Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language & Currency

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်ရေးကိုယ်တာမူဝါဒ

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ကျောရိုးခွဲစိတ်ကုသမှု: ခွဲစိတ်ရာသေးငယ်ခြင်းနှင့် နာလန်ထချိန်မြန်ဆန်ခြင်း

    4 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 07 ม.ค. 2026
    အကြံပြု ပက်ကေ့ဂျ်များ
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    ကျောရိုးခွဲစိတ်ကုသမှု: ခွဲစိတ်ရာသေးငယ်ခြင်းနှင့် နာလန်ထချိန်မြန်ဆန်ခြင်း
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 07 ဇန် 2026

    ကျောရိုးခွဲစိတ်ကုသမှုလို့ ဆိုပါက လူအများစုက အသက်ကြီးတဲ့လူနာတွေမှာ အဓိကလုပ်ရတဲ့ ခွဲစိတ်မှုလို့ ထင်တတ်ကြပါတယ်။ အမှန်တွင် ကျောရိုးပြဿနာရှိသူများသည် အသက်ငယ်ရွယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အရွယ်မရွေးဖြစ်ပွားနိုင်ပြီး မွေးရာပါချို့ယွင်းချက်များ၊ စွန့်စားရသောလှုပ်ရှားမှုများ၊ အားကစားလုပ်ခြင်းမှရလာသောထိခိုက်ဒဏ်ရာများ၊ မတော်တဆမှုများ၊ ကျောရိုးနှင့်အာရုံကြောစနစ်ရှိအကျိတ် များ၊ အရိုးပျက်စီးစေသောရောဂါများကြောင့် ခွဲစိတ်ကုသမှု (Minimally Invasive Surgery – MIS) ကိုခံယူရနိုင်ပါတယ်။


    ကျောရိုးခွဲစိတ်ကုသမှု

    အဓိကကုသမှုအစီအစဉ်တွင် ဆေးဝါးသောက်သုံးခြင်း၊ ကိုယ်ကာယပိုင်းဆိုင်ရာကုထုံး၊ သို့မဟုတ်အခြားသော ကုသမှုများ ပါဝင်ပါသည်။ ခွဲစိတ်ကုသမှုကို လိုအပ်သောအခြေအနေတွေမှာသာ အဓိကထားလုပ်လေ့ရှိပြီး အာရုံကြောများပေါ်ကဖိအားများကိုလျှော့ချပြီး ကျောရိုးနာကျင်မှုကိုသက်သာစေရန် သို့မဟုတ် MIS နည်းလမ်းဖြင့် ချိတ်ဆက်မှုများကို တည်ငြိမ်စေဖို့ ရည်ရွယ်ပါသည်။ အဆိုပါနည်းလမ်းကို အသုံးပြုခြင်းဖြင့် ကြွက်သားပျက်စီးမှုကို လျှော့ချပေးပြီး လူနာကို ခွဲစိတ်ပြီးနောက်အမြန်ဆုံး သက်သာလာစေပါသည်။

    MIS သည်ခေတ်မီခွဲစိတ်နည်းပညာတစ်ခုဖြစ်ပြီး ခွဲစိတ်မှုနေရာကိုမြင်နိုင်ရန်အတွက် မှန်ပြောင်းနှင့် ကင်မရာကို အသေးစားခွဲစိတ်မှုလမ်းကြောင်းကနေ ထည့်သွင်းအသုံးပြုပါသည်။ ယခုနည်းလမ်းသည် ကြီးမားသော ခွဲစိတ်မှုမျိုးမလိုအပ်ဘဲ ကျောရိုးကိုရှေ့ဘက် သို့မဟုတ် ဘေးဘက်မှ ကွန်ပြူတာဖြင့်ကူညီပေးသော လမ်းညွှန်မှုနဲ့အတူ လုပ်ဆောင်နိုင်ပါသည်။

