Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ဒူးခေါင်းနှင့်တင်ပါးအစားထိုးခြင်းကိုအထူးပြုသည့် အဆင့်မြင့်အရိုးအဆစ်စောင့်ရှောက်မှု - နာကျင်မှုနည်းပါးပြီး အမြန်ဆုံးပြန်လည်ကြံ့ခိုင်သန်မာပြီး (24) နာရီအတွင်းလမ်းလျှောက်နိုင်ပါသည်။

    3 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 03 ဇန် 2026
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    ဒူးခေါင်းနှင့်တင်ပါးအစားထိုးခြင်းကိုအထူးပြုသည့် အဆင့်မြင့်အရိုးအဆစ်စောင့်ရှောက်မှု - နာကျင်မှုနည်းပါးပြီး အမြန်ဆုံးပြန်လည်ကြံ့ခိုင်သန်မာပြီး (24) နာရီအတွင်းလမ်းလျှောက်နိုင်ပါသည်။
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 03 ဇန် 2026

    လူတစ်ဦး၏ နေ့စဉ်လုပ်ငန်းဆောင်တာများသည် တစ်ခါတစ်ရံ တင်ပါးနှင့် ဒူးနားတစ်ဝိုက်တွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်စေနိုင်သည်။ ဤအခြေအနေများသည် သက်ကြီးရွယ်အိုများတွင်သာမက အလုပ်လုပ်နေသာ လူငယ်အရွယ်များတွင်ပါ ဖြစ်ပွားနိုင်ပါသည်။

    “ထိုင်းနိုင်ငံတွင် ပထမဦးဆုံးသော အရိုးအထူးကုဌာနကို ဘန်ကောက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီး (Bangkok International Hospital, BIH) တွင် ၂၀၁၉ ခုနှစ်မှာ တည်ထောင်ထားပါသည်” ဟု BIH ၏ တင်ပါးဆုံရိုးနှင့် ဒူးစင်တာဒါရိုက်တာဖြစ်သည့် ဒေါက်တာ Wallob Samranvedhya က ပြောကြားခဲ့သည်။ “ခွဲစိတ်မှုမတိုင်မီ ကြိုတင်စီမံမှုအစီအစဉ်အတွက် ဒစ်ဂျစ်တယ်ပရိုဂရမ်, ခွဲစိတ်နေစဉ်အတွင်း ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်ရန်မလိုသော လမ်းကြောင်းပြစနစ်၊ နာကျင်မှုသက်သာစေသောနည်းပညာ (Pain Intervention Technique) နှင့် ERAS ပရိုဂရမ် (ခွဲစိတ်ပြီးနောက် လျင်မြန်စွာပြန်လည်ကောင်းမွန်လာမှုကို အလေးပေးထားသည့်အစီအစဉ်) ကို ဘက်စုံဆေးဘက်ဆိုင်ရာအဖွဲ့နှင့် Hybrid ခွဲစိတ်ခန်း တို့ဖြင့် ပေါင်းစပ်ထားသောကြောင့် လူနာများအား ဘေးကင်းလုံခြုံပြီး စိတ်ကျေနပ်ဖွယ်ရာရလဒ်များ, နာကျင်မှုသက်သာခြင်းနှင့် လျှင်မြန်စွာပြန်လည်ကောင်းမွန်ခြင်းများ ရရှိနိုင်မည်ကို အာမခံနိုင်ပါသည်။ ယခုအချိန်အထိ လူနာပေါင်း ၁,၀၀၀ ကျော်ကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။ ”

