဘဲ ငွေကုန်ကျစရိတ်မရှိဘဲ ကိုယ်လက်လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ပါသည်။ 

    ၄) ကိုယ်လက်လှုပ်ရှားမှုများကို ပိုမိုပျော်ရွှင်စရာကောင်းအောင် သူငယ်ချင်းမိတ်ဆွေများနှင့် အတူတကွ လုပ်ဆောင်နိုင်ပါသည်။ နည်းစနစ်အသစ်များ၊ အကြံဉာဏ်အသစ်များ၊ ဆောင်ရန်ရှောင်ရန်များကို ဖလှယ်ရင်း ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ရန်အတွက် တွန်းအားများ ရရှိနိုင်ပါသည်။ ပန်းခြံများ၊ အိမ်အနီးအနားဝန်းကျင်များတွင် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် ကျန်းမာစေဖို့ မိသားစုအလိုက် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ပါသည်။ 

    ၅) လုပ်ဆောင်ရင်း သင်ယူရင်း။ ကိုယ်လက်လေ့ကျင့်ခန်းကို ဘယ်ကစလုပ်ဆောင်ရမှန်း မသိဖြစ်နေရင် လမ်းလျှောက်ခြင်းဖြင့် စတင်လိုက်ပါ။ နေ့စဉ်လမ်းလျှောက်နိုင်ပြီဆိုရင် ပြေးခြင်းကို ကြိုးစားကြည့်နိုင်ပါသည်။ အလေးမခြင်းကို စိတ်ဝင်စားပါက မိမိ မ နိုင်သော အလေးပေါ့ပေါ့ဖြင့် စတင်သင့်ပြီး တဖြည်းဖြည်းချင်း အလေးချိန် တိုးသွားပါ။ ခန္ဓာကိုယ်ကို အနားပေးဖို့ ခွန်အားပြန်ဖြည့်ဖို့ အနားယူဖို့ မမေ့ပါနှင့်။ 

    ၆) ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေပါစေ။ မိမိနှစ်သက်သော ကိုယ်လက်လှုပ်ရှားမှု၊ နေရာများမှာ လုပ်ဆောင်ရသောအခါ မှန်မှန်လုပ်ဆောင်နိုင်စေဖို့ အချက် (၁)ချက် ဖြစ်စေပါသည်။ လေ့ကျင့်ခန်းလုပ်သည့်အခါ စိတ်ပျော်ရွှင်စေမည့် ကိုယ်လက်လှုပ်ရှားမှုမျိုး၊ လုပ်ဆောင်ချက်များကို ထည့်သွင်းနိုင်ရန်အတွက် ကြိုးစားပါ။ ထပ်ဖန်တလဲလဲလုပ်ဆောင်ရသော ကိုယ်လက်လှုပ်ရှားမှုများ၊ ပျင်းရိဖွယ်ကောင်းသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပြီး နေ့စဉ်လူမှုဘဝမှာပါ အသုံးဝင်အကျိုးရှိနိုင်သော လေ့ကျင့်ခန်းများကို ပေါင်းစပ်လုပ်ဆောင်ပါ။ 

    ၇) နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်လုပ်ဆောင်ပါ။ ထမင်းစားခြင်း၊ အိပ်စက်အနားယူခြင်း၊ သွားတိုက်ခြင်း စသည့် နေ့စဉ်လုပ်ငန်းဆောင်တာများကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ပါ။ တစ်နေ့လုံး အချိန်မရွေး လုပ်နိုင်သော လေ့ကျင့်ခန်းများအဖြစ် လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း၊ လှေကားဆင်းခြင်း၊ သစ်ပင်စိုက်ပျိုးပြုစုခြင်း၊ စက်ဘီးစီးခြင်း၊ ပစ္စည်းများ သယ်ယူခြင်း စတာတွေကို နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှုအဖြစ် အလွယ်တကူ လုပ်ဆောင်နိုင်ပါသည်။ 

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    အစောပိုင်းကင်ဆာရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်းစင်တာ

    (+66) 2755 1188 (Cancer Hotline 8:00 AM - 8:00 PM)

    (+66) 2310 3000 (After 8:00 PM)

    1719 (Local Calls Only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    အသည်းကင်ဆာကို သွေးကြောသွင်း ဓာတုကုထုံးဖြင့် ကုသနိုင်ပါသည်။ Image
    AI
    အသည်းကင်ဆာကို သွေးကြောသွင်း ဓာတုကုထုံးဖြင့် ကုသနိုင်ပါသည်။
    ရင်သားကင်ဆာဖြစ်နိုင်ခြေကို စစ်ဆေးရန် BRCA မျိုးဗီဇစစ်ဆေးမှု Image
    AI
    ရင်သားကင်ဆာဖြစ်နိုင်ခြေကို စစ်ဆေးရန် BRCA မျိုးဗီဇစစ်ဆေးမှု
    ကင်ဆာကိုကြည့်ခြင်း- မျိုးရိုးဗီဇစမ်းသပ်ကိရိယာများဖြင့် ကင်ဆာအန္တရာယ် အကဲဖြတ်ခြင်း။ Image
    AI
    ကင်ဆာကိုကြည့်ခြင်း- မျိုးရိုးဗီဇစမ်းသပ်ကိရိယာများဖြင့် ကင်ဆာအန္တရာယ် အကဲဖြတ်ခြင်း။
    ကျန်းမာ