    MIS သည် သွေးထွက်လွန်မှုကို လျှော့ချပေးပြီး ပိုးဝင်နှုန်းကိုလည်း လျှော့ချပေးသောကြောင့် လူနာများသည် နာလန်ထချိန်မြန်ဆန်ပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေကို အမြန်ဆုံးပြန်လည်လုပ်ဆောင်နိုင်ပါသည်။ ယခုနည်းလမ်းသည် ကျောရိုးတည်ဆောက်ပုံကိုမပျက်စီးစေဘဲ ကျောရိုးလှုပ်ရှားမှုကို မူလအတိုင်း ထိန်းသိမ်းပေးပါသည်။ ယခုနည်းလမ်းသည် ယခင်ခွဲစိတ်ကုသမှုနည်းလမ်း

     

    ကျောရိုးပြဿနာများ

    အဖြစ်များသော ကျောရိုးပြဿနာများမှတစ်ခုသည် အသက်အရွယ်မရွေး ဖြစ်နိုင်သော ကျောရိုးဆစ်ချပ်ပြားကျွံခြင်း (herniated disc) ဖြစ်ပါသည်။ ဥပမာ ယခင်က မွေးရာပါကျောရိုး တည်ဆောက်ပုံချို့ယွင်းချက်များအတွက် ကွေးနေသောကျောရိုးကို ပြန်လည်ဖြောင့်မတ်စေရန် သတ္တုချောင်းများထည့်သွင်းသော ခွဲစိတ်မှုကြီးမျိုး ပြုလုပ်ရပါသည်။ ယခုအခါ MIS နည်းလမ်းကို ယခုကဲ့သို့ဝေဒနာခံစားနေရသော လူနာများတွင်သာမက မတော်တဆမှုကြောင့်ကျောရိုးဖိမိခြင်း၊ အရိုးကျိုးခြင်း၊ သို့မဟုတ် နာတာရှည်နာကျင်မှုနဲ့ အားနည်းမှုများဖြစ်စေနိုင်သော ကျောရိုးအဆစ်လွဲခြင်းများအတွက်ပါ လုပ်ဆောင်နိုင်ပါတယ်။

    ကျောရိုးခွဲစိတ်ကုသမှု လိုအပ်သောလူငယ်လူနာအများစုသည် ယာဥ်တိုက်မှုကြောင့်သော်လည်းကောင်း၊ အရိုးကျိုးခြင်း၊ အားကစားပြုလုပ်နေစဥ်ထိခိုက်ဒဏ်ရာရခြင်း၊ မော်တော်ဆိုင်ကယ် သို့မဟုတ် စက်ဘီးစီးစဥ်မတော်တဆမှုများကြောင့်သော်လည်းကောင်း၊ ဘောလုံး၊ ဘတ်စကစ်ဘော၊ မြင်းစီးခြင်း၊ နှင်းလျှောစီးခြင်း၊ ဘန်ဂျီခုန်ခြင်း၊ သို့မဟုတ် အရှိန်ပြင်းသောလှေစီးခြင်းများကြောင့် ကျောရိုးကို ဖိမိစေနိုင်ပါတယ်။ ယခုကဲ့သို့လှုပ်ရှားမှုများသည် လူငယ်များတွင်ပင် ကျောရိုးကိုထိခိုက်နာကျင်မှုများကို ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသောလူနာများတွင် အသက်ကြီးလာသည်နှင့်အမျှ ကျောရိုးပျက်စီးလာသော ပြဿနာများကို ကြုံရလာတတ်ပါသည်။