    တင်ပါးနှင့် ဒူးဆစ်ခွဲစိတ်အထူးကု ဒေါက်တာ Sombat Rojviroj ၏ ပြောကြားချက်အရ ဒူးအဆစ်အမြစ်ရောင်ရမ်းခြင်း၏ သတိပေးလက္ခဏာများမှာ ဒူးကိုက်ခဲခြင်း၊ ဒူးခေါင်းရောင်ခြင်း၊ လမ်းလျှောက်သည့်အခါ အသံမြည်ခြင်း၊ လှေကားအတက်အဆင်း လမ်းလျှောက်ရခက်ခဲခြင်းအပါအဝင် ဒူးကို အပြည့်အ၀ မဆန့်နိုင်ခြင်းတို့ဖြစ်ပါသည်။ အချို့သော အကြောင်းရင်းများမှာ သက်လတ်ပိုင်း သို့မဟုတ် အသက်ကြီးပိုင်း၊ အမျိုးသမီး၊ အဝလွန်ခြင်း၊ ဒူးများကို မကြာခဏဒဏ်ရာရမိစေခြင်း၊ ယခင်ဒူးဒဏ်ရာနှင့် မျိုးရိုးဗီဇဆိုင်ရာအချက်များဖြစ်ပါသည်။ ကျွန်ုပ်တို့၏စင်တာသည် လူနာ၏ဒူးကို အသုံးပြုပုံပြောင်းလဲခြင်း၊ ထိုးဆေးများအပါအဝင် ရောင်ရမ်းမှုသက်သာစေသောဆေးများသောက်သုံးခြင်းမှစပြီး ဒူးအဆစ်အမြစ်ရောင်ရောဂါကုသမှုကို ဆောင်ရွက်ပေးပါသည်။ အကယ်၍ ဤကြိုတင်ကာကွယ်မှုအစီအမံများသည် ထိရောက်မှုမရှိပါက ဒူးအစားထိုးခွဲစိတ်မှုမှာ ရွေးချယ်စရာတစ်ခုဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ဒူးအစားထိုးကုသမှုအစီအစဉ်ကို USA မှ JCI (Joint Commission International) မှ အသိအမှတ်ပြုထားပါသည်။ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများ ထိခိုက်ဒဏ်ရာရမှုကို လျှော့ချနိုင်ရန်အပြင် အစားထိုးပစ္စည်း၏ အရွယ်အစားနှင့် အနေအထားကို မှန်ကန်အောင် ညွှန်ပြခြင်းဖြင့် အစားထိုးပစ္စည်းကိုသက်တမ်းရှည်ကြာစွာသုံးစွဲနိုင်ရန်အတွက် အဆင့်မြင့်နည်းပညာ (ဒစ်ဂျစ်တယ်ပုံစံ/ခွဲစိတ်ရန်ကြိုတင်စစ်ဆေးမှုအစီအစဉ်) ကိုအသုံးပြုပြီး တိကျသောလုပ်ထုံးလုပ်နည်းကိုစီစဉ်ပေးပါသည်။ နာကျင်မှုကို အနည်းဆုံးဖြစ်စေရန် adductor canal ပိတ်ဆို့ခြင်း နှင့် ရေဒီယိုအသံလှိုင်းသုံး၍ အပူပေးကုသခြင်း (Radiofrequency Ablation RFA) (အခြားရွေးချယ်စရာတစ်ခုအနေဖြင့်) ကဲ့သို့သော နာကျင်မှုကုထုံးနည်းစနစ်များကို အသုံးပြုပါသည်။ လူနာများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်ပြီး ၂၄ နာရီအတွင်း လမ်းလျှောက်နိုင်မည်ဖြစ်ပါသည်။

    နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် BDMS သည် ဒူးအစားထိုးခြင်း (၁ ဖက်) ပက်ကေ့ဂျ်ကို အထူးစျေးနှုန်းအနေနဲ့ ဘတ်ငွေ ၂၅၀,၀၀၀ ဖြင့် 2022 ခုနှစ် ဇူလိုင်လ 31 ရက်နေ့အထိ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အသုံးပြုမှုသည် 2022 ခုနှစ် ဩဂုတ်လ 31 ရက်နေ့အထိဖြစ်သည်။ ပက်ကေ့ဂျ်တွင် Be Strong for Surgery အစီအစဉ် အခမဲ့ပါဝင်ပါသည် (နောက်တစ်ကြိမ် ဆေးခန်းလာပြမည့်အချိန်ရှိ ဆေးရုံဝန်ဆောင်မှုအတွက် ဘတ်ငွေ 5,000 အခမဲ့ လက်ဆောင်ဘောက်ချာ နှင့် ခွဲစိတ်ပြီးနောက် အစားအသောက် 2 စုံအတွက် ဘတ် 650 အခမဲ့ လက်ဆောင် ဘောက်ချာ)။