    ကျောရိုးအာရုံကြောအကျိတ်

    ကျောရိုးအာရုံကြောအကျိတ်သည် လူနာအများစုကို မထိခိုက်ပေမယ့် ခွဲစိတ်ကုသမှုကို ခံယူရန်လိုအပ်ပါသည်။ အဆိုပါအကျိတ်နှစ်မျိုးရှိပါသည်။ ကင်ဆာမဟုတ်သောအကျိတ် (benign) နဲ့ ကင်ဆာအကျိတ် (malignant) တို့ဖြစ်ပါသည်။ အကယ်၍ ကင်ဆာဖြစ်စေနိုင်သောအကျိတ်မဟုတ်ပါက ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ကီမိုဆေးသွင်းကုသမှုများကို မလိုအပ်ပါ။ ကင်ဆာအကျိတ်ရှိတဲ့လူနာများအတွက် ကင်ဆာရောဂါဖြစ်ပွားနေမှု အဆင့်ပေါ်မူတည်ပြီး ကုသမှုပေးပါသည်။ အစောပိုင်းအဆင့်များတွင်သိရှိပါက ခွဲစိတ်ကုသမှုကို လုပ်ဆောင်နိုင် ပါသည်။ သို့သော် ကင်ဆာအကျိတ်များသည် မူလကျောရိုးရှိအာရုံကြောအကျိတ်မှ မဟုတ်ဘဲ အခြားနေရာများမှ တစ်ဆင့် ပျံ့နှံ့လာသောကင်ဆာအကျိတ်များကြောင့် အဖြစ်များပါသည်။ ထို့ကြောင့် အဆိုပါအခြေအနေများတွင် ခွဲစိတ်ကုသမှု၏အဓိကရည်ရွယ်ချက်သည် လူနာ၏’ဘဝအရည်အသွေးကို မြှင့်တင်ပေးရန်အတွက်ဖြစ်ပြီး နာကျင်မှုကိုလျှော့ချပေးခြင်း၊ လှုပ်ရှားမှုပိုကောင်းစေခြင်း၊ အားအင်ပြန်ပြည့်လာစေခြင်း၊ ဆီးမထိန်းနိုင်သော ပြဿနာများကို ကူညီဖြေရှင်းပေးခြင်းတို့ ဖြစ်ပါသည်။

    အဆိုပါအခြေအနေများတွင် ခွဲစိတ်ကုသမှုသည်ရောဂါ၏အခြေအနေကိုသိရှိပြီး နောက်ထပ်ကုသမှုအစီအစဉ်များ ကိုချမှတ်နိုင်ရန်အတွက် အဓိကရွေးချယ်မှုဖြစ်ပါသည်။ ခွဲစိတ်ပြီး ဖယ်ရှားလိုက်သောတစ်သျှူးများကို ရောဂါဗေဒနည်းလမ်းဖြင့် ရောဂါရှာဖွေစစ်ဆေးမှုပြုလုပ်နိုင်ပါသည်။

    ခွဲစိတ်ကုသမှုလုပ်ဆောင်ရမည့် အခြေအနေများတွင် အာရုံကြောဖိအားများကိုလျှော့ချရန်နှင့် ကျောရိုးပုံပျက်ခြင်း ကို ပြန်လည်ကုသရန်၊ ကွေးနေသောကျောရိုးကို တစ်ဖန်ပြန်လည်ဖြောင့်စေရန်နှင့် အကျိတ်များကိုဖယ်ရှားရန်၊ ဆေးဝါးများဖြင့်ကုသရန်မလုံလောက်သော ပိုးဝင်ခြင်းများကို ကုသရန်အတွက် ဖြစ်ပါသည်။ ဥပမာ -ကျောရိုးချဥ်ဆီရည်ကိုယူ၍ပိုးမွေးရန်လိုအပ်သောအခြေအနေများတွင် ခွဲစိတ်ကုသမှုကိုလုပ်ဆောင်ရပါသည်။

    ဆရာဝန်ပြသင့်သောလက္ခဏာများ

    • လည်ပင်းမှပုခုံး သို့မဟုတ် လက်၊ တင်ပါးမှတစ်ဆင့် ခြေထောက်ထိ နာကျင်မှုပျံ့နှံသွားခြင်း
    • လက်၊ လက်မောင်း၊ ပုခုံး၊ ခြေထောက်၊ ဒူး၊ သို့မဟုတ် ခြေကျင်းဝတ်တွင် ကြွက်သားအားနည်းခြင်း
    • ကိုယ်အလေးချိန်ကျခြင်း၊ ဖျားခြင်း
    • ချောင်းဆိုးစဥ်သွေးပါခြင်း၊ ကျောနာခြင်း၊ ကျောရိုးဖိအားကြောင့်ဝမ်းမမှန်ခြင်း၊ သို့မဟုတ် ကျောနာခြင်းနဲ့အတူ ဝမ်းဗိုက်တွင်အဖုအကျိတ်များဖြစ်ခြင်း

    MIS ကျောရိုးခွဲစိတ်ကုသမှု

    MIS ကျောရိုးခွဲစိတ်ကုသမှုကို ခွဲစိတ်ကုသမှုလိုအပ်သော မည်သည့်အခြေအနေမှာမဆို လုပ်ဆောင်နိုင်ပါသည်။ ခွဲစိတ်မှုကြာချိန်သည် ပုံမှန်သမားရိုးကျခွဲစိတ်မှုနှင့် အတူတူပင်ဖြစ်ပါသည်။ သို့သော် MIS ခွဲစိတ်ကုသမှုနည်းလမ်း သည် ပုံမှန်ခွဲစိတ်မှုထက် အနာကျက်ချိန်ပိုမြန်ပါသည်။ သို့သော် ကြွက်သားအားနည်းသောအခြေအနေများတွင် ခွဲစိတ်ကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် လိုအပ်ပါသည်။ သို့တွင်မှ လူနာသည် နာလန်ထချိန်မြန်ဆန် စေမှာဖြစ်ပါသည်။ တစ်ဖက်တွင်လည်း လူနာသည်ကုသမှုအချိန်ကြာမြင့်ပါက ကြွက်သားများ ပိုပြီးအားနည်းလာ နိုင်ပါသည်။ ထိုကဲ့သို့သောအခြေအနေများတွင်မှာ နေပြန်ကောင်းရန်အချိန်ပိုကြာနိုင်ပါသည်။ ကြွက်သားများ ပြန်လည်သန်စွမ်းစေရန်အတွက်လည်း ကိုယ်ကာယကုသမှုများ လိုအပ်ပါသည်။ ထို့ကြောင့် ပြန်လည်သန်စွမ်း ကျန်းမာစေရန်အတွက်အချိန်သည် ခွဲစိတ်မှုမပြုလုပ်ခင် ရောဂါမည်မျှကြာရှည်စွာရှိနေခဲ့ခြင်းအပေါ် မူတည် ပါသည်။ ထို့ကြောင့် ကြွက်သားအားနည်းသောလက္ခဏာများကို ခံစားရပြီဆိုပါက ဆရာဝန်နှင့် အမြန်ဆုံးပြသင့်ပါ သည်။ 

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကျောရိုးအထူးကုစင်တာ

    ဒုတိယထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    တနင်္လာ - သောကြာ နံနက် ၈:၀၀ - ညနေ ၇:၀၀။ (ညနေ ၅:၀၀ မှ ၇:၀၀ နာရီအတွင်း အရိုးအကြောစင်တာနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုများကို ပေးပါသည်။)
    စနေ - တနင်္ဂနွေ နံနက် ၈:၀၀ - ညနေ ၅:၀၀။

    (+66) 2755 1549

    1719 (local mobile calls only)

    [email protected]

    Save time finding a doctor

    Let AI check your symptoms and find a proper doctor for you

    AI ဆရာဝန်ရှာဖွေရေး

    အထူးကုဆရာဝန်နှင့် တိုင်ပင်ပါ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ

    42,000 - 621,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    ကျောရိုးအတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း Image
    AI
    ကျောရိုးအတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း
    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။ Image
    AI
    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။
    ကျောရိုး ခွဲစိတ်ကုသမှုမှာ ဘယ်နှမျိုး ရှိသလဲ၊ အန္တရာယ်ရှိသလား၊ ဘယ်သူတွေက ခွဲစိတ်ကုသသင့်သလဲ Image
    AI
    ကျောရိုး ခွဲစိတ်ကုသမှုမှာ ဘယ်နှမျိုး ရှိသလဲ၊ အန္တရာယ်ရှိသလား၊ ဘယ်သူတွေက ခွဲစိတ်ကုသသင့်သလဲ
    ကျန်းမာ