    ဒူးနာခြင်းအပြင် သက်ကြီးရွယ်အိုများသည် နာတာရှည်တင်ပါးဆုံရိုးနာကျင်မှုကြောင့် လှေကားအဆင်း လမ်းလျှောက်ခြင်းမှ လေ့ကျင့်ခန်းလုပ်ခြင်းအထိ နေ့စဉ်ဘဝထိခိုက်ခြင်းကို ခံစားရနိုင်သည်။ “အကယ်၍ အမျိုးမျိုးသော ကုသမှုများသည် နာကျင်မှုကို မပျောက်စေပါက တင်ပါးဆုံရိုးအစားထိုးခွဲစိတ်မှုသည် အကောင်းဆုံးကုသမှုဖြစ်ပါသည်။

    တင်ပါးဆုံရိုးအဆစ်အမြစ်ရောင်ရောဂါကုသမှုအတွက် ပေါင်အရှေ့တည့်တည့်မှခွဲစိတ်ခြင်း (Direct Anterior Approach, DAA) ကို Velys Hip Navigation method နှင့် ပေါင်းစပ်အသုံးပြုပြီး တင်ပါးဆုံးအရွယ်အစားရွေးချယ်ခြင်းနှင့် နေရာချထားခြင်းတိကျမှုကို တိုးတက်ကောင်းမွန်လာစေပါသည်” ဟု BIH’s တင်ပါးနှင့် ဒူးဆစ်ခွဲစိတ်ဌာနမှ အရိုးခွဲစိတ်အထူးကုဆရာဝန် Dr. Phonthakorn Panichkulမှ ရှင်းပြထားပါသည်။

    “DAA နည်းစနစ်သည် အနောက်ဘက်ကြွက်သားများအား ဖြတ်တောက်ခြင်းမပြုသောကြောင့် ခွဲစိတ်မှုအပြီးတွင် တင်ပါးဆုံရိုးနေရာလွဲချော်ခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပြီး လျှင်မြန်စွာသက်သာလာစေနိုင်ပါသည်။ အသေးငယ်ဆုံးခွဲစိတ်ရာဖြင့် ခွဲစိတ်ခြင်း (Minimally invasive surgery, MIS) Bikini Incision သည် အမာရွတ်ဖြစ်နိုင်ချေကို လျှော့ချပေးပါသည်။  တင်ပါးဆုံရိုးနှစ်ဘက်စလုံးကို တပြိုင်နက်တည်း အစားထိုးခွဲစိတ်နိုင်ပါသည်။”


    Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care Advanced Total Joint Care

     

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    တင်ပါးဆုံနှင့်ဒူးခေါင်းပိုင်းဆိုင်ရာအထူးကုစင်တာ

    ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ

    (+66) 2310 3731

    (+66) 2310 3732

    1719 (local mobile calls only)

    [email protected]

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များတင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ

    344,000 - 730,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    သတင်းနှင့် လှုပ်ရှားမှုများ

    အားလုံးကြည့်မည်

    သတင်းနှင့် လှုပ်ရှားမှုများ

    ခေတ်မီ ခွဲစိတ်မှု ဆန်းသစ်တီထွင်မှုများဖြင့် အရိုးအဆစ်ရောင်ခြင်းကို ကုသခြင်းဆိုင်ရာ တကယ့်သဘောတူညီချက် Image
    AI
    ခေတ်မီ ခွဲစိတ်မှု ဆန်းသစ်တီထွင်မှုများဖြင့် အရိုးအဆစ်ရောင်ခြင်းကို ကုသခြင်းဆိုင်ရာ တကယ့်သဘောတူညီချက်
    Bangkok International ဆေးရုံသည် ခွဲစိတ်စက်ရုပ်အသစ်ကို အသုံးပြု၍ ဒူးအစားထိုးခွဲစိတ်မှုပေါင်း ၁၈၀ ကျော်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ Image
    AI
    Bangkok International ဆေးရုံသည် ခွဲစိတ်စက်ရုပ်အသစ်ကို အသုံးပြု၍ ဒူးအစားထိုးခွဲစိတ်မှုပေါင်း ၁၈၀ ကျော်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
    အားလုံးကြည့်မည်